Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူများ၏ ဆိုလာစနစ်မှ ပိုလျှံဓာတ်အားများဝယ်ယူလိုကြောင်း ကြေညာပြီးနောက်တွင် လျှပ်စစ်ဓာတ်အားရောင်းချလိုသည့် ကုမ္ပဏီများရှိလာ

ယွန်း (NP News) - မေ ၂

ပြည်သူများ၏ အသေးစားဆိုလာစနစ်မှ ပိုလျှံဓာတ်အားများကို ဝယ်ယူလိုကြောင်း ကြေညာပြီးနောက်ပိုင်းတွင်း လျှပ်စစ်ဓာတ်အား ရောင်းချလိုသည့် ကုမ္ပဏီများ ရှိလာခဲ့ကြောင်း သိရသည်။

ပြည်သူများ တစ်နိုင်တစ်ပိုင်တပ်ဆင်ထားသည့် အသေးစားဆိုလာစနစ်မှ ပိုလျှံသောဓာတ် အားများကို ဝယ်ယူလိုကြောင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီးသည့်နောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီအချို့မှ ၎င်းတို့၏ ပိုလျှံသောဓာတ်အားများကို ရောင်းချလိုမှုများ ရှိလာခဲ့ကြောင်း သိရသည်။

“ရန်ကုန်က ကုမ္ပဏီတစ်ခုရယ်၊ နေပြည်တော်က ဟိုတယ်တစ်ခုရယ်က ရောင်းချဖို့ဆက်သွယ်လာပါတယ်။ ရောင်းမှာကတော့ (၁)မဂ္ဂါဝပ် ပတ်ခြာလည်လောက်ပဲရှိမယ် ထင်တယ်။ အသေးစားဆိုတော့ တစ်နိုင်တစ်ပိုင်ပဲလေ။ သူတပ်ဆင်ထားတာကို ရောင်းမှာမဟုတ်ဘူး အလုပ်ပိတ်ရက်၊ စက်ရုံပိတ်ရက်တွေမှာပဲ ရောင်းမှာဆိုတော့ ပုံသေတော့ရှိမှာမဟုတ်ဘူးပေါ့။ ရောင်းဖို့တွေကတော့ရှိတယ်။ ရောင်းလိုတဲ့သူတွေက ရန်ကုန်တို့၊ နေပြည်တော်တို့မှာရှိကြပါတယ်။ ဘယ်နှစ်ခုဆိုတာတော့ ပြောဖို့ခက်တယ်” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် အဆိုပါ ရောင်းချလာသည့် လျှပ်စစ်ဓာတ်အားများကို ဝယ်ယူနိုင်ရန် ညှိနှိုင်းတိုင်ပင်မှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ်လျှင် စုစုပေါင်း အိမ်‌ခြေ(၃၅ဝဝ)ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီး ပြီးခဲ့သည့် (၂ဝ၂၂)ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းသည် (၃၇၈)ကီလိုဝပ်ခန့်ရှိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆက်လက်ပြောဆိုထားသည်။

သို့သော် လက်တလောတွင် နိုင်ငံတွင်း၌ ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ဓာတ်အားကို ထိန်းညှိ၍ ‌ဖြန့်ဖြူးပေးနေရကြောင်း သိရသည်။

ထိုသို့ ဓာတ်အားမလုံလောက်ခြင်းကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အလှည့်ကျမီးပေးသည့်စနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေနေပြီး ရန်ကုန်မြို့တွင် အုပ်စု(A)နှင့် အုပ်စု(B) နှစ်ခုခွဲ၍ အလှည့်ကျ‌မီးပေးနေမှုကို ကြုံတွေ့နေရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ရန်ကုန်မြို့အပါအဝင် အခြားသောပြည်နယ်နှင့် တိုင်းတို့တွင်လည်း ကြုံတွေ့နေရပြီး စီးပွားရေးလုပ်ငန်း၊ ရုံးလုပ်ငန်းများ အပါအဝင် ပြည်သူလူထု၌ အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိနေသည်။

လျှပ်စစ်ဓာတ်အားကို ယခင်က တစ်နိုင်ငံလုံးတွင် (၃ဝဝဝ)မဂ္ဂါဝပ်ခန့် ဖြန့်ဖြူးပေးနေရာမှ လက်ရှိတွင် ရာသီဥတုပူပြင်းလာခြင်းကြောင့် ရေအားလျှပ်စစ်မှ ရေများခန်းခြောက်ခြင်းနှင့် လျှပ်စစ်ဓာတ်အားပေးရုံအချို့ ဖောက်ခွဲဖျက်စီးခံရမှုတို့ကြောင့် မဂ္ဂါဝပ်(၁၅ဝဝ)ခန့်ကိုသာ သုံးစွဲဖြန့်ဖြူးပေးနေရကြောင်း သိရသည်။

zawgyi version

ျပည္သူမ်ား၏ ဆိုလာစနစ္မွ ပိုလွ်ံဓာတ္အားမ်ားဝယ္ယူလိုေၾကာင္း ေၾကညာၿပီးေနာက္တြင္ လွ်ပ္စစ္ဓာတ္အားေရာင္းခ်လိုသည့္ ကုမၸဏီမ်ားရွိလာ

ယြန္း (NP News) - ေမ ၂

ျပည္သူမ်ား၏ အေသးစားဆိုလာစနစ္မွ ပိုလွ်ံဓာတ္အားမ်ားကို ဝယ္ယူလိုေၾကာင္း ေၾကညာၿပီးေနာက္ပိုင္းတြင္း လွ်ပ္စစ္ဓာတ္အား ေရာင္းခ်လိုသည့္ ကုမၸဏီမ်ား ရွိလာခဲ့ေၾကာင္း သိရသည္။

ျပည္သူမ်ား တစ္ႏိုင္တစ္ပိုင္တပ္ဆင္ထားသည့္ အေသးစားဆိုလာစနစ္မွ ပိုလွ်ံေသာဓာတ္ အားမ်ားကို ဝယ္ယူလိုေၾကာင္းကို ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္က ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ထားခဲ့သည္။

အဆိုပါ ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ၿပီးသည့္ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံရွိ ကုမၸဏီအခ်ိဳ႕မွ ၎တို႔၏ ပိုလွ်ံေသာဓာတ္အားမ်ားကို ေရာင္းခ်လိုမႈမ်ား ရွိလာခဲ့ေၾကာင္း သိရသည္။

“ရန္ကုန္က ကုမၸဏီတစ္ခုရယ္၊ ေနျပည္ေတာ္က ဟိုတယ္တစ္ခုရယ္က ေရာင္းခ်ဖို႔ဆက္သြယ္လာပါတယ္။ ေရာင္းမွာကေတာ့ (၁)မဂၢါဝပ္ ပတ္ျခာလည္ေလာက္ပဲရွိမယ္ ထင္တယ္။ အေသးစားဆိုေတာ့ တစ္ႏိုင္တစ္ပိုင္ပဲေလ။ သူတပ္ဆင္ထားတာကို ေရာင္းမွာမဟုတ္ဘူး အလုပ္ပိတ္ရက္၊ စက္႐ုံပိတ္ရက္ေတြမွာပဲ ေရာင္းမွာဆိုေတာ့ ပုံေသေတာ့ရွိမွာမဟုတ္ဘူးေပါ့။ ေရာင္းဖို႔ေတြကေတာ့ရွိတယ္။ ေရာင္းလိုတဲ့သူေတြက ရန္ကုန္တို႔၊ ေနျပည္ေတာ္တို႔မွာရွိၾကပါတယ္။ ဘယ္ႏွစ္ခုဆိုတာေတာ့ ေျပာဖို႔ခက္တယ္” ဟု လွ်ပ္စစ္ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ အဆိုပါ ေရာင္းခ်လာသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို ဝယ္ယူႏိုင္ရန္ ညႇိႏႈိင္းတိုင္ပင္မႈမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အား (၁)မဂၢါဝပ္လွ်င္ စုစုေပါင္း အိမ္‌ေျခ(၃၅ဝဝ)ခန႔္ကို လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ၿပီး ၿပီးခဲ့သည့္ (၂ဝ၂၂)ခုႏွစ္တြင္ တစ္ဦးခ်င္းပ်မ္းမွ် လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈႏႈန္းသည္ (၃၇၈)ကီလိုဝပ္ခန႔္ရွိခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆက္လက္ေျပာဆိုထားသည္။

သို႔ေသာ္ လက္တေလာတြင္ ႏိုင္ငံတြင္း၌ ဓာတ္အားထုတ္လုပ္မႈႏွင့္ သုံးစြဲမႈမမွ်တျခင္းေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ဓာတ္အားကို ထိန္းညႇိ၍ ‌ျဖန႔္ျဖဴးေပးေနရေၾကာင္း သိရသည္။

ထိုသို႔ ဓာတ္အားမလုံေလာက္ျခင္းေၾကာင့္ ႏိုင္ငံတစ္ဝန္းလုံးတြင္ အလွည့္က်မီးေပးသည့္စနစ္ျဖင့္ လွ်ပ္စစ္မီးျဖန႔္ျဖဴးေပေနၿပီး ရန္ကုန္ၿမိဳ႕တြင္ အုပ္စု(A)ႏွင့္ အုပ္စု(B) ႏွစ္ခုခြဲ၍ အလွည့္က်‌မီးေပးေနမႈကို ႀကဳံေတြ႕ေနရသည္။

အဆိုပါ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈကို ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားေသာျပည္နယ္ႏွင့္ တိုင္းတို႔တြင္လည္း ႀကဳံေတြ႕ေနရၿပီး စီးပြားေရးလုပ္ငန္း၊ ႐ုံးလုပ္ငန္းမ်ား အပါအဝင္ ျပည္သူလူထု၌ အခက္အခဲမ်ားစြာျဖစ္ေပၚလ်က္ရွိေနသည္။

လွ်ပ္စစ္ဓာတ္အားကို ယခင္က တစ္ႏိုင္ငံလုံးတြင္ (၃ဝဝဝ)မဂၢါဝပ္ခန႔္ ျဖန႔္ျဖဴးေပးေနရာမွ လက္ရွိတြင္ ရာသီဥတုပူျပင္းလာျခင္းေၾကာင့္ ေရအားလွ်ပ္စစ္မွ ေရမ်ားခန္းေျခာက္ျခင္းႏွင့္ လွ်ပ္စစ္ဓာတ္အားေပး႐ုံအခ်ိဳ႕ ေဖာက္ခြဲဖ်က္စီးခံရမႈတို႔ေၾကာင့္ မဂၢါဝပ္(၁၅ဝဝ)ခန႔္ကိုသာ သုံးစြဲျဖန႔္ျဖဴးေပးေနရေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန် - မန္တလေးကားလမ်းပေါ်တွင် တွဲကားနှစ်စီးတိုက်မိ၍ ယာဉ်မောင်းတစ်ဦးထိခိုက် ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved