Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရပ်ကွက်ပဋ္ဌာန်းတရားပွဲ၌ လမ်းရှင်းပေးနေသည့် ရာအိမ်မှူးအားသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု လှိုင်သာယာမြို့နယ်၌ဖြစ်ပွား

NP News - မေ ၂

ရပ်ကွက်ပဋ္ဌာန်းတရားပွဲ၌ လမ်းရှင်းပေးနေသည့် ရာအိမ်မှူးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန့်နေ(မေလ ၁ ရက်)၊ ည ၈ နာရီအချိန်ခန့်တွင် လှိုင်သာယာအရှေ့ပိုင်းမြို့ နယ်၊ (၃)ရပ်ကွက်၊ နတ်သျှင်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်စဉ်အား သိရှိသော သတင်းအရင်းအမြစ်က NP News ကိုပြောသည်။

(၃)ရပ်ကွက်၊ ရာအိမ်မှူးများဖြစ်သူ ဦးသက်ပိုင်နှင့် ဦးအောင်ကြီးတို့ (၂)ဦးသည် ဗိုလ်ချုပ်လမ်း၌ ပြုလုပ်နေသည့် ရပ်ကွက်ပဋ္ဌာန်းပွဲအတွက် လမ်းရှင်းလင်းရေးအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေစဉ်အချိန် ရာအိမ်မှူးဖြစ်သူ ဦးသက်ပိုင်သည် လမ်းထောင့်သို့ သွား ရောက်ကာ အပေ့ါသွားစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ ပစ်ခတ်ခံရခြင်းကြောင့် ဦးသက်ပိုင်၏ လည်ပင်းနှင့်ပခုံးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ လာရောက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပစ်ခတ်သတ်ဖြတ်သူများကို ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version


NP News - မေ ၂




ထိုသို့ဆောင်ရွက်နေစဉ်အချိန် ရာအိမ်မှူးဖြစ်သူ ဦးသက်ပိုင်သည် လမ်းထောင့်သို့ သွား ရောက်ကာ အပေါ့သွားစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူများ၏ ဆိုလာစနစ်မှ ပိုလျှံဓာတ်အားများဝယ်ယူလိုကြောင်း ကြေညာပြီးနောက်တွင် လျှပ်စစ်ဓာတ်အားရောင်းချလိုသည့် ကုမ္ပဏီများရှိလာ

RELATED POSTS
RECENT POSTS
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved