Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချပ်သင်းစခန်းအား PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် အိမ်ခြေနှင့် အဆောက်အဦးပေါင်း (၁ဝဝ)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

NP News - မေ ၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာရှိ ရဲစခန်းအား PDF ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် အိမ်ခြေနှင့်အဆောက်အဦးပေါင်း (၁ဝဝ)ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။

ဒေသခံ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော ဧပြီလ ၂၄ ရက်၊ ည ၈ နာရီခွဲအချိန်ခန့်တွင် ချပ်သင်းကျေးရွာအတွင်းသို့ လူအင်အားအများအပြားဖြင့် ဝင်ရောက်လာပြီးနောက် ရွာအစွန်ရှိ ရဲစခန်းအား အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ဝင်လာပြီးတော့ ချပ်သင်းရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာထဲကနေ လှမ်းပစ်တာပေါ့။ ပစ်ပြီးတော့ စခန်းကို သိမ်းနိုင်ခြင်းတော့ မရှိဘူး။ စခန်းကို အဝေးကနေပဲ လှမ်းပစ်တာပေါ့။ စခန်းထဲမှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့စစ်သားတွေကလည်း စခန်းထဲကပဲ PDF တွေရှိတဲ့နေရာကို ခန့်မှန်းပြီးတော့ အနည်းအကျဉ်းပြန်ပစ်တာလောက်ပဲရှိတယ်။ သူတို့လည်း ထွက်မပစ်ဘူး” ဟု အမည်မဖော်လိုသည့် ချပ်သင်းရွာသားတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်မှုများ နှစ်ဖက်အကြား ရပ်စဲသွားပြီးနောက် ည ၁၁ နာရီအချိန်ခန့်တွင် PDF ပူးပေါင်းအဖွဲ့က ချပ်သင်းရွာ အောင်မင်္ဂလာရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ နေအိမ်နှင့်အဆောက်အဦးပေါင်း (၁ဝဝ)ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံရွာသားများက ပြောဆိုသည်။

“နောက်ပိုင်းကျတော့ သူတို့ ဘာမှလုပ်မရတဲ့အဆုံး ရွာထဲမှာပဲ သေနတ်တွေနဲ့ တောင်ပစ်၊ မြောက်ပစ်လုပ်ပြီး ရွာရဲ့ အဓိက လမ်းနှုတ်ခမ်းမှာရှိတဲ့ အိမ်တွေကို ည ၁၁ နာရီလောက်မှာ မီးတွေ ရှို့သွားကြတယ်။ ရွာထဲကလူတွေကတော့ ပြောသံတွေကို ကြားနေရတာပေါ့။ ဘယ်အိမ်တွေကို ရှို့ဆိုပြီးတော့ပေါ့။ နောက်ပိုင်းကြတော့ အဲဒီလို မဟုတ်တော့ဘူး။ စီတန်းပြီးတော့ ကားလမ်းမကြီးနှုတ်ခမ်းမှာရှိတဲ့ အိမ်တွေကို ရှို့သွားလိုက်တာ။ ရှို့ပြီးတော့ ၂ နာရီဝန်းကျင်လောက်တော့ သူတို့ ထွက်သွားကြတယ်” ဟု ရွာသားတစ်ဦးက ဆက်လက်ပြောဆိုထားသည်။

ထိုသို့ မီးရှို့ခံရမှုကြောင့် အိမ်ခြေပေါင်း (၆၂)လုံး၊ ဂိုဒေါင်(၇)ခုနှင့် ဈေးဆိုင်ခန်းပေါင်း (၃ဝ) ကျော်မှာလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ချပ်သင်းကျေးရွာသည် ရပ်ကွက်ပေါင်း(၄)ခုဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေပေါင်း (၁၃ဝဝ) ကျော်ရှိကာ ရွာသူ၊ ရွာသားများအနေဖြင့် အေးချမ်းစွာနေထိုင်လေ့ရှိကြောင်း သိရသည်။

“စစ်တပ်ကသာ မီးရှို့တယ်ဆိုရင် ဒီအချိန်မှာ ကျွန်တော်တို့ ချပ်သင်းရဲ့ သတင်းဟာ ပလူပျံနေအောင် ပွတ်လောရိုက်နေလောက်ပြီ။ နောက်ပြီးတော့ ချပ်သင်းသားတွေ လိုင်းပေါ်မှာပဲ ခံစားရတဲ့ဟာလေးတွေ ရင်ဖွင့်ကြတယ်ဗျာ။ ရွာတော့ မီးပါသွားပြီ။ ဘယ်သူ့အိမ်တွေ ဘယ်လိုလောင်သွားတယ်ဆိုတာ ဒီလိုပဲ ကြေကွဲနေရတယ် ကျွန်တော်တို့မှာက။ ဘယ်သူ တွေ ရှို့တာပါဆိုတဲ့အကြောင်းကို ကျွန်တော်တို့ မတင်ရဲဘူးဗျာ” ဟု ချပ်သင်းရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မီးရှို့ခံရသည့် နေအိမ်များရှိ ရွာသူ၊ ရွာသားများအနေဖြင့် နီးစပ်ရာ ဘုန်ကြီးကျောင်းများ၌ တည်းခိုနေထိုင်ရလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း PDF ပူးပေါင်းအဖွဲ့က ချပ်သင်းကျေးရွာအတွင်းရှိ ရွာသူ၊ ရွာသားများအား ရွာအတွင်းမှ ထွက်ခွာသွားရန် ခြိမ်းခြောက်အသိပေးစာ ကပ်မှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ချပ်သင်းရွာ၌ ယခုကဲ့သို့ အိမ်ခြေနှင့်အဆောက်အဦးပေါင်း (၁ဝဝ)ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်းတွင်လည်း PDF ပူးပေါင်းအဖွဲ့က ဆက်လက်ခြိမ်းခြောက်နေမှုများရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ချပ်သင်းကျေးရွာ၊ သာစည်ရပ်ကွက်၌ ပြီးခဲ့သော ၂ဝ၂၁ ခုနှစ်အတွင်း ရဲစခန်းဖွင့်လှစ်ကာ လုံခြုံရေးဆောင်ရွက်ပေးနေသော်လည်း ချပ်သင်းရွာသူ၊ ရွာသားများအပေါ် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှုမရှိကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

zawgyi version

ခ်ပ္သင္းစခန္းအား PDF ပူးေပါင္းအဖြဲ႕မွ လာေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ အိမ္ေျခႏွင့္ အေဆာက္အဦးေပါင္း (၁ဝဝ)ေက်ာ္ကို မီးရႈိ႕ဖ်က္ဆီးခဲ့

NP News - ေမ ၁

စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ခ်ပ္သင္း႐ြာရွိ ရဲစခန္းအား PDF ပူးေပါင္းအဖြဲ႕မွ လာေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ အိမ္ေျခႏွင့္အေဆာက္အဦးေပါင္း (၁ဝဝ)ေက်ာ္ကို မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။

ေဒသခံ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ဧၿပီလ ၂၄ ရက္၊ ည ၈ နာရီခြဲအခ်ိန္ခန႔္တြင္ ခ်ပ္သင္းေက်း႐ြာအတြင္းသို႔ လူအင္အားအမ်ားအျပားျဖင့္ ဝင္ေရာက္လာၿပီးေနာက္ ႐ြာအစြန္ရွိ ရဲစခန္းအား အေဝးမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ဝင္လာၿပီးေတာ့ ခ်ပ္သင္းရဲစခန္းကို လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ႐ြာထဲကေန လွမ္းပစ္တာေပါ့။ ပစ္ၿပီးေတာ့ စခန္းကို သိမ္းႏိုင္ျခင္းေတာ့ မရွိဘူး။ စခန္းကို အေဝးကေနပဲ လွမ္းပစ္တာေပါ့။ စခန္းထဲမွာရွိတဲ့ ရဲတပ္ဖြဲ႕နဲ႔စစ္သားေတြကလည္း စခန္းထဲကပဲ PDF ေတြရွိတဲ့ေနရာကို ခန႔္မွန္းၿပီးေတာ့ အနည္းအက်ဥ္းျပန္ပစ္တာေလာက္ပဲရွိတယ္။ သူတို႔လည္း ထြက္မပစ္ဘူး” ဟု အမည္မေဖာ္လိုသည့္ ခ်ပ္သင္း႐ြာသားတစ္ဦးက ေျပာသည္။

ထိုသို႔ ပစ္ခတ္မႈမ်ား ႏွစ္ဖက္အၾကား ရပ္စဲသြားၿပီးေနာက္ ည ၁၁ နာရီအခ်ိန္ခန႔္တြင္ PDF ပူးေပါင္းအဖြဲ႕က ခ်ပ္သင္း႐ြာ ေအာင္မဂၤလာရပ္ကြက္ႏွင့္ ၿမိဳ႕မရပ္ကြက္ရွိ ေနအိမ္ႏွင့္အေဆာက္အဦးေပါင္း (၁ဝဝ)ေက်ာ္ကို မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ေဒသခံ႐ြာသားမ်ားက ေျပာဆိုသည္။

“ေနာက္ပိုင္းက်ေတာ့ သူတို႔ ဘာမွလုပ္မရတဲ့အဆုံး ႐ြာထဲမွာပဲ ေသနတ္ေတြနဲ႔ ေတာင္ပစ္၊ ေျမာက္ပစ္လုပ္ၿပီး ႐ြာရဲ႕ အဓိက လမ္းႏႈတ္ခမ္းမွာရွိတဲ့ အိမ္ေတြကို ည ၁၁ နာရီေလာက္မွာ မီးေတြ ရႈိ႕သြားၾကတယ္။ ႐ြာထဲကလူေတြကေတာ့ ေျပာသံေတြကို ၾကားေနရတာေပါ့။ ဘယ္အိမ္ေတြကို ရႈိ႕ဆိုၿပီးေတာ့ေပါ့။ ေနာက္ပိုင္းၾကေတာ့ အဲဒီလို မဟုတ္ေတာ့ဘူး။ စီတန္းၿပီးေတာ့ ကားလမ္းမႀကီးႏႈတ္ခမ္းမွာရွိတဲ့ အိမ္ေတြကို ရႈိ႕သြားလိုက္တာ။ ရႈိ႕ၿပီးေတာ့ ၂ နာရီဝန္းက်င္ေလာက္ေတာ့ သူတို႔ ထြက္သြားၾကတယ္” ဟု ႐ြာသားတစ္ဦးက ဆက္လက္ေျပာဆိုထားသည္။

ထိုသို႔ မီးရႈိ႕ခံရမႈေၾကာင့္ အိမ္ေျခေပါင္း (၆၂)လုံး၊ ဂိုေဒါင္(၇)ခုႏွင့္ ေဈးဆိုင္ခန္းေပါင္း (၃ဝ) ေက်ာ္မွာလည္း မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ခ်ပ္သင္းေက်း႐ြာသည္ ရပ္ကြက္ေပါင္း(၄)ခုျဖင့္ ဖြဲ႕စည္းထားၿပီး အိမ္ေျခေပါင္း (၁၃ဝဝ) ေက်ာ္ရွိကာ ႐ြာသူ၊ ႐ြာသားမ်ားအေနျဖင့္ ေအးခ်မ္းစြာေနထိုင္ေလ့ရွိေၾကာင္း သိရသည္။

“စစ္တပ္ကသာ မီးရႈိ႕တယ္ဆိုရင္ ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ ခ်ပ္သင္းရဲ႕ သတင္းဟာ ပလူပ်ံေနေအာင္ ပြတ္ေလာ႐ိုက္ေနေလာက္ၿပီ။ ေနာက္ၿပီးေတာ့ ခ်ပ္သင္းသားေတြ လိုင္းေပၚမွာပဲ ခံစားရတဲ့ဟာေလးေတြ ရင္ဖြင့္ၾကတယ္ဗ်ာ။ ႐ြာေတာ့ မီးပါသြားၿပီ။ ဘယ္သူ႔အိမ္ေတြ ဘယ္လိုေလာင္သြားတယ္ဆိုတာ ဒီလိုပဲ ေၾကကြဲေနရတယ္ ကြၽန္ေတာ္တို႔မွာက။ ဘယ္သူ ေတြ ရႈိ႕တာပါဆိုတဲ့အေၾကာင္းကို ကြၽန္ေတာ္တို႔ မတင္ရဲဘူးဗ်ာ” ဟု ခ်ပ္သင္း႐ြာသားတစ္ဦးက ေျပာသည္။

လက္ရွိတြင္ မီးရႈိ႕ခံရသည့္ ေနအိမ္မ်ားရွိ ႐ြာသူ၊ ႐ြာသားမ်ားအေနျဖင့္ နီးစပ္ရာ ဘုန္ႀကီးေက်ာင္းမ်ား၌ တည္းခိုေနထိုင္ရလ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း PDF ပူးေပါင္းအဖြဲ႕က ခ်ပ္သင္းေက်း႐ြာအတြင္းရွိ ႐ြာသူ၊ ႐ြာသားမ်ားအား ႐ြာအတြင္းမွ ထြက္ခြာသြားရန္ ၿခိမ္းေျခာက္အသိေပးစာ ကပ္မႈမ်ား ရွိခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ထို႔ျပင္ ခ်ပ္သင္း႐ြာ၌ ယခုကဲ့သို႔ အိမ္ေျခႏွင့္အေဆာက္အဦးေပါင္း (၁ဝဝ)ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီးေနာက္ပိုင္းတြင္လည္း PDF ပူးေပါင္းအဖြဲ႕က ဆက္လက္ၿခိမ္းေျခာက္ေနမႈမ်ားရွိေၾကာင္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။

ခ်ပ္သင္းေက်း႐ြာ၊ သာစည္ရပ္ကြက္၌ ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္အတြင္း ရဲစခန္းဖြင့္လွစ္ကာ လုံၿခဳံေရးေဆာင္႐ြက္ေပးေနေသာ္လည္း ခ်ပ္သင္း႐ြာသူ၊ ႐ြာသားမ်ားအေပၚ ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္မႈမရွိေၾကာင္းလည္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မော်တော်ယာဥ်တစ်စီး စလစ်ဖြစ်ကာ သစ်ပင်အားဝင်တိုက်မှုကြောင့် (၁)ဦးသေဆုံးကာ (၆)ဦး ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved