Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သံဃာတော်အပါး (၁၁၁၁၁) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည့်နေ့၌ လမ်းများကို ခေတ္တပိတ်မည်

ယွန်း (NP News) - ဧပြီ ၃ဝ

သံဃာတော်(၁၁၁၁၁)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည့်နေ့၌ နံနက်(၄)နာရီမှစ၍လမ်းများကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

နစကမှ ယနေ့(ဧပြီလ ၃ဝ ရက်) နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၁၁၁၁)ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်‌တော်နှင့် ပြည်သူ့ရင်ပြင်တို့၌ လာမည့် မေလ(၂)ရက်၊ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အစမ်းလေ့ကျင့်ခြင်းပြုလုပ်သည့် ယနေ့(ဧပြီလ ၃ဝ ရက်)နှင့် မေလ(၂)ရက်တို့၌ အခမ်းအနားကျင်းပစဥ်အတွင်း နံနက်(၄)နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ လမ်း များကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါနေ့တွင် ပြည်လမ်းအား ဟံသာဝတီအဝိုင်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ လည်း ကောင်း၊ ဦးဝိစာရလမ်းအား ဟံသာဝတီအဝိုင်းမှ ရွှေတိဂုံဘုရားလမ်းအထိ လည်းကောင်း၊ ရွှေတိဂုံဘုရားလမ်းအား ဦးထောင်ဘိုလမ်းမှ ဦးဝိစာရလမ်းထိပ်အထိလည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်သည်။

ထို့ပြင် အလုံလမ်းအား ဗဟိုလမ်းမှ ရွှေတိဂုံဘုရားလမ်းအထိလည်းကောင်း၊ မြို့မကျောင်းလမ်းအား အလုံလမ်းမှ မင်းရဲကျော်စွာလမ်းအထိလည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။

ထို‌ကြောင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းလာသည့် ယာဥ်များသည် ဟံသာဝတီအဝိုင်းတွင် ညာဘက်သို့ကွေ့ပြီး ဟံသာဝတီလမ်းမှ အထက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းလာသည့် ယာဥ်များသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဘယ်ဘက်သို့ကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်းသို့ ပြောင်းလဲမောင်းနှင်ရန် အသိပေးထုတ်ပြန်ထားသည်။

အလားတူ ဦးဝိစာရလမ်းသို့ မောင်းနှင်လာသောယာဥ်များသည် ဟံသာဝတီအဝိုင်းမှ ဟံသာဝတီလမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းများသို့ လည်းကောင်း၊ ရွှေတိဂုံဘုရားလမ်းသို့ မောင်းနှင်လာသောယာဥ်များသည် ဦးထောင်ဘိုလမ်းမှ ဗဟန်းအဝိုင်းသို့လည်းကောင်း မောင်းနှင်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အလုံလမ်းသို့ မောင်းလာသောယာဥ်များသည် ဗဟိုလမ်းအတိုင်းလည်းကောင်း၊ မြို့မကျောင်းလမ်းသို့ မောင်းလာသောယာဥ်များသည် မင်းရဲကျော်စွာလမ်းသို့လည်းကောင်း ပြောင်းလဲမောင်းနှင်ရန် အသိပေးထုတ်ပြန်ထားသည်။

zawgyi versionသံဃာတော်အပါး (၁၁၁၁၁) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည့်နေ့၌ လမ်းများကို ခေတ္တပိတ်မည်

ယွန်း (NP News) - ဧပြီ ၃ဝ











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မစ္စတာဘန်ကီမွန်း၏ မြန်မာခရီးစဉ်အတွင်း နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီးနောက် NUG နှင့် ထပ်မံတွေ့ဆုံဆွေးနွေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved