Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒရုန်းမောင်းနှင်ခြင်းများကို စာသင်ကျောင်းတွေမှာ သင်ကြားပေးသွားဖို့ ရုရှား သမ္မတပူတင် ညွှန်ကြား
ဂျန်ဇက် (NP News) - ဧပြီ ၂၈
ရုရှား သမ္မတပူတင်က မောင်းသူမဲ့လေယာဉ် သို့မဟုတ် ဒရုန်းများနဲ့အခြားအဆင့်မြင့်နည်းပညာသုံးပစ္စည်းများဟာ ရုရှားနိုင်ငံရဲ့အနာဂတ်ကို အဆုံးဖြတ်ပေးမှာဖြစ်ကြောင်း၊ ဒရုန်းမောင်းနှင်ခြင်းများကို စာသင်ကျောင်းများမှာ သင်ကြားပေးသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 
ဒရုန်းဟာ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ဖို့ အဓိက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာမှာဖြစ်ကြောင်း၊ ဒရုန်းမောင်းနှင်ခြင်းနဲ့ ဒီဇိုင်းပိုင်းကို  စိတ်ဝင်စားမှုများရှိလာစေဖို့ လူငယ်တွေကို ပညာသင်ကြားရေးတွေမှာ တွဲဖက်သင်ကြားပေးခြင်းများ လုပ်ဆောင်သင့်ကြောင်း သမ္မတပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံရဲ့အရပ်ဘက်သုံး ဒရုန်းလုပ်ငန်းတိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး အရည်သွေးပိုင်း  နဲ့ စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်တဲ့ ဒရုန်းတွေကို အရေ အတွက်အများအပြားထုတ်လုပ်နိုင်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကပြောပါတယ်။ 
ရုရှားသမ္မတပူတင်ဟာ အစိုးရအဖွဲ့ အရာရှိများနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတက " ရုရှားနိုင်ငံရဲ့ ပညာရေးစနစ်တွေမှာ ဒရုန်းနဲ့ပတ်သက်တဲ့စာတွေ့သင်ခန်းစာတွေ၊ လေ့ကျင့်ရေးတွေလုပ်ဆောင်ဖို့လိုအပ်တယ်။ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးစတဲ့ကဏ္ဍတွေမှာလည်း ဒရုန်းအသုံးပြုမှုတွေကို ပိုမိုလုပ်ဆောင်သွားရမယ်။ စာသင်ကျောင်းတွေမှာ ကလေးတွေကိုဒရုန်းနဲ့ပတ်သက်တဲ့ ဒီဇိုင်း၊ ဒရုန်းထိန်းချုပ်မောင်းနှင်ရေးတွေကို သင်ကြားပေးဖို့ အဆိုပြုချက်တွေကိုထောက်ခံပါတယ်" လို့ပြောပါတယ်။
ရုရှားသမ္မတက"ရုရှား အစိုးရဟာ အောင်မြင်မှုတွေ ရရှိအောင်လုပ်နိုင်စွမ်းရှိသလောက် အရာရာတိုင်းကိုလုပ်ဆောင်သွားမှာပါ" လို့ပြောပါတယ်။ ရုရှားသမ္မတပူတင်ဟာ ဒရုန်းတီထွင်ထုတ်လုပ်ရေး လုပ်ငန်းများရဲ့ကိုယ်စားလှယ်များနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံရဲ့အရပ်ဘက်သုံး ဒရုန်း လုပ်ငန်းတန်ဖိုးဟာ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၂)ဘီလျံအထိရှိနေကြောင်းသိရပါတယ်။
zawgyi version
ဂျန်ဇက် (NP News) - ဧပြီ ၂၈
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
ယူကရိန်းကို သံချပ်ကာကားနှင့် တင့်ကားအစီးရေ (၁၈ဝဝ)နီးပါး ပို့ဆောင်ခဲ့ကြောင်း နေတိုးပြော
RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US
Copyright © News Services Station | All Right Reserved