Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော

ဂျန်ဇက် (NP News) - ဧပြီ ၂၈

မြန်မာနိုင်ငံရှိအဖွဲ့အစည်းများကြား မတူကွဲပြားမှုများကို အဆုံးသတ်နိုင်အောင် ပေါင်းကူး တံတားအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိနေရာ Labuan Bajo, East Nusa Tenggara မြို့မှာ လာမယ့် မေလ ၁ဝ ရက် နဲ့ ၁၁ ရက်တို့မှာ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမှာဖြစ်ပြီး လက်ရှိအချိန်မှာအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဝန်ကြီးရက်နိုမာဆူဒီက "အာဆီယံခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့အတွက် အင်ဒိုနီးရှားဟာ စေ့စပ်ဆွေးနွေးနိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်လှစ်ထားတယ်။ မြန်မာ နိုင်ငံရှိအဖွဲ့အစည်းများရဲ့ရပ်တည်ချက်များ မတူကွဲပြားမှုတွေကို အဆုံးသတ်နိုင်ဖို့တံတားအဖြစ်ပေါင်းကူးပေးနိုင်အောင် ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံရှိအဖွဲ့အစည်းများရဲ့အမြင်တွေကို နားထောင်မှာလည်းဖြစ်ပါတယ်"လို့ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့နိုင်ငံရေးပဋိပက္ခများကိုဖြေရှင်းဖို့ မလွယ်ကူပေမယ့် မြန်မာနိုင်ငံရှိအဖွဲ့အစည်းများနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကောင်းမွန်ရန် ကြိုးပမ်းနေကြောင်း၊ နစကအပြင် NUG ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနဲ့ ဆက်သွယ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း ဆိုပါတယ်။ ၎င်းက လာမယ့်မေလမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို  plenary session နဲ့ retreat session အစည်းအဝေးအစီအစဉ် နှစ်ရပ်ထည့်သွင်းကျင်းပမှာဖြစ်ပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖိတ်ကြားမှာဖြစ်ပေမယ့်လည်း နိုင်ငံရေးနဲ့မပတ်သက်တဲ့ ကိုယ်စားလှယ်ကိုသာစေလွှတ်ဖို့ ဖိတ်ကြားမှာဖြစ်ကြောင်း  ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံသဘော တူညီချက်ငါးချက်ကို ထပ်မံဆွေးနွေးဖို့ တိုက်တွန်ထားကြောင်း၊ အာဆီယံရဲ့အဓိကဦးစားပေးက အာဆီယံအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့်တင်နိုင်အောင်ဆောင် ရွက်ဖို့ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာဆီယံအဖွဲ့ဟာ မြန် မာနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့ ကြားဝင်ဆောင်ရွက်နေပေမယ့်လည်း မျှော်လင့်သလောက်တိုးတက်မှုမရှိသေးကြောင်း ဝေဖန်မှုများရှိနေပါတယ်။ မြန်မာနိုင်ငံရေး အခက်အခဲများကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်ထဲမှာ အကြမ်းဖက်မှုများရပ်တန့်ဖို့၊ မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးဖို့ စတဲ့အချက်များ ပါဝင်နေကြောင်းသိရပါတယ်။

zawgyi version

ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းမ်ားၾကား ေပါင္းကူးတံတားအျဖစ္ ေဆာင္႐ြက္ရန္ ႀကိဳးပမ္းေနေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးေျပာ

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

ျမန္မာႏိုင္ငံရွိအဖြဲ႕အစည္းမ်ားၾကား မတူကြဲျပားမႈမ်ားကို အဆုံးသတ္ႏိုင္ေအာင္ ေပါင္းကူး တံတားအျဖစ္ ဆက္လက္ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံဟာ အာဆီယံအလွည့္က် ဥကၠ႒အျဖစ္ တာဝန္ယူလ်က္ရွိေနရာ Labuan Bajo, East Nusa Tenggara ၿမိဳ႕မွာ လာမယ့္ ေမလ ၁ဝ ရက္ နဲ႔ ၁၁ ရက္တို႔မွာ အာဆီယံထိပ္သီးအစည္းအေဝးက်င္းပမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာအစည္းအေဝးအတြက္ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဝန္ႀကီးရက္ႏိုမာဆူဒီက "အာဆီယံေခါင္းေဆာင္အျဖစ္ တာဝန္ယူထားတဲ့အတြက္ အင္ဒိုနီးရွားဟာ ေစ့စပ္ေဆြးေႏြးႏိုင္ဖို႔ ဆက္သြယ္ေရးလမ္းေၾကာင္းကို ဖြင့္လွစ္ထားတယ္။ ျမန္မာ ႏိုင္ငံရွိအဖြဲ႕အစည္းမ်ားရဲ႕ရပ္တည္ခ်က္မ်ား မတူကြဲျပားမႈေတြကို အဆုံးသတ္ႏိုင္ဖို႔တံတားအျဖစ္ေပါင္းကူးေပးႏိုင္ေအာင္ ႀကိဳးပမ္းေနပါတယ္။ ျမန္မာႏိုင္ငံရွိအဖြဲ႕အစည္းမ်ားရဲ႕အျမင္ေတြကို နားေထာင္မွာလည္းျဖစ္ပါတယ္"လို႔ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးပဋိပကၡမ်ားကိုေျဖရွင္းဖို႔ မလြယ္ကူေပမယ့္ ျမန္မာႏိုင္ငံရွိအဖြဲ႕အစည္းမ်ားနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္းေကာင္းမြန္ရန္ ႀကိဳးပမ္းေနေၾကာင္း၊ နစကအျပင္ NUG ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ ႏိုင္ငံေရးပါတီမ်ားနဲ႔ ဆက္သြယ္ေဆြးေႏြးဖို႔ စီစဥ္ေနေၾကာင္း ဆိုပါတယ္။ ၎က လာမယ့္ေမလမွာက်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးကို  plenary session နဲ႔ retreat session အစည္းအေဝးအစီအစဥ္ ႏွစ္ရပ္ထည့္သြင္းက်င္းပမွာျဖစ္ၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ထည့္သြင္းေဆြးေႏြးမွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံကို ဖိတ္ၾကားမွာျဖစ္ေပမယ့္လည္း ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့ ကိုယ္စားလွယ္ကိုသာေစလႊတ္ဖို႔ ဖိတ္ၾကားမွာျဖစ္ေၾကာင္း  ေျပာပါတယ္။

အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုဟာ အာဆီယံထိပ္သီးအစည္းအေဝးအတြင္း အာဆီယံသေဘာ တူညီခ်က္ငါးခ်က္ကို ထပ္မံေဆြးေႏြးဖို႔ တိုက္တြန္ထားေၾကာင္း၊ အာဆီယံရဲ႕အဓိကဦးစားေပးက အာဆီယံအသိုက္အဝန္းဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျမင့္တင္ႏိုင္ေအာင္ေဆာင္ ႐ြက္ဖို႔ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ အာဆီယံအဖြဲ႕ဟာ ျမန္ မာႏိုင္ငံေရး အက်ပ္အတည္းမ်ားကို ေျဖရွင္းႏိုင္ဖို႔ ၾကားဝင္ေဆာင္႐ြက္ေနေပမယ့္လည္း ေမွ်ာ္လင့္သေလာက္တိုးတက္မႈမရွိေသးေၾကာင္း ေဝဖန္မႈမ်ားရွိေနပါတယ္။ ျမန္မာႏိုင္ငံေရး အခက္အခဲမ်ားကိုေျဖရွင္းႏိုင္ဖို႔ ရည္႐ြယ္ျပဳလုပ္ထားတဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ထဲမွာ အၾကမ္းဖက္မႈမ်ားရပ္တန႔္ဖို႔၊ ျမန္မာႏိုင္ငံေရးမွာပါဝင္ေနတဲ့အဖြဲ႕အစည္းမ်ားေတြ႕ဆုံေဆြးေႏြးဖို႔၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးဖို႔ စတဲ့အခ်က္မ်ား ပါဝင္ေနေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မသမာသူများမှ ရွှေဈေးဆွဲတင်ကာ ကောလာဟလဖြန့်ချီမှု များပြားလာပါက ရွှေတုံးအရောင်းအဝယ်ကို ခေတ္တပိတ်ရန် လုပ်ငန်းရှင်များဆွေးနွေး

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved