Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂ဝ၂၃ ခုနှစ်က မြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးနှစ် ဖြစ်လာဖွယ်ရှိနေဟုဆို

ဂျန်ဇက် (NP News) - ဧပြီ ၂၇

၂ဝ၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် စံချိန်တင် အပူဆုံးနှစ်ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံရှိ အနည်းဆုံး မြို့ပေါင်း ၁ဝ မြို့ဟာ အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ်နဲ့အထက်ရှိနေခဲ့ရာ ၂ဝ၂၃ ခုနှစ်က မြန်မာနိုင်ငံအတွက် စံချိန်တင် အပူဆုံးနှစ် ဖြစ်လာဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံရှိ မြို့များအ နက် ကလေးဝ၊ ညောင်ဦးမြို့တို့ရဲ့အပူချိန်ဟာ ပြီးခဲ့သော ဧပြီလ ၁၈ ရက်မှာ ၄၄ ဒီဂရီ စင်တီဂရိတ်ရှိခဲ့ပြီး ကလေး၊ တမူး၊ မုံရွာ၊ မင်းကင်းမြို့အပြင် မြင်းမူ၊ မြင်းခြံ၊ ချောက်၊ ပခုက္ကူမြို့အပူချိန်များက ၄၃ ဒီဂရီ စင်တီဂရိတ်နဲ့  ၄၄ ဒီဂရီစင်တီဂရိတ်ကြား ရှိခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များရဲ့အပူချိန်ဟာ ပျှမ်းမျှ အပူချိန်ထက် ၇ ဒီဂရီ စင်တီဂရိတ်မြင့်တက် လျက်ရှိနေပါတယ်။ တမူးမြို့ရဲ့အပူချိန်ဟာ ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော်အတွင်း အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမိုးလေဝသ အခြေနေတွေကို လေ့လာသုံးသပ်နေတဲ့ El Dorado Weather က မြန်မာနိုင်ငံ ချောက်မြို့သည် ကမ္ဘာပေါ်ရှိ မြို့များထဲတွင်အပူဆုံး မြို့တစ်မြို့ဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလဒုတိယသီတင်းပတ်ကာလနောက်ပိုင်းကတည်းက အပူချိန်များ ပိုမိုမြင့်တက်လာခဲ့ရာ လူသေဆုံးမှုများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့အပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ်အောက်သာရှိခဲ့ပေမယ့် အပူဒဏ်ကြောင့် အနည်းဆုံး (၂)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်ကလည်း မြန်မာနိုင်ငံရှိ သိမ်ဇရမ်၊ ရွှေကျင်၊ ဘီလင်း၊ သထုံမြို့တို့ရဲ့အပူချိန်တွေဟာ နှစ်ပေါင်း ၆ဝ နီးပါးအတွင်း စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - ဧပြီ ၂၇





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လေ့ကျင့်ရေးမှပြန်လာတဲ့ အမေရိကန် စစ်ဘက်သုံး ရဟတ်ယာဉ် နှစ်စင်း ပျက်ကျ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved