Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်အမှတ်တံဆိပ်များ မှတ်ပုံတင်ခြင်းကြောင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ဝင်ရောက်မှုကို ဟန့်တားနိုင်မည်ဟုဆို

ယွန်း (NP News) - ဧပြီ ၂၇

ကုန်အမှတ်တံဆိပ်များကို မှတ်ပုံတင်ခြင်းကြောင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ဝင်ရောက်မှုကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

နေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမတွင် ဧပြီလ(၂၆)ရက်၌ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေ (၄)ရပ်ကို (၂ဝ၁၉) ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေများအနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို (၂ဝ၂၃) ခုနှစ် ဧပြီလ(၁)ရက်တွင် အာဏာတည်ခဲ့ပြီးဖြစ်ကြောင်း ၎င်းမှ ဆိုသည်။

ဧပြီလ(၂၆)ရက်သည် “ကမ္ဘာ့မူပိုင်ခွင့်နေ့”ဖြစ်ပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့မူပိုင်ခွင့်နေ့သည် မူပိုင်ခွင့်ကဏ္ဍနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေသည့် အမျိုးသမီးများကို အသိအမှတ်ပြုသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထား သည်။

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဥပဒေအရ ဆောင်ရွက်ပေးခြင်းနှင့် အမှတ်တံဆိပ်များအား အကူ အညီပေးနိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကုန်သွယ်ရေး နှင့် ကူးသန်းရောင်းဝယ်‌ရေးလုပ်ငန်းများတွင် ပိုမိုတိုးတက်နိုင်ကြောင်း သိရသည်။

ထို့ပြင် အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့၏ အကျိုးစီးပွားကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ အကြံပြုပြောဆိုခဲ့သည်။

အလားတူ အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ဝင်ရောက်လာမှုကို ဟန့်တားနိုင်သည့်အတွက် မျှတသော ဈေးကွက်စနစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ‌အနေဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံသည့် ဧပြီလ ၂၆ ရက်မှစ၍ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းဖြင့်ဖြစ်စေ လျှောက်ထားမှတ်ပုံတင်နိုင်ကြောင်း သိရသည်။

zawgyi version

ကုန္အမွတ္တံဆိပ္မ်ား မွတ္ပုံတင္ျခင္းေၾကာင့္ ကုန္ပစၥည္းအတုမ်ား ေဈးကြက္သို႔ဝင္ေရာက္မႈကို ဟန႔္ တားႏိုင္မည္ဟုဆို

ယြန္း (NP News) - ဧၿပီ ၂၇

ကုန္အမွတ္တံဆိပ္မ်ားကို မွတ္ပုံတင္ျခင္းေၾကာင့္ ကုန္ပစၥည္းအတုမ်ား ေဈးကြက္သို႔ဝင္ေရာက္မႈကို ဟန႔္တားႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

ေနျပည္ေတာ္ရွိ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ညီလာခံခန္းမတြင္ ဧၿပီလ(၂၆)ရက္၌ ကုန္အမွတ္တံဆိပ္မွတ္ပုံတင္ျခင္းကို တရားဝင္စတင္လက္ခံျခင္း အခမ္းအနားကို က်င္းပခဲ့သည္။

အဆိုပါ အခမ္းအနားတြင္ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ မူပိုင္ခြင့္ဥပေဒ (၄)ရပ္ကို (၂ဝ၁၉) ခုႏွစ္တြင္ ျပ႒ာန္းခဲ့ၿပီး အဆိုပါဥပေဒမ်ားအနက္ ကုန္အမွတ္တံဆိပ္ မူပိုင္ခြင့္ဥပေဒကို (၂ဝ၂၃) ခုႏွစ္ ဧၿပီလ(၁)ရက္တြင္ အာဏာတည္ခဲ့ၿပီးျဖစ္ေၾကာင္း ၎မွ ဆိုသည္။

ဧၿပီလ(၂၆)ရက္သည္ “ကမာၻ႔မူပိုင္ခြင့္ေန႔”ျဖစ္ၿပီး ကမာၻ႔မူပိုင္ခြင့္အဖြဲ႕၏ အဖြဲ႕ဝင္ႏိုင္ငံအသီးသီးတြင္ အထိမ္းအမွတ္အခမ္းအနားမ်ား က်င္းပလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ကမာၻ႔မူပိုင္ခြင့္ေန႔သည္ မူပိုင္ခြင့္က႑ႏွင့္ တီထြင္ဆန္းသစ္မႈက႑မ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသည့္ အမ်ိဳးသမီးမ်ားကို အသိအမွတ္ျပဳသည့္ ႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထား သည္။

ကုန္အမွတ္တံဆိပ္မွတ္ပုံတင္ျခင္းကို ဥပေဒအရ ေဆာင္႐ြက္ေပးျခင္းႏွင့္ အမွတ္တံဆိပ္မ်ားအား အကူ အညီေပးႏိုင္ျခင္းေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအပါအဝင္ ကုန္သြယ္ေရး ႏွင့္ ကူးသန္းေရာင္းဝယ္‌ေရးလုပ္ငန္းမ်ားတြင္ ပိုမိုတိုးတက္ႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ အမွတ္တံဆိပ္ပိုင္ရွင္ႏွင့္ အခြင့္အေရးရရွိသူတို႔၏ အက်ိဳးစီးပြားကိုလည္း ထိေရာက္စြာ ကာကြယ္ေပးႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးမွ အႀကံျပဳေျပာဆိုခဲ့သည္။

အလားတူ အမွတ္တံဆိပ္တုပမႈႏွင့္ ကုန္ပစၥည္းအတုမ်ား ေဈးကြက္သို႔ ဝင္ေရာက္လာမႈကို ဟန႔္တားႏိုင္သည့္အတြက္ မွ်တေသာ ေဈးကြက္စနစ္ကို တည္ေဆာက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား‌အေနျဖင့္ ကုန္အမွတ္တံဆိပ္ မွတ္ပုံတင္ျခင္းကို တရားဝင္စတင္လက္ခံသည့္ ဧၿပီလ ၂၆ ရက္မွစ၍ လူကိုယ္တိုင္ျဖစ္ေစ၊ အြန္လိုင္းျဖင့္ျဖစ္ေစ ေလွ်ာက္ထားမွတ္ပုံတင္ႏိုင္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက္ကူဖာအဟောင်းများ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ကားပေါ်မှ ခုန်ဆင်းခဲ့သည့် အမျိုးသမီးသေဆုံးမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved