စက္ကူဖာအဟောင်းများ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ကားပေါ်မှ ခုန်ဆင်းခဲ့သည့် အမျိုးသမီးသေဆုံးမှုဖြစ်ပွား
Pearl (NP News) - ဧပြီ ၂၇
ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် စက္ကူဖာများ မီးလောင်မှုကြောင့် ကားပေါ်မှခုန်ဆင်းခဲ့သည့် အမျိုးသမီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၇ ရက်)၊ နံနက်(၇)နာရီခွဲအချိန်ခန့်တွင် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၈ဝ/၃)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းအမျိုးသားအပါအဝင်(၄)ဦးလိုက်ပါလာသည့် စက္ကူဖာအဟောင်းများတင်ဆောင်လာသော ဖောကားတစ်စီးသည် ဆွာမြို့မှကေတုမတီမြို့သစ်ဘက်သို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထိုသို့မောင်းနှင်လာစဉ် စက္ကူဖာအဟောင်းမှ မီးလောင်မှုဖြစ်ပွားသောကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အသက်(၂ဝ)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းခဲ့ကြောင်းသိရသည်။
"ကားလောင်တယ်လို့ သတင်းရလို့ ကျွန်တော်တို့သွားတာ။ ဟိုရောက်တော့ ကားလောင်တာမဟုတ်ဘူး။ ကားပေါ်က စက္ကူဖာအဟောင်းတွေလောင်တာ။ ကားပေါ်ပါလာတဲ့ ကောင်မလေးက အဲဒါကိုမြင်တော့လန့်ပြီး ခုန်ဆင်းသွားတာ။ ပတ်ဝန်းကျင်ကလည်း မီးလောင်တာမြင်တော့ ကားပေါ်ကနေ အဲဒါတွေကိုချပြီး မီးငြှိမ်းလိုက်တာ။ ကားက ဘာမှဖြစ်မသွားဘူး။ ကောင်မလေးကတော့ မီးလောင်မှုကြောင့်မဟုတ်ဘူး၊ ကားပေါ်ကခုန်ဆင်းသွားလို့ ဒဏ်ရာရပြီးဆုံးတာ"ဟု ရေတာရှည်မြို့နယ် မီးသတ်စခန်း၏ တာဝန်ရှိသူ တစ်ဦးမှ NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကားပေါ်မှ ခုန်ဆင်းသူ အမျိုးသမီးသည် ဦးခေါင်း နှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ် ရာများရရှိ၍ သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၎င်းအားရေတာရှည်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
စကၠဴဖာအေဟာင္းမ်ား မီးေလာင္မႈျဖစ္ပြားျခင္းေၾကာင့္ ကားေပၚမွ ခုန္ဆင္းခဲ့သည့္ အမ်ိဳးသမီးေသဆုံးမႈျဖစ္ပြား
Pearl (NP News) - ဧၿပီ ၂၇
ပဲခူးတိုင္း၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ စကၠဴဖာမ်ား မီးေလာင္မႈေၾကာင့္ ကားေပၚမွခုန္ဆင္းခဲ့သည့္ အမ်ိဳးသမီး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၂၇ ရက္)၊ နံနက္(၇)နာရီခြဲအခ်ိန္ခန႔္တြင္ ေရတာရွည္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ မိုင္တိုင္အမွတ္(၁၈ဝ/၃)တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ယာဥ္ေမာင္းအမ်ိဳးသားအပါအဝင္(၄)ဦးလိုက္ပါလာသည့္ စကၠဴဖာအေဟာင္းမ်ားတင္ေဆာင္လာေသာ ေဖာကားတစ္စီးသည္ ဆြာၿမိဳ႕မွေကတုမတီၿမိဳ႕သစ္ဘက္သို႔ ေမာင္းႏွင္လာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေမာင္းႏွင္လာစဥ္ စကၠဴဖာအေဟာင္းမွ မီးေလာင္မႈျဖစ္ပြားေသာေၾကာင့္ ကားေပၚတြင္လိုက္ပါလာသူမ်ားအနက္ အသက္(၂ဝ)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ကားေပၚမွ ခုန္ဆင္းခဲ့ေၾကာင္းသိရသည္။
"ကားေလာင္တယ္လို႔ သတင္းရလို႔ ကြၽန္ေတာ္တို႔သြားတာ။ ဟိုေရာက္ေတာ့ ကားေလာင္တာမဟုတ္ဘူး။ ကားေပၚက စကၠဴဖာအေဟာင္းေတြေလာင္တာ။ ကားေပၚပါလာတဲ့ ေကာင္မေလးက အဲဒါကိုျမင္ေတာ့လန႔္ၿပီး ခုန္ဆင္းသြားတာ။ ပတ္ဝန္းက်င္ကလည္း မီးေလာင္တာျမင္ေတာ့ ကားေပၚကေန အဲဒါေတြကိုခ်ၿပီး မီးျငႇိမ္းလိုက္တာ။ ကားက ဘာမွျဖစ္မသြားဘူး။ ေကာင္မေလးကေတာ့ မီးေလာင္မႈေၾကာင့္မဟုတ္ဘူး၊ ကားေပၚကခုန္ဆင္းသြားလို႔ ဒဏ္ရာရၿပီးဆုံးတာ"ဟု ေရတာရွည္ၿမိဳ႕နယ္ မီးသတ္စခန္း၏ တာဝန္ရွိသူ တစ္ဦးမွ NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ကားေပၚမွ ခုန္ဆင္းသူ အမ်ိဳးသမီးသည္ ဦးေခါင္း ႏွင့္ မ်က္ႏွာတို႔တြင္ ထိခိုက္ဒဏ္ ရာမ်ားရရွိ၍ ေသဆုံးသြားခဲ့ၿပီး လက္ရွိတြင္ ၎အားေရတာရွည္ၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EWEC International Trade, Tourism and Investment Fair-Da Nang 2023 ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်နိုင်မည်
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း