Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂ဝ၂၂- ၂ဝ၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်(၅ဝဝ)နီးပါးမွေးထုတ်နိုင်ခဲ့ပြီး လေ့လာရေးခရီးစဥ်များ စေလွှတ်သွားမည်ဟုဆို

ယွန်း (NP News) - ဧပြီ ၂၇

ယခုပညာသင်နှစ်(၂ဝ၂၂- ၂ဝ၂၃) တွင် လူရည်ချွန်(၅ဝဝ)နီးပါးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အား လေ့လာရေးခရီးစဥ်များ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

နစကဥက္က‌ဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ(၂၆)ရက်တွင် လူရည်ချွန်မောင်မယ်များအား နေ ပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)တွင် သွားရောက်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူရည်ချွန်စီမံကိန်း”ကို (၁၉၆၄)ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၁၉၈၈)ခုနှစ်တွင် (၂၅)ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို (၂ဝ၁၃)ခုနှစ်တွင် “ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်း”အဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ပြီး (၂ဝ၁၈)ခုနှစ်တွင် “လူရည်ချွန် စီမံကိန်း” အမည်ဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌမှ ဆိုသည်။

သို့သော် ၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ်မှစ၍ ကိုဗစ်ရောဂါအခြေအနေကြောင့် လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ပြီး ယခု(၂ဝ၂၂- ၂ဝ၂၃) ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူရည်ချွန်စီမံကိန်းအရ ၂ဝ၂၂- ၂ဝ၂၃ ပညာသင်နှစ်တွင် အဌမတန်းလူရည်ချွန်(၁၆ဝ)ဦး၊ ဒသမတန်းလူရည်ချွန်(၁၆ဝ)ဦးနှင့် ဧကာဒသမ လူရည်ချွန် (၁၅၈)ဦး စုစုပေါင်းလူရည်ချွန်ဦးရေ(၄၇၈)ဦးကို ရွေးချယ်မွေးထုတ်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌမှ အသိပေးပြောဆိုထားသည်။

ရွေးချယ်ခံထားရသည့် လူရည်ချွန်များကို ပုဂံ အပါအဝင် တောင်ကြီး၊ ငွေဆောင် စသည့် လူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေးခရီးစဥ်အဖြစ် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို အရည်အချင်းစိစစ်ပြီး နိုင်ငံအသီးသီးသို့ ပညာတော်သင်များ စေလွှတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

အလားတူ ၂ဝ၂၃- ၂ဝ၂၄ ပညာသင်နှစ်မှစပြီး အလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီး စိတ်ပါဝင်စားသူများတက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်း(၅၁)ကျောင်းကိုလည်း ခရိုင်(၅ဝ)တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version


ယွန်း (NP News) - ဧပြီ ၂၇










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်က တောင်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း (၄ဝ)ကျော်အတွင်း ရေငုပ်သင်္ဘောကို ပထမဆုံးအကြိမ် ပြန်လည်ချထားမယ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved