Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေဆိုင်ကိုဓါးပြတိုက်မှု ကျူးလွန်ခဲ့တဲ့ မူလတန်ကျောင်း အကြီးအကဲဟောင်းတစ်ဦးကို ထိုင်းတရားရုံးချုပ် သေဒဏ်အမိန့်ချမှတ်

ဂျန်ဇက် (NP News) - ဧပြီ ၂၇

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက သေဒဏ်အပြစ်ပေးမှုများကို ဖျက်သိမ်းဖို့ တောင်းဆိုနေပေမယ့်လည်း ထိုင်းတရားရုံးချုပ်က မူလတန်းကျောင်း အကြီးအကဲဟောင်းတစ်ဦးဖြစ်သူ Prasitchai Khaokaew ကို သေဒဏ်အပြစ်ပေးဖို့ ထပ်မံဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ 

ထိုင်းနိုင်ငံ Lop Buri  ပြည်နယ်ရှိရွှေဆိုင်ဓါးပြတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မူလတန်းကျောင်း အကြီး အကဲဟောင်းတစ်ဦးကို ထိုင်းနိုင်ငံရှိ မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးတို့က သေဒဏ်အပြစ်ပေးခဲ့ပြီး ထိုင်း တရားရုံးချုပ်ဟာ အဆိုပါ တရားရုံးနှစ်ခုရဲ့ဆုံးဖြတ်ချက်ကို ဧပြီလ ၂၆ ရက်မှာထပ်မံ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရွှေ့ဆိုင်ဓါးပြတိုက်မှုအတွင်း အနည်းဆုံး လူ(၃)ဦးသေဆုံးကာ အခြားတစ်ဦး ဒဏ် ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။

၎င်းက ထိုင်းနိုင်ငံအတွက် စံပြနိုင်ငံသားကောင်းတစ်ဦးဖြစ်သင့်ပေမယ့်လည်း လူသတ်မှုများ ကျူးလွန်ခဲ့တဲ့ ဓါးပြတိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းကြောင့်သေဒဏ်အမိန့်ကို ထပ်မံအတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ထိုင်းနိုင်ငံ Lop Buri  ပြည်နယ်မှာ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှာ ဓါးပြတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူလတန်းကျောင်းအကြီးအကဲဟောင်းတစ်ဦးဟာ သေနတ်ကိုင်ကာ Aurora ရွှေ့ဆိုင်ကို ဓါးပြတိုက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ 

လက်ရှိအချိန်မှာ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ကမ္ဘာ့နိုင်ငံများမှာသေဒဏ်အပြစ်ပေးခြင်းများကို ဖျက်သိမ်းဖို့ တောင်းဆိုနေပေမယ့်လည်း နိုင်ငံအချို့မှာ သေဒဏ်ပြစ်ဒဏ်ပေးခြင်းကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်းသိရပါတယ်။ ဧပြီလ ၂၆ ရက်ကလည်း စင်ကာပူ တရားရုံးချုပ်ဟာ စင်ကာပူ နိုင်ငံသားတစ်ဦးကို နိုင်ငံအတွင်းသို့ ဆေးခြောက်များယူဆောင်ဖို့ ကြိုးပမ်းခြင်းကြောင့် သေဒဏ်အပြစ်ပေးခဲ့ကြောင်း သိရပါတယ်။

zawgyi version

ေ႐ႊဆိုင္ကိုဓါးျပတိုက္မႈ က်ဴးလြန္ခဲ့တဲ့ မူလတန္ေက်ာင္း အႀကီးအကဲေဟာင္းတစ္ဦးကို ထိုင္း တရား႐ုံး ခ်ဳပ္ ေသဒဏ္ အမိန႔္ခ်မွတ္

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇

ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕အစည္းမ်ားက ေသဒဏ္အျပစ္ေပးမႈမ်ားကို ဖ်က္သိမ္းဖို႔ ေတာင္းဆိုေနေပမယ့္လည္း ထိုင္းတရား႐ုံးခ်ဳပ္က မူလတန္းေက်ာင္း အႀကီးအကဲေဟာင္းတစ္ဦးျဖစ္သူ Prasitchai Khaokaew ကို ေသဒဏ္အျပစ္ေပးဖို႔ ထပ္မံဆုံးျဖတ္ခဲ့ေၾကာင္းသိရပါတယ္။ 

ထိုင္းႏိုင္ငံ Lop Buri  ျပည္နယ္ရွိေ႐ႊဆိုင္ဓါးျပတိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီး မူလတန္းေက်ာင္း အႀကီး အကဲေဟာင္းတစ္ဦးကို ထိုင္းႏိုင္ငံရွိ ၿမိဳ႕နယ္တရား႐ုံး၊ ခ႐ိုင္တရား႐ုံးတို႔က ေသဒဏ္အျပစ္ေပးခဲ့ၿပီး ထိုင္း တရား႐ုံးခ်ဳပ္ဟာ အဆိုပါ တရား႐ုံးႏွစ္ခုရဲ႕ဆုံးျဖတ္ခ်က္ကို ဧၿပီလ ၂၆ ရက္မွာထပ္မံ အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။ အဆိုပါ ေ႐ႊ႕ဆိုင္ဓါးျပတိုက္မႈအတြင္း အနည္းဆုံး လူ(၃)ဦးေသဆုံးကာ အျခားတစ္ဦး ဒဏ္ ရာရခဲ့တယ္လို႔ ထိုင္းသတင္းေတြကေဖာ္ျပပါတယ္။

၎က ထိုင္းႏိုင္ငံအတြက္ စံျပႏိုင္ငံသားေကာင္းတစ္ဦးျဖစ္သင့္ေပမယ့္လည္း လူသတ္မႈမ်ား က်ဴးလြန္ခဲ့တဲ့ ဓါးျပတိုက္မႈကို လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ေသဒဏ္အမိန႔္ကို ထပ္မံအတည္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။ ထိုင္းႏိုင္ငံ Lop Buri  ျပည္နယ္မွာ ၂ဝ၂ဝ ခုႏွစ္ ဇန္နဝါရီလ ၉ ရက္မွာ ဓါးျပတိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မူလတန္းေက်ာင္းအႀကီးအကဲေဟာင္းတစ္ဦးဟာ ေသနတ္ကိုင္ကာ Aurora ေ႐ႊ႕ဆိုင္ကို ဓါးျပတိုက္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ 

လက္ရွိအခ်ိန္မွာ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕မ်ားက ကမာၻ႔ႏိုင္ငံမ်ားမွာေသဒဏ္အျပစ္ေပးျခင္းမ်ားကို ဖ်က္သိမ္းဖို႔ ေတာင္းဆိုေနေပမယ့္လည္း ႏိုင္ငံအခ်ိဳ႕မွာ ေသဒဏ္ျပစ္ဒဏ္ေပးျခင္းကို ဆက္လက္က်င့္သုံးေနဆဲျဖစ္ေၾကာင္းသိရပါတယ္။ ဧၿပီလ ၂၆ ရက္ကလည္း စင္ကာပူ တရား႐ုံးခ်ဳပ္ဟာ စင္ကာပူ ႏိုင္ငံသားတစ္ဦးကို ႏိုင္ငံအတြင္းသို႔ ေဆးေျခာက္မ်ားယူေဆာင္ဖို႔ ႀကိဳးပမ္းျခင္းေၾကာင့္ ေသဒဏ္အျပစ္ေပးခဲ့ေၾကာင္း သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂ဝ၂၂- ၂ဝ၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်(၅ဝဝ)နီးပါးမွေးထုတ်နိုင်ခဲ့ပြီး လေ့လာရေးခရီးစဥ်များ စေလွှတ်သွားမည်ဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved