Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရပ်သားပြည်သူအချို့ကို ဒလန်ဟု စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်ခဲ့သော ခရမ်း PDF အဖွဲ့ဝင်(၇)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိဟု နစကထုတ်ပြန်

Pearl (NP News) - ဧပြီ ၂၆

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် ခရမ်း PDF အဖွဲ့ဝင် (၇)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်၊ နေ့လည်ပိုင်းတွင် သန်လျင်မြို့နယ်၊ ပေါက်တောကျေးရွာအနီးပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပြုလုပ်ခဲ့ရာ ခရမ်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ကိုရီထွေးအား AK-47 ၁ လက်၊ Type-056 ၁ လက်၊ Glock-19 ၁ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၇.၆၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၆၉ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၁၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

၎င်း၏ ထွက်ဆိုချက်အရ ဧပြီလ ၂၂ ရက်၊ နေ့လည်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ မုဒိတာအိမ်ရာ၊ တိုက်အမှတ်(C)၊ (၄)လွှာ၊ အခန်း (၄ဝ၉)မှ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ထက်ရဲလင်း ၊ စိုးထက်အောင် ၊ ကျော်မင်းထက်တို့ (၃)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။ 

အလားတူ ကျော်မင်းထက်၏ ထွက်ဆိုချက်အရ အဆိုပါနေ့ညနေပိုင်းတွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ တိုက်အမှတ် (၃၆) ၊ (၄) လွှာ၊ အခန်း (A) ၌ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် မိုးပြည့်စုံကျော် ၊ အောင်မျိုးလွင် နှင့် သန့်ဇင်ဦးတို့ (၃)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 

ထို့ပြင် ထက်ရဲလင်း၏ ထွက်ဆိုချက်အရ ဧပြီလ ၂၃ ရက် နံနက်ပိုင်းတွင် ခရမ်းမြို့နယ်၊ မကျည်းကုန်းကျေးရွာ နှင့် သုံးခွမြို့နယ်၊ ဆည်ကြီးကုန်းကျေးရွာအကြား နှင့် ညောင်ပင်ကျေးရွာနှင့် အလယ်ကျေးရွာအကြားရှိ လယ်ကွင်းများအတွင်း လက်နက်မျိုးစုံအပါအဝင် ဗုံးပစ်လောင်ချာများ၊ ဗုံးသီးများ၊ လက်လုပ်လက်ပစ်ဗုံးများ၊  ကျည်မျိုးစုံ နှင့် ကျည်အိမ်မျိုးစုံတို့အား သိမ်းဆည်းရမိခဲ့ပြီး ဧပြီလ ၂၄ ရက် ညပိုင်းတွင် ခရမ်းမြို့နယ်၊ ကန်သာကျေးရွာ၏အနောက်ဘက်ရှိ ကောက်ရိုးပုံအတွင်းမှ လက်နက်မျိုးစုံနှင့် လက်လုပ်ဗုံးပစ်လောင်ချာ ၊ ဗုံးသီးများ၊  ကျည်မျိုးစုံ ၊ ကျည်အိမ်မျိုးစုံတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့ဝင် ၇ ဦး၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်အိမ်မျိုးစုံ ၃ဝ ခု၊ ကျည်မျိုးစုံ ၁၆ဝ၇ တောင့်၊ ၄ဝ မမ ဗုံးသီး ၂၄ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၆ လုံးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

၎င်းတို့သည် ဖမ်းဆီးရန်ကျန်ရှိသူ အဖွဲ့ခေါင်းဆောင် ထွန်းထွန်းဝင်း၏ ခိုင်းစေမှုဖြင့် ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်အတွင်းတို့၌ အကြမ်းဖက်သတ်ဖြတ်မှု (၃) ကြိမ်နှင့် ပစ်ခတ်တိုက်ခိုက်မှု (၁၅)ကြိမ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား ထွန်းထွန်းဝင်းမှ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် လစဉ် (၁)လလျှင် (၁)သိန်းနှုန်းထောက်ပံ့ပေးခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ပြီးစီးသည့်အခါ ငွေကျပ် (၂)သိန်းမှ (၃)သိန်းအထိ ထောက်ပံ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မတ်လ ၁ဝ ရက်တွင် ဒေးပေါက်ကျေးရွာနေ ဦးမြင့်စိုး၊ နိုဝင်ဘာလ ၁၂ ရက်တွင်ခရမ်းမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနေ  ဦးဝင်းနိုင် နှင့် ၂ဝ၂၃ ခုနှစ်၊ မတ်လ ၃ဝ ရက်တွင် ခရမ်းမြို့၊ (၁) ရပ်ကွက်၊ ကံဘဲ့အပိုင်း၌ နေထိုင်သူ ဦးမျိုးဇော်ဦးတို့အား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့၏ ထွက်ဆိုချက်များအရ သိရသည်။

လက်ရှိတွင် အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version

အရပ္သားျပည္သူအခ်ိဳ႕ကို ဒလန္ဟု စြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္ခဲ့ေသာ ခရမ္း PDF အဖြဲ႕ဝင္(၇)ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိဟု နစကထုတ္ျပန္

Pearl (NP News) - ဧၿပီ ၂၆

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ားေဆာင္႐ြက္ေနသည့္ ခရမ္း PDF အဖြဲ႕ဝင္ (၇)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ 

ၿပီးခဲ့သည့္ ဧၿပီလ ၁၉ ရက္၊ ေန႔လည္ပိုင္းတြင္ သန္လ်င္ၿမိဳ႕နယ္၊ ေပါက္ေတာေက်း႐ြာအနီးပတ္ဝန္းက်င္အား ပိတ္ဆို႔ရွာေဖြရွင္းလင္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 

ထိုသို႔ ျပဳလုပ္ခဲ့ရာ ခရမ္း PDF အမည္ခံအၾကမ္းဖက္အဖြဲ႕ဝင္ ကိုရီေထြးအား AK-47 ၁ လက္၊ Type-056 ၁ လက္၊ Glock-19 ၁ လက္၊ က်ည္အိမ္မ်ိဳးစုံ ၅ ခု၊ ၇.၆၂ က်ည္ ၆၈ ေတာင့္၊ ၉ မမ က်ည္ ၃၆၉ ေတာင့္၊ ပြိဳင့္-၃၈၀ က်ည္ ၁၅ ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

၎၏ ထြက္ဆိုခ်က္အရ ဧၿပီလ ၂၂ ရက္၊ ေန႔လည္ပိုင္းတြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၂) ရပ္ကြက္၊ အထက္ဗဟိုလမ္း၊ မုဒိတာအိမ္ရာ၊ တိုက္အမွတ္(C)၊ (၄)လႊာ၊ အခန္း (၄ဝ၉)မွ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ထက္ရဲလင္း ၊ စိုးထက္ေအာင္ ၊ ေက်ာ္မင္းထက္တို႔ (၃)ဦးအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။ 

အလားတူ ေက်ာ္မင္းထက္၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ညေနပိုင္းတြင္ ေဒါပုံၿမိဳ႕နယ္၊ ဗိုလ္ထြန္းဇံရပ္ကြက္၊ ဗိုလ္ေအာင္ေက်ာ္လမ္း၊ တိုက္အမွတ္ (၃၆) ၊ (၄) လႊာ၊ အခန္း (A) ၌ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားျဖစ္သည့္ မိုးျပည့္စုံေက်ာ္ ၊ ေအာင္မ်ိဳးလြင္ ႏွင့္ သန႔္ဇင္ဦးတို႔ (၃)ဦးအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။ 

ထို႔ျပင္ ထက္ရဲလင္း၏ ထြက္ဆိုခ်က္အရ ဧၿပီလ ၂၃ ရက္ နံနက္ပိုင္းတြင္ ခရမ္းၿမိဳ႕နယ္၊ မက်ည္းကုန္းေက်း႐ြာ ႏွင့္ သုံးခြၿမိဳ႕နယ္၊ ဆည္ႀကီးကုန္းေက်း႐ြာအၾကား ႏွင့္ ေညာင္ပင္ေက်း႐ြာႏွင့္ အလယ္ေက်း႐ြာအၾကားရွိ လယ္ကြင္းမ်ားအတြင္း လက္နက္မ်ိဳးစုံအပါအဝင္ ဗုံးပစ္ေလာင္ခ်ာမ်ား၊ ဗုံးသီးမ်ား၊ လက္လုပ္လက္ပစ္ဗုံးမ်ား၊  က်ည္မ်ိဳးစုံ ႏွင့္ က်ည္အိမ္မ်ိဳးစုံတို႔အား သိမ္းဆည္းရမိခဲ့ၿပီး ဧၿပီလ ၂၄ ရက္ ညပိုင္းတြင္ ခရမ္းၿမိဳ႕နယ္၊ ကန္သာေက်း႐ြာ၏အေနာက္ဘက္ရွိ ေကာက္႐ိုးပုံအတြင္းမွ လက္နက္မ်ိဳးစုံႏွင့္ လက္လုပ္ဗုံးပစ္ေလာင္ခ်ာ ၊ ဗုံးသီးမ်ား၊  က်ည္မ်ိဳးစုံ ၊ က်ည္အိမ္မ်ိဳးစုံတို႔အား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ 

အဆိုပါျဖစ္စဥ္တြင္ အၾကမ္းဖက္အဖြဲ႕ဝင္ ၇ ဦး၊ လက္နက္မ်ိဳးစုံ ၁၈ လက္၊ က်ည္အိမ္မ်ိဳးစုံ ၃ဝ ခု၊ က်ည္မ်ိဳးစုံ ၁၆ဝ၇ ေတာင့္၊ ၄ဝ မမ ဗုံးသီး ၂၄ လုံး၊ လက္လုပ္ လက္ပစ္ဗုံး ၆ လုံးတို႔အား ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

၎တို႔သည္ ဖမ္းဆီးရန္က်န္ရွိသူ အဖြဲ႕ေခါင္းေဆာင္ ထြန္းထြန္းဝင္း၏ ခိုင္းေစမႈျဖင့္ ခရမ္းၿမိဳ႕နယ္ႏွင့္သုံးခြၿမိဳ႕နယ္အတြင္းတို႔၌ အၾကမ္းဖက္သတ္ျဖတ္မႈ (၃) ႀကိမ္ႏွင့္ ပစ္ခတ္တိုက္ခိုက္မႈ (၁၅)ႀကိမ္ေဆာင္႐ြက္ခဲ့ၿပီး ၎တို႔အား ထြန္းထြန္းဝင္းမွ အၾကမ္းဖက္လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အသုံးျပဳရန္အတြက္ လစဥ္ (၁)လလွ်င္ (၁)သိန္းႏႈန္းေထာက္ပံ့ေပးခဲ့ၿပီး လုပ္ႀကံသတ္ျဖတ္မႈမ်ားႏွင့္ အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္မႈမ်ား ေဆာင္႐ြက္ၿပီးစီးသည့္အခါ ေငြက်ပ္ (၂)သိန္းမွ (၃)သိန္းအထိ ေထာက္ပံ့ေၾကာင္း သိရသည္။ 

ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ မတ္လ ၁ဝ ရက္တြင္ ေဒးေပါက္ေက်း႐ြာေန ဦးျမင့္စိုး၊ ႏိုဝင္ဘာလ ၁၂ ရက္တြင္ခရမ္းၿမိဳ႕နယ္၊ ေဂြးပင္ေခ်ာင္းေက်း႐ြာေန  ဦးဝင္းႏိုင္ ႏွင့္ ၂ဝ၂၃ ခုႏွစ္၊ မတ္လ ၃ဝ ရက္တြင္ ခရမ္းၿမိဳ႕၊ (၁) ရပ္ကြက္၊ ကံဘဲ့အပိုင္း၌ ေနထိုင္သူ ဦးမ်ိဳးေဇာ္ဦးတို႔အား ဒလန္ဟုစြပ္စြဲ၍ အၾကမ္းဖက္သတ္ျဖတ္ခဲ့ေၾကာင္း ၎တို႔၏ ထြက္ဆိုခ်က္မ်ားအရ သိရသည္။

လက္ရွိတြင္ အထက္ပါ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဆက္စပ္တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၌ လစ်လပ်နေသောရာထူးနေရာ (၅ဝဝ)နီးပါးအတွက် အလုပ်လျှောက်ထားနိုင်ဟု အသိပေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved