ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၌ လစ်လပ်နေသောရာထူးနေရာ (၅ဝဝ)နီးပါးအတွက် အလုပ်လျှောက်ထားနိုင်ဟု အသိပေး
စော (NP News) - ဧပြီ ၂၆
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများမှ လစ်လပ်နေသောရာထူး (၄၇၇)နေရာအတွက် အလုပ်လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယမန်နေ့ (ဧပြီလ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဝန်ကြီးဌာန (၁၇)နေရာအတွက် လစ်လပ်ရာထူး (၄၇ဝ)နေရာ နှင့် မြန်မာနိုင်ငံဗဟိုဘဏ်၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့အတွက် လစ်လပ်ရာ ထူး (၇)နေရာတို့ကို လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါရာထူးနေရာများအတွက် Online စနစ်တစ်ခုဖြင့်သာ လျှောက်ထားနိုင်ပြီး မတ်လ(၂၅)ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
zawgyi version
စော (NP News) - ဧပြီ ၂၆
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်ခုံးတံတားအောက်၌ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိ
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း