Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့နိုင်ငံရေး ပြဿနာကို စိတ်ရှည်သည်းခံမှုနဲ့အတူ အကြပ်အတည်းကနေ ထွက်နိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်ထားကြောင်း ဘန်ကီမွန်းပြော

ဂျန်ဇက် (NP News) - ဧပြီ ၂၅


မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံမှုနဲ့အတူ လက်ရှိအကြပ်အတည်းကနေ ထွက်နိုင်မယ့် နည်းလမ်းကိုရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်ထားသလို မြန်မာစစ်တပ်က ပထမဆုံးအဆင့်ကို စတင်ခြေလှမ်းရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ထုတ်ဖော်ပြောဆိုလိုက် တယ်လို့ The Elders ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၃ ရက် နဲ့ ၂၄ ရက်တို့မှာလာရောက်ခဲ့ပြီး နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 


ဘန်ကီမွန်းက "ကျွန်တော်ဟာ မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကြားအပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုများစတင်ဖို့နဲ့ အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်အောင် နစကကို တိုက်တွန်းတောင်းဆိုဖို့ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေက စူးစမ်းတဲ့သဘောမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလွတ်လပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး ရရှိအောင် မြန်မာပြည်သူတွေကို ကူညီပေးနိုင်ဖို့ လုပ်နိုင်စွမ်းရှိသလောက်လုပ်ဆောင်မှာပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့စည်းများဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ ၊ ငြိမ်းချမ်းဖို့ 

ကတိတွေကို အကောင်အထည်ဖော်နိုင်အောင် စုစည်းညီညွတ်မှုရှိတာကို ပြသဖို့လိုအပ်တယ်။ စိတ်ရှည်သည်းခံမှုနဲ့အတူ လက်ရှိအကျပ်အတည်းကနေ ထွက်နိုင်မယ့် နည်းလမ်းကိုရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်ထားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။


ဒါ့ပြင်ဘန်ကီမွန်းက မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လွတ်လပ်မျှတစွာ ကျင်းပနိုင်ချိန်မှသာ ကျင်းပသင့်ကြောင်း၊ ရွေးကောက်ပွဲကို ကျင်းပခဲ့မယ်ဆိုရင် အကြမ်းဖက်မှုများနဲ့ မတူကွဲပြားမှု ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေပြီး ရလဒ်တွေကို နိုင်ငံတကာနဲ့အာဆီယံက အသိမှတ်ပြုမှာမဟုတ်ဘူးလိုလည်း ပြောပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်အပြင် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်စေလိုတယ်လို့လည်း ဘန်ကီမွန်ကပြောခဲ့ပါတယ်။ 


ဘန်ကီမွန်းဟာ မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုများကိုအားပေးထောက်ခံခဲ့သူဖြစ်ပြီး  ပြီးခဲ့တဲ့ (၁ဝ)နှစ်ကျော်အတွင်း မြန်မာနိုင်ငံ နဲ့ The Elders အဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုများကို အားပေးထောက်ခဲ့သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ယူချိန်တုန်းကလည်း မြန်မာနိုင်ငံ တိုးတက်မှုများအတွက် ထောက်ခံအားပေးခဲ့သူဖြစ်ကြောင်းသိရပါတယ်။

zawgyi version

ျမန္မာ့ႏိုင္ငံေရး ျပႆနာကို စိတ္ရွည္သည္းခံမႈနဲ႔အတူ အၾကပ္အတည္းကေန ထြက္ႏိုင္မယ့္နည္းလမ္းကို ရွာေဖြေတြ႕ရွိမယ္လို႔ ယုံၾကည္ထားေၾကာင္း ဘန္ကီမြန္းေျပာ

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၅


ျမန္မာ့ႏိုင္ငံေရး ျပႆနာနဲ႔ပတ္သက္ၿပီး စိတ္ရွည္သည္းခံမႈနဲ႔အတူ လက္ရွိအၾကပ္အတည္းကေန ထြက္ႏိုင္မယ့္ နည္းလမ္းကိုရွာေဖြေတြ႕ရွိမယ္လို႔ ယုံၾကည္ထားသလို ျမန္မာစစ္တပ္က ပထမဆုံးအဆင့္ကို စတင္ေျခလွမ္းရမယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ေဟာင္း ဘန္ကီမြန္းက ထုတ္ေဖာ္ေျပာဆိုလိုက္ တယ္လို႔ The Elders ရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။


The Elders အဖြဲ႕ ဒုတိယဥကၠ႒ျဖစ္သူ ဘန္ကီမြန္းဟာ ျမန္မာႏိုင္ငံကို ဧၿပီလ ၂၃ ရက္ နဲ႔ ၂၄ ရက္တို႔မွာလာေရာက္ခဲ့ၿပီး နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အျပင္ သမၼတေဟာင္း ဦးသိန္းစိန္နဲ႔လည္းေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ 


ဘန္ကီမြန္းက "ကြၽန္ေတာ္ဟာ ျမန္မာႏိုင္ငံေရးမွာပါဝင္ေနတဲ့ အဖြဲ႕အစည္းအားလုံးၾကားအျပဳသေဘာေဆာင္တဲ့ေတြ႕ဆုံေဆြးေႏြးမႈမ်ားစတင္ဖို႔နဲ႔ အၾကမ္းဖက္မႈမ်ား ခ်က္ခ်င္းအဆုံးသတ္ေအာင္ နစကကို တိုက္တြန္းေတာင္းဆိုဖို႔ ျမန္မာႏိုင္ငံကိုလာေရာက္ခဲ့တာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ေတြ႕ဆုံေဆြးေႏြးမႈေတြက စူးစမ္းတဲ့သေဘာမ်ိဳးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလြတ္လပ္ခြင့္၊ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ၿငိမ္းခ်မ္းေရး ရရွိေအာင္ ျမန္မာျပည္သူေတြကို ကူညီေပးႏိုင္ဖို႔ လုပ္ႏိုင္စြမ္းရွိသေလာက္လုပ္ေဆာင္မွာပါ။ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားနဲ႔ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားဟာ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ရရွိဖို႔ ၊ ၿငိမ္းခ်မ္းဖို႔ 

ကတိေတြကို အေကာင္အထည္ေဖာ္ႏိုင္ေအာင္ စုစည္းညီၫြတ္မႈရွိတာကို ျပသဖို႔လိုအပ္တယ္။ စိတ္ရွည္သည္းခံမႈနဲ႔အတူ လက္ရွိအက်ပ္အတည္းကေန ထြက္ႏိုင္မယ့္ နည္းလမ္းကိုရွာေဖြေတြ႕ရွိမယ္လို႔ ယုံၾကည္ထားပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။


ဒါ့ျပင္ဘန္ကီမြန္းက ျမန္မာႏိုင္ငံမွာေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုရင္ လြတ္လပ္မွ်တစြာ က်င္းပႏိုင္ခ်ိန္မွသာ က်င္းပသင့္ေၾကာင္း၊ ေ႐ြးေကာက္ပြဲကို က်င္းပခဲ့မယ္ဆိုရင္ အၾကမ္းဖက္မႈမ်ားနဲ႔ မတူကြဲျပားမႈ ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနၿပီး ရလဒ္ေတြကို ႏိုင္ငံတကာနဲ႔အာဆီယံက အသိမွတ္ျပဳမွာမဟုတ္ဘူးလိုလည္း ေျပာပါတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။


ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီက ခ်မွတ္ခဲ့တဲ့ဆုံးျဖတ္ခ်က္အျပင္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေကာင္အထည္ေဖာ္ေစလိုတယ္လို႔လည္း ဘန္ကီမြန္ကေျပာခဲ့ပါတယ္။ 


ဘန္ကီမြန္းဟာ ျမန္မာဒီမိုကေရစီအသြင္ကူးေျပာင္းမႈမ်ားကိုအားေပးေထာက္ခံခဲ့သူျဖစ္ၿပီး  ၿပီးခဲ့တဲ့ (၁ဝ)ႏွစ္ေက်ာ္အတြင္း ျမန္မာႏိုင္ငံ နဲ႔ The Elders အဖြဲ႕ၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို အားေပးေထာက္ခဲ့သလို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္တုန္းကလည္း ျမန္မာႏိုင္ငံ တိုးတက္မႈမ်ားအတြက္ ေထာက္ခံအားေပးခဲ့သူျဖစ္ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထားဝယ်မြို့နယ်၌ အမျိုးသားတစ်ဦးရေတွင်းထဲဆင်းကာ အမှိုက်များဆယ်နေစဉ် မြေပြိုကျမှုဖြစ်ပွားပြီးနောက် အောက်ဆီဂျင်ပြတ်၍သေဆုံး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved