Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့နိုင်ငံများအနက် စစ်ဘက်သုံးလေယာဉ်အများဆုံးပိုင်ဆိုင်ထားသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့်(၃၆)တွင်ရပ်တည်နေ

ဂျန်ဇက် (NP News) - ဧပြီ ၂၃

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် စစ်ဘက်သုံး တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံများထဲတွင် အဆင့် (၃၆)၌ရပ်တည်လျက်ရှိနေကြောင်း Globalfirepower အဖွဲ့၏ ဖော်ပြချက်များအရသိရသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း (၁၄၅)နိုင်ငံ၏ တိုက် လေယာဉ်၊ ရဟတ်ယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ်များအများဆုံးပိုင်ဆိုင်မှုအခြေအနေများကို လေ့လာသုံးသပ်ပြီးနောက် ၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ စစ်လေယာဉ်များအများဆုံးပိုင်ဆိုင်မှုကို ကမ္ဘာ့အဆင့်သတ်မှတ်ကာဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအဖွဲ့၏ လေ့လာသုံးသပ်ဖော်ပြမှုများတွင် လေယာဉ်တင် သင်္ဘောများအပေါ်တွင် အသုံးပြုသောတိုက်လေယာဉ်များ၊ လေ့ကျင့်ရေးသုံးစစ်လေယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ်များ အရေအတွက်ကိုထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး အမေရိကန်က ကမ္ဘာပေါ်တွင် စစ်ဘက်သုံးလေယာဉ်အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေကာ စစ်ဘက်သုံးလေယာဉ်၊ ရဟတ်ယာဉ်အစင်းရေပေါင်း (၁၃၃ဝဝ) ပိုင်ဆိုင်ထားကြောင်းသိရသည်။

၂ဝ၂၃ ခုနှစ်အတွင်း စစ်ဘက်သုံးလေယာဉ်၊ ရဟတ်ယာဉ် အများဆုံးပိုင်ဆိုင်ထားသော ကမ္ဘာ့ထိပ်ဆုံးငါးနိုင်ငံထဲတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ နှင့် တောင်ကိုရီးယားတို့က ရပ်တည်လျက်ရှိနေကြောင်းသိရသည်။ 

မြန်မာနိုင်ငံသည် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ်အစီးရေပေါင်း အနည်းဆုံး(၂၈ဝ) ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အဆင့် (၃၆)နေရာတွင်ရပ်တည်နေကြောင်း သိရသည်။ မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများထဲတွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပါအ ဝင် စစ်ဘက်သုံးလေယာဉ်အများဆုံး ပိုင်ဆိုင်ထားသောနိုင်ငံများထဲတွင် ထိုင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံနောက် တတိယနေရာတွင်ရပ်တည်နေကြောင်းသိရသည်။ 

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများထဲတွင် စစ်ဘက်သုံးလေယာဉ်အများဆုံး ပိုင်ဆိုင်ထားသောနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ် အစီးရေပေါင်း အနည်းဆုံး(၄၈၈) စီးပိုင်ဆိုင်ထားသကဲ့သို့ အင်ဒိုနီးရှားက စစ်ဘက်သုံးလေယာဉ် အစီးရေပေါင်း (၄၆၆)စီးပိုင်ဆိုင်ထားကြောင်းသိရသည်။ Globalfirepower အဖွဲ့ ၏ ၂ဝ၂၃ ခုနှစ်အတွက် စစ်ဘက်သုံးလေယာဉ်အများဆုံးပိုင်ဆိုင်သော စာရင်းတွင် အရှေ့တောင်အာရှဒေသအတွင်းရှိနိုင်ငံများဖြစ်သော အရှေ့တီမောနိုင်ငံ၊ ဘရူးနိုင်းနိုင်ငံတို့ ပါဝင်ခြင်းမရှိကြောင်းသိရသည်။

zawgyi version


ဂျန်ဇက် (NP News) - ဧပြီ ၂၃






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းတိုင်း၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း(၄)ခုမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃ဝဝ)ကျော်ကို ဖန်တီးပေးနိုင်ခဲ့ဟုဆို

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved