Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်ပေါင်း(၈ဝ)ကျော်ကြာ နစ်မြုပ်နေခဲ့သော ဂျပန်သင်္ဘောကို ပြန်လည်တွေ့ရှိ

Pika (NP News) - ဧပြီ ၂၂

ဒုတိယကမ္ဘာစစ်အတွင်းက ဖိလစ်ပိုင်ကမ်းလွန်ပင်လယ်ပြင်တွင် တော်ပီဒိုဖြင့် ပစ်ချခံရပြီးနောက် သင်္ဘောပေါ်ပါ ဩစတေးလျနိုင်ငံသား(၁ဝဝဝ)နီးပါးသေဆုံးခဲ့သော ဂျပန်သယ်ယူပို့ဆောင်ရေးသင်္ဘော Montevideo Maru ၏ အပျက်အစီးများကို တွေ့ရှိခဲ့ကြောင်း ရေအောက်စူးစမ်းလေ့လာသူများက ဧပြီလ (၂၂)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါဂျပန်သင်္ဘောသည် စစ်သုံ့ပန်းများတင်ဆောင်လာသည်ကို အမေရိကန် ရေငုပ်သင်္ဘောမှ တပ်သားများက မသိရှိခဲ့ပဲတော်ပီဒိုဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၁၉၄၂)ခုနှစ် ဇူလိုင်လ(၁)ရက်တွင် နစ်မြုပ်ခဲ့သော ဂျပန်သင်္ဘောကို ရေအောက်အနက်(၄)ကီလိုမီတာကျော်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရေကြောင်းဆိုင်ရာ ရှေးဟောင်းသုတေသနအဖွဲ့ Silentworld Foundation ကပြောကြားခဲ့သည်။

Montevideo Maru နစ်မြုပ်မှုတွင် အနည်းဆုံး ဩစတေးလျနိုင်ငံသား(၉၇၉)ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ထို့ပြင် အဆိုပါသင်္ဘောပေါ်တွင် အခြားနိုင်ငံ (၁၃)နိုင်ငံမှ အရပ်သားများလည်း လိုက်ပါသွားကြောင်း ရေကြောင်းဆိုင်ရာ ရှေးဟောင်းသုတေသနအဖွဲ့ကပြောကြားခဲ့ပြီး သေဆုံးသူစုစုပေါင်းဦးရေမှာ (၁ဝ၆ဝ)ဦး အထိရှိခဲ့ကြောင်းသိရသည်။ ဩစတေးလျဝန်ကြီးချုပ် Anthony Albanese က"နောက်ဆုံးတော့ Montevideo Maru သင်္ဘောရဲ့ ပျောက်ဆုံးနေတဲ့ ဝိညာဉ်တွေရဲ့ အနားယူရာနေရာကို ရှာတွေ့ခဲ့ပါတယ်။ ဒီသင်္ဘောပေါ်မှာပါတဲ့ အကျဥ်းသား(၁ဝ၆ဝ)မှာ ဩစတေးလျအမှုထမ်း(၈၅ဝ)ဦးပါပြီး သူတို့ရဲ့ဘဝတွေက တိုတောင်းခဲ့ပါတယ်။ ဒီနေ့သတင်းက သူတို့ကို နှစ်ရှည်လများစောင့်ဆိုင်းနေခဲ့တဲ့ ချစ်ရတဲ့သူတွေကို နှစ်သိမ့်မှုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟုပြောဆိုခဲ့သည်။

(၅)နှစ်ကြာ စီစဥ်ခဲ့ပြီးနောက် ရေအောက်စူးစမ်းရှာဖွေသူများသည် Montevideo Maru ကိုဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း အနောက်မြောက်ဖက် တောင်တရုတ်ပင်လယ်ထဲတွင် ဧပြီလ(၆)ရက်က စတင်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ sonar တပ်ဆင်ထားသော အလိုအလျောက် ရေအောက်ယာဉ် အပါအဝင် နည်းပညာမြင့် စက်ကိရိယာများကို အသုံးပြုပြီးနောက် (၁၂)ရက်အကြာတွင် ၎င်းတို့သည် အပျက်အစီးများကို နည်းနည်းချင်းစီတွေ့လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

တိုက်တန်းနစ်သင်္ဘောနစ်မြုပ်သည့် အနက်ထက် ပိုမိုနက်သော ပင်လယ်ကြမ်းပြင်တွင်တည်ရှိသည့်  Montevideo Maru ၏အပျက်အစီးများကို လက်ရှိအတိုင်းဆက်ထားမည်ဖြစ်ကြောင်း ရေကြောင်းဆိုင်ရာ ရှေးဟောင်းသုတေသနအဖွဲ့က ပြောကြားခဲ့သည်။ ထို့ပြင် အပျက်အစီးများနှင့် အရိုးစုအကြွင်းအကျန်များကိုလည်း ဖယ်ရှားခြင်း သို့မဟုတ် ဆယ်ယူခြင်းလုပ်ဆောင်ခွင့်ပြုမည်မဟုတ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

zawgyi version


Pika (NP News) - ဧပြီ ၂၂






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“တရုတ် အကြွေးတွင်းနက်ကြီးက ရုန်းထွက်နိုင်မလား”(ဘာသာပြန်ဆောင်းပါး)

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved