သာကေတမြို့နယ်၌ တဲတစ်ခုအတွင်း အမည်မသိ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိ
စော (NP News) - ဧပြီ ၂ဝ
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် အမည်မသိ အမျိုးသားတစ်ဦးအား တဲတစ်ခုအတွင်း၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းကို ယနေ့(ဧပြီလ ၂ဝ ရက်)၊ နံနက် (၇)နာရီ ဝန်းကျင်အချိန်တွင် သာကေတမြို့နယ်၊ (၃)ရန်ပြေရပ်ကွက်၊ ရန်ပြေလမ်းမပေါ်ရှိ တိုးချဲ့(၁)လမ်းထိပ်တွင် တွေ့ရှိခဲ့ကြောင်း အောင်နိုင်သူလူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူက သောက်လိုက်စားလိုက်နဲ့ နေတဲ့သူပါ။ သောက်စားပြီးတော့ တဲပေါ်ဝင်အိပ်ပြီး သေတာပါ။ ဘယ်လိုသေတာလဲတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲဒီနားကလူတွေပြောတာတော့ အဲဒီနားမှာပဲ လျှောက်သွားတယ် ပေးတဲ့မုန့်ဖိုးယူတယ်။ ပြီးရင် သောက်တယ်။ အဲဒီမှာပဲ အိပ်တယ် “ဟု အောင်နိုင်သူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူ အမျိုးသားသည် အသက် (၃၅)နှစ်အရွယ်ခန့်ဖြစ်ကြောင်းသိရပြီး သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် ရုပ်အလောင်းအား စံပြဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း အထက်ပါအသင်းမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်နှစ်လျှင် ဝင်ငွေခွန် ဒေါ်လာသန်း(၆ဝ)ရရှိနိုင်မည့် Yangon Amata Smart & Eco City စီမံကိန်း၏ ဆောက်လုပ်ရေးလုပ်ငန်းများ (၅)နှစ်အတွင်း ပြီးစီးရန်လျာထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း