Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တစ်နှစ်လျှင် ဝင်ငွေခွန် ဒေါ်လာသန်း(၆ဝ)ရရှိနိုင်မည့် Yangon Amata Smart & Eco City စီမံကိန်း၏ ဆောက်လုပ်ရေးလုပ်ငန်းများ (၅)နှစ်အတွင်း ပြီးစီးရန်လျာထား

မျိုးကြီး (NP News) - ဧပြီ ၂ဝ

နိုင်ငံအတွက် တစ်နှစ်လျှင် ဝင်ငွေခွန် အမေရိကန်ဒေါ်လာသန်း (၆ဝ)ရရှိနိုင်မည့် Yangon Amata Smart & Eco City စီမံကိန်း၏ ဆောက်လုပ်ရေးလုပ်ငန်းများကို (၅)နှစ်အတွင်း ပြီးစီးရန်လျာထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ မြေဧရိယာ(၂ဝဝဝ)ဧကပေါ်၌ ဆောင်ရွက်လျက်ရှိသည့် Yangon Amata Smart & Eco City စီမံကိန်းနှင့်ပတ်သက်၍တင်ပြထားသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA) အစီရင်ခံစာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားသည်။

အဆိုပါစီမံကိန်း မြေဧရိယာ (၂ဝဝဝ)ဧကပေါ်တွင် စီမံကိန်း၏ အခြေခံအဆောက်အအုံနှင့်ဆက်စပ်အထောက်အပံ့ပစ္စည်းများ၊ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးကို (၅)နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးကာလသည် ၂ဝ၂ဝ ပြည့်နှစ်မှ ၂ဝ၂၅ ခုနှစ်အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။

Yangon Amata Smart & Eco City စီမံကိန်းကို ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်အတွင်း လေးထောင့်ကန်ကျေးရွာအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

၎င်းစီမံကိန်းအား ထိုင်းနိုင်ငံ Amata Corporation PCL ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Yangon Amata Smart & Eco City ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

Yangon Amata Smart & Eco City စီမံကိန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁)ဘီလျံနီးပါးကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားပြီး (၅)နှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃ဝဝဝဝ)ကျော်ကို ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် Yangon Amata Smart & Eco City စီမံကိန်းမှ ထုတ်လုပ်နိုင်မှု ပမာဏစုစုပေါင်းသည် ခန့်မှန်းနှစ်စဉ် အမေရိကန် ဒေါ်လာ (၃ ဒသမ ၁) ဘီလျံ ရှိမည်ဟုသုံးသပ်ထားပြီး အစိုးရအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း(၆ဝ) ဝင်ငွေခွန် ဖန်တီးနိုင်မည်ဟုလည်း အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည်။

၎င်းစီမံကိန်း၌ စက်ရုံများ၊ စီးပွားရေးဆိုင်ရာနေရာများ၊ လူနေအိမ်များ၊ အပန်းဖြေနေရာများ၊ ပညာရေးကျောင်းများ၊ ဆေးရုံများ စသည်တို့ကိုလည်း ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version

တစ္ႏွစ္လွ်င္ ဝင္ေငြခြန္ ေဒၚလာသန္း(၆ဝ)ရရွိႏိုင္မည့္ Yangon Amata Smart & Eco City စီမံကိန္း၏ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား (၅)ႏွစ္အတြင္း ၿပီးစီးရန္လ်ာထား

မ်ိဳးႀကီး (NP News) - ဧၿပီ ၂ဝ

ႏိုင္ငံအတြက္ တစ္ႏွစ္လွ်င္ ဝင္ေငြခြန္ အေမရိကန္ေဒၚလာသန္း (၆ဝ)ရရွိႏိုင္မည့္ Yangon Amata Smart & Eco City စီမံကိန္း၏ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို (၅)ႏွစ္အတြင္း ၿပီးစီးရန္လ်ာထားေၾကာင္း သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕ရွိ ေျမဧရိယာ(၂ဝဝဝ)ဧကေပၚ၌ ေဆာင္႐ြက္လ်က္ရွိသည့္ Yangon Amata Smart & Eco City စီမံကိန္းႏွင့္ပတ္သက္၍တင္ျပထားသည့္ ပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္း(EIA) အစီရင္ခံစာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေဖာ္ျပထားသည္။

အဆိုပါစီမံကိန္း ေျမဧရိယာ (၂ဝဝဝ)ဧကေပၚတြင္ စီမံကိန္း၏ အေျခခံအေဆာက္အအုံႏွင့္ဆက္စပ္အေထာက္အပံ့ပစၥည္းမ်ား၊ အေဆာက္အဦးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကို (၅)ႏွစ္အတြင္း အၿပီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းႏွင့္ပတ္သက္၍ ေဆာက္လုပ္ေရးကာလသည္ ၂ဝ၂ဝ ျပည့္ႏွစ္မွ ၂ဝ၂၅ ခုႏွစ္အထိ သတ္မွတ္ထားေၾကာင္း သိရွိရသည္။

Yangon Amata Smart & Eco City စီမံကိန္းကို ရန္ကုန္တိုင္းရွိ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ႏွင့္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕ နယ္အတြင္း ေလးေထာင့္ကန္ေက်း႐ြာအနီးတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

၎စီမံကိန္းအား ထိုင္းႏိုင္ငံ Amata Corporation PCL ၏ ကုမၸဏီခြဲတစ္ခုျဖစ္သည့္ Yangon Amata Smart & Eco City ကုမၸဏီႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနတို႔က ပူးေပါင္းေဆာင္႐ြက္ေနျခင္းျဖစ္သည္။

Yangon Amata Smart & Eco City စီမံကိန္းအား အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္အတြင္း သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းေၾကာင့္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ (၁)ဘီလ်ံနီးပါးကို ဆြဲေဆာင္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားၿပီး (၅)ႏွစ္အတြင္း အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၃ဝဝဝဝ)ေက်ာ္ကို ဖန္တီးေပးႏိုင္မည္ဟု ခန႔္မွန္ထားေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ Yangon Amata Smart & Eco City စီမံကိန္းမွ ထုတ္လုပ္ႏိုင္မႈ ပမာဏစုစုေပါင္းသည္ ခန႔္မွန္းႏွစ္စဥ္ အေမရိကန္ ေဒၚလာ (၃ ဒသမ ၁) ဘီလ်ံ ရွိမည္ဟုသုံးသပ္ထားၿပီး အစိုးရအတြက္ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာသန္း(၆ဝ) ဝင္ေငြခြန္ ဖန္တီးႏိုင္မည္ဟုလည္း အစီရင္ခံစာ၌ ထည့္သြင္းေဖာ္ျပထားသည္။

၎စီမံကိန္း၌ စက္႐ုံမ်ား၊ စီးပြားေရးဆိုင္ရာေနရာမ်ား၊ လူေနအိမ္မ်ား၊ အပန္းေျဖေနရာမ်ား၊ ပညာေရးေက်ာင္းမ်ား၊ ေဆး႐ုံမ်ား စသည္တို႔ကိုလည္း ထည့္သြင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်နက်ကုန်သွယ်မှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန် တပ်ချုပ်နှင့် ထိုင်း ဒုဝန်ကြီးချုပ်တို့ နေပြည်တော်၌ ဆွေးနွေး

RELATED POSTS
RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved