Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NDAA ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထိုင်ဝမ် ပတ်ဝန်းကျင်နားမှာ တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၆

ထိုင်ဝမ် ပတ်ဝန်းကျင်နားတစ်ဝိုက်ရှိ ပင်လယ်ရေကြောင်း နဲ့ ဝေဟင်တို့မှာ ကျည်အစစ်နဲ့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းများကို ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်ကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံအထိ ကူညီပေးမယ့် အမေရိကန်အစိုးရဲ့ကာကွယ်ရေးအသုံးစရိတ် NDAA ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်စစ်ဘက်က ထိုင်ဝမ်နားမှာ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်အစိုးရနဲ့ အမေရိကန်အစိုးတို့ကတော့ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုများကိုရန်စမှုအဖြစ် ရှုမြင်သုံးသပ်ထားတယ်လို့ သိရပါတယ်။

ထိုင်ဝမ်က တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေက ဖိအားပေးဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။ တရုတ်စစ်ဘက်ဟာ ထိုင်ဝမ်ကို သြဂုတ်လတုန်းက အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့ပြီးနောက် မကြာမီ ထိုင်ဝမ်နားမှာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ စစ်ရေးလေ့ကျင့်ခန်းများ ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တရုတ်စစ်ဘက်က ထိုင်ဝမ်နားမှာ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် နေရာအတိအကျကို ထုတ်ဖော်ပြောဆိုတာမျိုးမရှိတယ်လို့ သိရပါတယ်။

တရုတ်စစ်ဘက်က "နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်ကို အပြည့်အဝကာကွယ်နိုင်ဖို့ လိုအပ်တဲ့အစီမံများ လုပ်ဆောင်သွားမှာဖြစ်တယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။တရုတ်က ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်ကတော့ တရုတ်ထံမှခွဲထွက်ဖို့ ဆန္ဒရှိနေရာ အမေရိကန်အစိုးရထံမှ အကူအညီများ ရယူဖို့ကြိုးပမ်းနေပါတယ်။ တရုတ်စစ်ဘက်ရဲ့လုပ်ရပ်က ထိုင်ဝမ်ကျွန်းမှာ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးဖို့ လုပ်ဆောင်တာမျိုးဖြစ်ပြီး အင်အားသုံးဖြေရှင်းဖို့ ရည်ရွယ်တာမျိုးဖြစ်ကြောင်း ဝေဖန်ထားပါတယ်။


Zawgyi Version; 








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားသည့် အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်တင်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved