Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားသည့် အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်တင်

NP News - ဒီဇင်ဘာ ၂၆

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားသည့် အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက် တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ အကျဉ်းထောင်တရားရုံးတွင် ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်)၌ အပြီး သတ်လျှောက်လဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သောသတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

NLD အစိုးရလက်ထက်တွင် ရဟတ်ယာဉ်တစ်စီးအား ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်းတို့နှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးအပေါ် အဂတိအမှု(၅)မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

“အပြီးသတ်လျှောက်လဲချက် တင်ပြီးသွားပြီ။ မနက်ဖြန်လည်း မခေါ်တော့ဘူး။အပြီးသတ်လျှောက်လဲချက် တင်လိုက်ပြီပေါ့။ ဒီလထဲမှာပဲ အမှုအားလုံး ပြီးပြတ်သွားဖို့ရှိပါတယ်”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် လာမည့် ရက်သတ္တတစ်ပတ်အတွင်း အမိန့်ချမှတ်သွားဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစု ပေါင်း (၁၉)မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

လက်ရှိတွင် အမှုပေါင်း(၁၉)မှုအနက် (၁၄)မှုမှာ အမိန့်ချမှတ်ထားပြီးဖြစ်ကာ ထောင်ဒဏ်(၂၆)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့ပြင် မကြာခင်အချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရလျက်ရှိသည့် အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ ထပ်မံအမိန့်ချမှတ်သွားဖွယ်ရှိသည်။

တရားရုံးများ၌ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ထွက်ဆိုခဲ့သော ထွက်ဆိုချက်များအား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနေဖြင့် မိတ္တူကူးယူခွင့်ရှိကြောင်းသိရသည်။

သို့သော် ၎င်းအချက်အလက်များအား အများပြည်သူသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ချပြပိုင်ခွင့်မရှိကြောင်း သိရသည်။


zawgyi version


NP News - ဒီဇင်ဘာ ၂၆










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားမင်းသား ဆောင်ဂျွန်ကီက ဗြိတိန်အမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်နေ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved