Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထန်းတပင် မြို့နယ်အတွင်းရှိ လျှပ်စစ်တာဝါတိုင်အား အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲဖျက်ဆီး

Pearl (NP News) - ဧပြီ ၁၉

ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ်တွင် လျှပ်စစ်တာဝါတိုင်အား အကြမ်းဖက်သမားများမှ မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်၊ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာ၏ အရှေ့ဘက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါကျေးရွာအရှေ့ဘက်ရှိ သစ်တောအတွင်း စိုက်ထူထားသော သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်းမှ ဟင်းငုတ်ပင်ဓာတ်အားခွဲရုံသို့ပို့လွှတ်သည့် လျှပ်စစ်တာဝါတိုင်အမှတ် T 25 အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖျက်ဆီးမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တာဝါတိုင်အောက်ခြေအုတ်ဖိနပ်ခံတိုင် (၄)တိုင်ရှိသည့်အနက် (၂)တိုင်မှာ ပြတ်ထွက်သွားပြီး တောင်ဘက်သို့ (၃ဝ) ဒီဂရီခန့် တိမ်းစောင်းသွားခဲ့ကာ လျှပ်စစ်မီးပို့လွှတ်မှုအား ခေတ္တဖြတ်တောက်ထားရှိကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။ 

လက်ရှိတွင် ပျက်စီးခဲ့သည့် လျှပ်စစ်တာဝါတိုင်အား ပြန်လည်ပြင်ဆင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

‌ထို့ပြင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

zawgyi version

ထန္းတပင္ ၿမိဳ႕နယ္အတြင္းရွိ လွ်ပ္စစ္တာဝါတိုင္အား အၾကမ္းဖက္အဖြဲ႕မွ မိုင္းခြဲဖ်က္ဆီး

Pearl (NP News) - ဧၿပီ ၁၉

ပဲခူးတိုင္း ၊ ထန္းတပင္ၿမိဳ႕နယ္တြင္ လွ်ပ္စစ္တာဝါတိုင္အား အၾကမ္းဖက္သမားမ်ားမွ မိုင္းေထာင္ေဖာက္ ခြဲဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။ 

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဧၿပီလ ၁၆ ရက္၊ နံနက္ ၁ဝ နာရီခြဲအခ်ိန္ခန႔္တြင္ ထန္းတပင္ၿမိဳ႕နယ္၊ ႐ြာသာယာေက်း႐ြာ၏ အေရွ႕ဘက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 

အဆိုပါေက်း႐ြာအေရွ႕ဘက္ရွိ သစ္ေတာအတြင္း စိုက္ထူထားေသာ ေသာက္ေရခပ္ ေရအားလွ်ပ္စစ္စီမံကိန္းမွ ဟင္းငုတ္ပင္ဓာတ္အားခြဲ႐ုံသို႔ပို႔လႊတ္သည့္ လွ်ပ္စစ္တာဝါတိုင္အမွတ္ T 25 အား အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဖ်က္ဆီးမႈေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး တာဝါတိုင္ေအာက္ေျခအုတ္ဖိနပ္ခံတိုင္ (၄)တိုင္ရွိသည့္အနက္ (၂)တိုင္မွာ ျပတ္ထြက္သြားၿပီး ေတာင္ဘက္သို႔ (၃ဝ) ဒီဂရီခန႔္ တိမ္းေစာင္းသြားခဲ့ကာ လွ်ပ္စစ္မီးပို႔လႊတ္မႈအား ေခတၱျဖတ္ေတာက္ထားရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။ 

လက္ရွိတြင္ ပ်က္စီးခဲ့သည့္ လွ်ပ္စစ္တာဝါတိုင္အား ျပန္လည္ျပင္ဆင္ႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ 

‌ထို႔ျပင္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KNU ဥက္ကဋ္ဌ ရုတ်တရက် သတိလစ်မှုဖြစ်ပွားခဲ့ရာ မဲဆောက်မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေ

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved