Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံတွင် လျှို့ဝှက်ရဲစခန်းတည်ထောင်မည့်တရုတ်အစိုးရအား ကူညီပေးနေသူနှစ်ဦးကို ဖမ်းဆီးခဲ့ဟုဆို

Pika (NP News) - ဧပြီ ၁၈

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တရားရေးရာဌာနတစ်ခုသည် ဧပြီလ(၁၇)ရက်တွင် နယူးယောက်မြို့တွင် နေထိုင်သူ(၂)ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ 

၎င်းတို့နှစ်ဦးသည် မန်ဟက်တန်စီရင်စုတွင် တရုတ်အစိုးရအား လျှို့ဝှက်ရဲစခန်းတစ်ခု ထူထောင်ရာတွင် ကူညီပေးမှု၊ FBIအဖွဲ့ထံမှ အထောက်အထားများကို ဖုံးကွယ်ရန်ကြိုးပမ်းမှုတို့ဖြင့် တရားစွဲဆိုခံထားရကြောင်းသိရသည်။ အသက်(၆၁)နှစ်အရွယ် Harry Lu Jianwang နှင့် အသက်(၅၉)နှစ်အရွယ်  Chen Jinping တို့သည် Bronx စီရင်စုနှင့် မန်ဟက်တန်စီရင်စုရှိ ၎င်းတို့၏နေအိမ်များတွင် ဧပြီလ(၁၇)ရက်၊ နံနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း တရားရေးရာဌာနက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးလုံးသည် တရုတ်အစိုးရ၏အေးဂျင့်များအဖြစ် လုပ်ဆောင်ရန်ပူးပေါင်းကြံစည်မှုနှင့် တရားမျှတမှုကို နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ခံရပြီး ပြစ်မှုထင်ရှားမည်ဆိုပါက ထောင်ဒဏ်(၂၅)နှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးသည် အမေရိကန်မြေပေါ်တွင် တရားမဝင် MPS ရဲစခန်းကို ခိုးကြောင်ခိုးဝှက်ဖွင့်ရန်အတွက် တရုတ်ပြည်ထဲရေးဝန်ကြီးဌာန (MPS)နှင့် ဆက်ဆံရေးများရှိခဲ့ဖူးကြောင်း ဖက်ဒရယ်အစိုးရရှေ့နေများ၏ အဆိုအရ သိရသည်။ 

အမေရိကန်ဒုတိယရှေ့နေချုပ်ဖြစ်သူ Matthew Olsen က"တရုတ်နိုင်ငံဟာ သူတို့ရဲ့ လုံခြုံရေးယန္တရားကနေတစ်ဆင့် အတိုက်အခံတွေနဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေကို စောင့်ကြည့်ဖို့နဲ့ခြိမ်းခြောက်ဖို့အတွက် နယူးယောက်မြို့မှာ လျှို့ဝှက်ရဲစခန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်က နိုင်ငံတော်ကျင့်ဝတ်နဲ့ စည်းမျဥ်းတွေကို ကျော်လွန်သွားတာပါ"ဟုပြောဆိုခဲ့သည်။

နယူးယောက်မြို့ အရှေ့ပိုင်းခရိုင်မှ အမေရိကန်ရှေ့နေ Breon Peace က"လျှို့ဝှက်ရဲစခန်းတည်ရှိမှုက ကျွန်တော်တို့ရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို ထင်ရှားစွာချိုးဖောက်တာပဲဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးက အမေရိကန်နိုင်ငံရဲ့မြေပေါ်မှာ သို့မဟုတ် နယူးယောက်မြို့မှာ ရှိမနေသင့်ပါဘူး"ဟုပြောဆိုခဲ့သည်။ 

Harry Lu Jianwang နှင့် Chen Jinping တို့သည် (၂ဝ၂၂)ခုနှစ် အောက်တိုဘာလက ရဲစခန်းကို အက်ဖ်ဘီအိုင်အဖွဲ့ကဝင်ရောက်စီးနင်းမှုအတွင်း သိမ်းဆည်းရမိခဲ့သော ဖုန်းများမှ MPS အရာရှိများနှင့် စကား ပြောဆိုမှုများကို ဖျက်ပစ်ခဲ့ကြောင်း အက်ဖ်ဘီအိုင်အဖွဲ့က ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်တရားရေးရာဌာနသည် အင်တာနက်ကိုအသုံးပြုပြီး အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်အစိုးရဆန့်ကျင်ရေးအတိုက်အခံများကို ခြိမ်းခြောက်မှုနှင့်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သော တရုတ်နိုင်ငံသားစုစုပေါင်း(၄၄)ဦးကို တရားစွဲဆိုထားကြောင်းလည်းသိရသည်။

zawgyi version

အေမရိကန္ႏိုင္ငံတြင္ လွ်ိဳ႕ဝွက္ရဲစခန္းတည္ေထာင္မည့္တ႐ုတ္အစိုးရအား ကူညီေပးေနသူႏွစ္ဦးကို ဖမ္းဆီးခဲ့ဟုဆို

Pika (NP News) - ဧၿပီ ၁၈

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ တရားေရးရာဌာနတစ္ခုသည္ ဧၿပီလ(၁၇)ရက္တြင္ နယူးေယာက္ၿမိဳ႕တြင္ ေနထိုင္သူ(၂)ဦးကို ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။ 

၎တို႔ႏွစ္ဦးသည္ မန္ဟက္တန္စီရင္စုတြင္ တ႐ုတ္အစိုးရအား လွ်ိဳ႕ဝွက္ရဲစခန္းတစ္ခု ထူေထာင္ရာတြင္ ကူညီေပးမႈ၊ FBIအဖြဲ႕ထံမွ အေထာက္အထားမ်ားကို ဖုံးကြယ္ရန္ႀကိဳးပမ္းမႈတို႔ျဖင့္ တရားစြဲဆိုခံထားရေၾကာင္းသိရသည္။ အသက္(၆၁)ႏွစ္အ႐ြယ္ Harry Lu Jianwang ႏွင့္ အသက္(၅၉)ႏွစ္အ႐ြယ္  Chen Jinping တို႔သည္ Bronx စီရင္စုႏွင့္ မန္ဟက္တန္စီရင္စုရွိ ၎တို႔၏ေနအိမ္မ်ားတြင္ ဧၿပီလ(၁၇)ရက္၊ နံနက္အေစာပိုင္းက ဖမ္းဆီးခံခဲ့ရေၾကာင္း တရားေရးရာဌာနက ေျပာၾကားခဲ့သည္။

၎တို႔ႏွစ္ဦးလုံးသည္ တ႐ုတ္အစိုးရ၏ေအးဂ်င့္မ်ားအျဖစ္ လုပ္ေဆာင္ရန္ပူးေပါင္းႀကံစည္မႈႏွင့္ တရားမွ်တမႈကို ေႏွာင့္ယွက္မႈတို႔ျဖင့္ စြဲခ်က္တင္ခံရၿပီး ျပစ္မႈထင္ရွားမည္ဆိုပါက ေထာင္ဒဏ္(၂၅)ႏွစ္အထိ က်ခံရႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။ ၎တို႔ႏွစ္ဦးသည္ အေမရိကန္ေျမေပၚတြင္ တရားမဝင္ MPS ရဲစခန္းကို ခိုးေၾကာင္ခိုးဝွက္ဖြင့္ရန္အတြက္ တ႐ုတ္ျပည္ထဲေရးဝန္ႀကီးဌာန (MPS)ႏွင့္ ဆက္ဆံေရးမ်ားရွိခဲ့ဖူးေၾကာင္း ဖက္ဒရယ္အစိုးရေရွ႕ေနမ်ား၏ အဆိုအရ သိရသည္။ 

အေမရိကန္ဒုတိယေရွ႕ေနခ်ဳပ္ျဖစ္သူ Matthew Olsen က"တ႐ုတ္ႏိုင္ငံဟာ သူတို႔ရဲ႕ လုံၿခဳံေရးယႏၲရားကေနတစ္ဆင့္ အတိုက္အခံေတြနဲ႔ အစိုးရကိုဆန႔္က်င္တဲ့သူေတြကို ေစာင့္ၾကည့္ဖို႔နဲ႔ၿခိမ္းေျခာက္ဖို႔အတြက္ နယူးေယာက္ၿမိဳ႕မွာ လွ်ိဳ႕ဝွက္ရဲစခန္းတစ္ခုကို တည္ေထာင္ခဲ့ပါတယ္။ ဒီလုပ္ရပ္က ႏိုင္ငံေတာ္က်င့္ဝတ္နဲ႔ စည္းမ်ဥ္းေတြကို ေက်ာ္လြန္သြားတာပါ"ဟုေျပာဆိုခဲ့သည္။

နယူးေယာက္ၿမိဳ႕ အေရွ႕ပိုင္းခ႐ိုင္မွ အေမရိကန္ေရွ႕ေန Breon Peace က"လွ်ိဳ႕ဝွက္ရဲစခန္းတည္ရွိမႈက ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို ထင္ရွားစြာခ်ိဳးေဖာက္တာပဲျဖစ္ပါတယ္။ ဒီလိုစခန္းမ်ိဳးက အေမရိကန္ႏိုင္ငံရဲ႕ေျမေပၚမွာ သို႔မဟုတ္ နယူးေယာက္ၿမိဳ႕မွာ ရွိမေနသင့္ပါဘူး"ဟုေျပာဆိုခဲ့သည္။ 

Harry Lu Jianwang ႏွင့္ Chen Jinping တို႔သည္ (၂ဝ၂၂)ခုႏွစ္ ေအာက္တိုဘာလက ရဲစခန္းကို အက္ဖ္ဘီအိုင္အဖြဲ႕ကဝင္ေရာက္စီးနင္းမႈအတြင္း သိမ္းဆည္းရမိခဲ့ေသာ ဖုန္းမ်ားမွ MPS အရာရွိမ်ားႏွင့္ စကား ေျပာဆိုမႈမ်ားကို ဖ်က္ပစ္ခဲ့ေၾကာင္း အက္ဖ္ဘီအိုင္အဖြဲ႕က ေျပာၾကားခဲ့သည္။ ထို႔ျပင္ အေမရိကန္တရားေရးရာဌာနသည္ အင္တာနက္ကိုအသုံးျပဳၿပီး အေမရိကန္အပါအဝင္ ကမာၻတစ္ဝွမ္းရွိ တ႐ုတ္အစိုးရဆန႔္က်င္ေရးအတိုက္အခံမ်ားကို ၿခိမ္းေျခာက္မႈႏွင့္ေႏွာင့္ယွက္မႈမ်ား ျပဳလုပ္ခဲ့ေသာ တ႐ုတ္ႏိုင္ငံသားစုစုေပါင္း(၄၄)ဦးကို တရားစြဲဆိုထားေၾကာင္းလည္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထန်းတပင် မြို့နယ်အတွင်းရှိ လျှပ်စစ်တာဝါတိုင်အား အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲဖျက်ဆီး

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved