Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သင်္ကြန်ကာလ၌ ရန်ကုန်မြို့ရှိ လူစည်ကားရာမဏ္ဍပ်များကို မိုင်းထောင်ဖောက်ခွဲရန် စီစဥ်နေသူ(၂)ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ

NP News - ဧပြီ ၁ဝ

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားသော မဏ္ဍပ်များကို မိုင်းထောင်ဖောက်ခွဲရန် စီစဥ်နေသူများကို ‌ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ဧပြီလ(၈)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ(၄)ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုံစမ်းစစ်ဆေးမှုအရ ကြည့်မြင်တိုင်မြို့ နယ်၊ မကျည်းတန်းတောင်ရပ်ကွက်၊ ရွှေလှိုင်လမ်းရှိ အိမ်အမှတ်(၈ဝ)၌ Special Task Agency – STA အကြမ်းဖက်အဖွဲ့ဝင် ကိုဇော်ထက်အောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်း၏ ထွက်ဆိုချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ ‌ဈေးကြီး(အရှေ့)ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ တိုက်အမှတ်(၇၁)တွင် STA အဖွဲ့ဝင် ကိုရဲမင်းပိုင်ကို Sig Sauer ပစ္စတို(၁)လက်၊ Glock ပစ္စတို(၁) လက်၊ ပစ္စတိုကျည်အိမ်(၃)ခု၊ ပွိုင့်- ၃၈ဝ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက်(၅ဝ)ခု၊ ဒီတိုနေတာ (၁၈)ခု၊ ယမ်းမှုန့် (၉)ခု၊ ကာဗွန် (၂ဝဝ)ချောင်း၊ ကန့် (၁)ထုပ်၊ သံဘောစေ့ (၁၃) ဘူး၊ သံတိုသံစ (၁)အိတ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဖြစ်စဥ်တွင် STA အဖွဲ့ဝင် အမျိုးသား(၂)ဦးကို ပစ္စတို(၂)လက်၊ ကျည်အိမ်(၃)ခု၊ ပွိုင့်- ၃၈ဝ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက်(၅ဝ)ခု၊ ဒီတိုနေတာ (၁၈)ခု၊ ယမ်းမှုန့် (၉)ခု၊ ကာဗွန် (၂ဝဝ)ချောင်း၊ ကန့် (၁)ထုပ်၊ သံဘောစေ့ (၁၃) ဘူး၊ သံတိုသံစ (၁)အိတ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့(၂)ဦးသည် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလခန့်တွင် NLD ပါတီမှ ထွက်ပြေးတိမ်းရှောင်နေသူ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုစိုးသူရထွန်း အပါအဝင် စွန်ရဲနှင့် ကိုတေဇတို့ ခေါင်းဆောင်ပြီး အဖွဲ့ဝင်(၂ဝ)ဦးဖြင့် Special Task Agency – STA အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများကို ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

ထို့ပြင် ငွေကြေးချမ်းသာသူများကို လက်နက်ဖြင့် ခြိမ်း‌ခြောက်ပြီး ဓားပြတိုက်ခြင်း၊ အကျပ်ကိုင်ခြိမ်း ခြောက်ပြီး ငွေတောင်းခံခြင်းနှင့် ပြည်သူပိုင်အဆောက်အဦများကို ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုထားသည်။

၎င်းတို့(၂)ဦးသည် ဖမ်းဆီးရန်ကျန်ရှိသည့် ထွက်ပြေးတိမ်းရှောင်နေသူ ကိုစိုးသူရထွန်းနှင့် ကိုစွန်ရဲ၊ ကိုတေ ဇတို့၏ ခိုင်းစေမှုဖြင့် ပေါက်ကွဲအား ပြင်းထန်သည့် ယမ်းများအား ကော်ခွက်အခု(၅၀)အတွင်း ထည့်ကာ သင်္ကြန်ကာလအတွင်း ဖောက်ခွဲမှုများပြုလုပ်ရန် စီစဥ်ထားခဲ့ကြောင်း သိရသည်။

အဆိုပါ ယမ်းများထည့်ထားသည့် ကော်ခွက်အခု(၅ဝ)ကို ကြည့်မြင်တိုင်မြို့နယ်၊ ‌ဈေးကြီးအ‌နောက်ရပ်ကွက်၊ ကျောင်းကြီးလမ်း ရှိ သင်္ကြန်မဏ္ဍပ်အား လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်းရုံးအားလည်းကောင်း ဖောက်ခွဲမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထွက်ဆိုချက်အရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ လူစည်ကားသည့် သင်္ကြန်မဏ္ဍပ်များကိုလည်း မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ချိန်ထဲတွင် ပစ္စတို(၂)လက်ဖြင့် ပစ်ခတ်သွားရန် စီစဥ်ထားရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းများအောင်မြင်ပါက ထွက်ပြေးတိမ်းရှောင်နေသူ ကိုစိုးသူရထွန်းမှ ငွေကျပ်(၁ဝ)သိန်းပေးမည်ဟု ညှိနှိုင်းသဘောတူထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် Special Task Agency – STA အဖွဲ့ဝင်(၂)ဦးကို ဥပဒေအရ ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version

သၾကၤန္ကာလ၌ ရန္ကုန္ၿမိဳ႕ရွိ လူစည္ကားရာမ႑ပ္မ်ားကို မိုင္းေထာင္ေဖာက္ခြဲရန္ စီစဥ္ေနသူ(၂)ဦးကို ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းမိ

NP News - ဧၿပီ ၁ဝ

သၾကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕ေပၚရွိ လူစည္ကားေသာ မ႑ပ္မ်ားကို မိုင္းေထာင္ေဖာက္ခြဲရန္ စီစဥ္ေနသူမ်ားကို ‌ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ဧၿပီလ(၈)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဧၿပီလ(၄)ရက္ ညပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ စုံစမ္းစစ္ေဆးမႈအရ ၾကည့္ျမင္တိုင္ၿမိဳ႕ နယ္၊ မက်ည္းတန္းေတာင္ရပ္ကြက္၊ ေ႐ႊလႈိင္လမ္းရွိ အိမ္အမွတ္(၈ဝ)၌ Special Task Agency – STA အၾကမ္းဖက္အဖြဲ႕ဝင္ ကိုေဇာ္ထက္ေအာင္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎၏ ထြက္ဆိုခ်က္အရ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ‌ေဈးႀကီး(အေရွ႕)ရပ္ကြက္၊ ေက်ာင္းႀကီးလမ္းရွိ တိုက္အမွတ္(၇၁)တြင္ STA အဖြဲ႕ဝင္ ကိုရဲမင္းပိုင္ကို Sig Sauer ပစၥတို(၁)လက္၊ Glock ပစၥတို(၁) လက္၊ ပစၥတိုက်ည္အိမ္(၃)ခု၊ ပြိဳင့္- ၃၈ဝ က်ည္ ၄၄ ေတာင့္၊ လက္လုပ္မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳမည့္ ေကာ္ခြက္(၅ဝ)ခု၊ ဒီတိုေနတာ (၁၈)ခု၊ ယမ္းမႈန႔္ (၉)ခု၊ ကာဗြန္ (၂ဝဝ)ေခ်ာင္း၊ ကန႔္ (၁)ထုပ္၊ သံေဘာေစ့ (၁၃) ဘူး၊ သံတိုသံစ (၁)အိတ္တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ျဖစ္စဥ္တြင္ STA အဖြဲ႕ဝင္ အမ်ိဳးသား(၂)ဦးကို ပစၥတို(၂)လက္၊ က်ည္အိမ္(၃)ခု၊ ပြိဳင့္- ၃၈ဝ က်ည္ ၄၄ ေတာင့္၊ လက္လုပ္မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳမည့္ ေကာ္ခြက္(၅ဝ)ခု၊ ဒီတိုေနတာ (၁၈)ခု၊ ယမ္းမႈန႔္ (၉)ခု၊ ကာဗြန္ (၂ဝဝ)ေခ်ာင္း၊ ကန႔္ (၁)ထုပ္၊ သံေဘာေစ့ (၁၃) ဘူး၊ သံတိုသံစ (၁)အိတ္ တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ၎တို႔(၂)ဦးသည္ ေဖာက္ခြဲေရးသင္တန္းမ်ား တက္ေရာက္ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလခန႔္တြင္ NLD ပါတီမွ ထြက္ေျပးတိမ္းေရွာင္ေနသူ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုစိုးသူရထြန္း အပါအဝင္ စြန္ရဲႏွင့္ ကိုေတဇတို႔ ေခါင္းေဆာင္ၿပီး အဖြဲ႕ဝင္(၂ဝ)ဦးျဖင့္ Special Task Agency – STA အဖြဲ႕ကို ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ရန္ကုန္တိုင္းအတြင္းရွိ ဆရာ၊ ဆရာမမ်ား အပါအဝင္ ႏိုင္ငံဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားကို ဒလန္ဟုစြပ္စြဲကာ လုပ္ႀကံသတ္ျဖတ္ခဲ့ေၾကာင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။

ထို႔ျပင္ ေငြေၾကးခ်မ္းသာသူမ်ားကို လက္နက္ျဖင့္ ၿခိမ္း‌ေျခာက္ၿပီး ဓားျပတိုက္ျခင္း၊ အက်ပ္ကိုင္ၿခိမ္း ေျခာက္ၿပီး ေငြေတာင္းခံျခင္းႏွင့္ ျပည္သူပိုင္အေဆာက္အဦမ်ားကို ေဖာက္ခြဲမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု နစကမွ ဆိုထားသည္။

၎တို႔(၂)ဦးသည္ ဖမ္းဆီးရန္က်န္ရွိသည့္ ထြက္ေျပးတိမ္းေရွာင္ေနသူ ကိုစိုးသူရထြန္းႏွင့္ ကိုစြန္ရဲ၊ ကိုေတ ဇတို႔၏ ခိုင္းေစမႈျဖင့္ ေပါက္ကြဲအား ျပင္းထန္သည့္ ယမ္းမ်ားအား ေကာ္ခြက္အခု(၅၀)အတြင္း ထည့္ကာ သၾကၤန္ကာလအတြင္း ေဖာက္ခြဲမႈမ်ားျပဳလုပ္ရန္ စီစဥ္ထားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယမ္းမ်ားထည့္ထားသည့္ ေကာ္ခြက္အခု(၅ဝ)ကို ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ‌ေဈးႀကီးအ‌ေနာက္ရပ္ကြက္၊ ေက်ာင္းႀကီးလမ္း ရွိ သၾကၤန္မ႑ပ္အား လည္းေကာင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္အတြင္းရွိ လူမႈကူညီေရးပရဟိတအသင္း႐ုံးအားလည္းေကာင္း ေဖာက္ခြဲမႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ထြက္ဆိုခ်က္အရ သိရသည္။

ထို႔ျပင္ ရန္ကုန္ၿမိဳ႕အတြင္းရွိ လူစည္ကားသည့္ သၾကၤန္မ႑ပ္မ်ားကိုလည္း မိုင္းေထာင္ေဖာက္ခြဲမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး တစ္ခ်ိန္ထဲတြင္ ပစၥတို(၂)လက္ျဖင့္ ပစ္ခတ္သြားရန္ စီစဥ္ထားရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ လုပ္ငန္းမ်ားေအာင္ျမင္ပါက ထြက္ေျပးတိမ္းေရွာင္ေနသူ ကိုစိုးသူရထြန္းမွ ေငြက်ပ္(၁ဝ)သိန္းေပးမည္ဟု ညႇိႏႈိင္းသေဘာတူထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သည့္ Special Task Agency – STA အဖြဲ႕ဝင္(၂)ဦးကို ဥပေဒအရ ထိေရာက္စြာ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူဆယ်မြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ သေနတ်(၁၇)လက် နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved