Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူဆယ်မြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ သေနတ်(၁၇)လက် နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

စော (NP News) - ဧပြီ ၁ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် သေနတ်(၁၇)လက်အပါအဝင် လက်နက်ပစ္စည်းမျိုးစုံ နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဧပြီလ ၉ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော၏နေအိမ်ကို ဧပြီလ ၅ ရက်၊မွန်းလွဲ(၁) နာရီခွဲအချိန်တွင် ရှာဖွေစစ်ဆေးခဲ့ရာ ဂွမ်းမိုင်၊အဆာဖ နှင့် ဇော်လတ်တို့အား M 21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုးအစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ 22 Sniper (၁)လက်၊ ၁၂ ဗို့ (၁)လုံးထိုးပြောင်းချောသေနတ် (၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်တို့ကို သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၇.၆၂ x ၃၉ကျည်(၈၉)တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး(၁)လုံး၊ ကျည်အိမ်မျိုးစုံ(၁၅)ခု နှင့် လက်နက်ပြုပြင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းတို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ(၂)နာရီခွဲအချိန်တွင် အိုက်ကော၏နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၃ဝ၅ဝ)ပြား၊ ကက်တမင်း(၈)ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water (၉၉) ဂရမ်၊ ကျည်မျိုးစုံ (၂၉)တောင့် နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ငွေကျပ် (၁ ဒသမ ၁ ဘီလျံ)တန်ဖိုးရှိသော  ဘိန်းဖြူ (၂၂)ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ထွန်းနိုင်ဦး၏နေအိမ်ကို ဧပြီလ ၆ ရက်၊ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ရှာဖွေခဲ့ရာ ဆပ်ပြာခွက်(၁၁ဝဝ)ခွက်အတွင်း၌ ဘိန်းဖြူအလေးချိန် (၁၁)ကီလိုကို သိမ်းဆည်းခဲ့ကြောင်း  သိရသည်။

ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်အရ ညနေ(၄)နာရီခွဲအချိန်တွင် ကလေး-တမူးကားဝင်းအတွင်းတွင် ဘိန်းဖြူများလာရောက်အပ်နှံသည့် ထက်ဇော်အား HiAce မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါတပ်ဖွဲ့မှဆိုသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ (၅)နာရီအချိန်တွင် အဆိုပါရပ်ကွက်တွင် နေထိုင်သော ရန်ပိုင်ဌေး၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါသိမ်းဆည်းရမိသော ဘိန်းဖြူများကို မန္တလေးမှ ကလေးသို့သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version

မူဆယ္ၿမိဳ႕ရွိ ေနအိမ္တစ္လုံးအတြင္းမွ ေသနတ္(၁၇)လက္ ႏွင့္ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ

ေစာ (NP News) - ဧၿပီ ၁ဝ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕တြင္ ေသနတ္(၁၇)လက္အပါအဝင္ လက္နက္ပစၥည္းမ်ိဳးစုံ ႏွင့္ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယမန္ေန႔ (ဧၿပီလ ၉ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါျဖစ္စဥ္သည္ မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္ရွိ အိုက္ေကာ၏ေနအိမ္ကို ဧၿပီလ ၅ ရက္၊မြန္းလြဲ(၁) နာရီခြဲအခ်ိန္တြင္ ရွာေဖြစစ္ေဆးခဲ့ရာ ဂြမ္းမိုင္၊ အဆာဖ ႏွင့္ ေဇာ္လတ္တို႔အား M 21 ႐ိုင္ဖယ္(၁၃)လက္၊ ပါရီအမ်ိဳးအစား 81 ႐ိုင္ဖယ္ဒင္ေခါက္(၁)လက္၊ 22 Sniper (၁)လက္၊ ၁၂ ဗို႔ (၁)လုံးထိုးေျပာင္းေခ်ာေသနတ္ (၁)လက္၊ လက္လုပ္ေသနတ္ဒင္ေခါက္(၁)လက္တို႔ကို သိမ္းဆည္ရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၇.၆၂ x ၃၉က်ည္(၈၉)ေတာင့္၊ ႀကိဳးဆြဲလက္ပစ္ဗုံး(၁)လုံး၊ က်ည္အိမ္မ်ိဳးစုံ(၁၅)ခု ႏွင့္ လက္နက္ျပဳျပင္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ၎တို႔(၃)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ထပ္မံစစ္ေဆးေဖာ္ထုတ္ခ်က္အရ မြန္းလြဲ(၂)နာရီခြဲအခ်ိန္တြင္ အိုက္ေကာ၏ေနအိမ္ကို ထပ္မံရွာေဖြခဲ့ရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၃ဝ၅ဝ)ျပား၊ ကက္တမင္း(၈)ဂရမ္၊ စိတ္ေျပာင္းေဆးဝါး Happy Water (၉၉) ဂရမ္၊ က်ည္မ်ိဳးစုံ (၂၉)ေတာင့္ ႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္ရမိခဲ့ေၾကာင္း သိရသည္။

အလားတူ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕တြင္ ေငြက်ပ္ (၁ ဒသမ ၁ ဘီလ်ံ)တန္ဖိုးရွိေသာ  ဘိန္းျဖဴ (၂၂)ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ကေလးၿမိဳ႕၊ ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ရွိ ထြန္းႏိုင္ဦး၏ေနအိမ္ကို ဧၿပီလ ၆ ရက္၊ မြန္းလြဲ(၁)နာရီခြဲအခ်ိန္တြင္ ရွာေဖြခဲ့ရာ ဆပ္ျပာခြက္(၁၁ဝဝ)ခြက္အတြင္း၌ ဘိန္းျဖဴအေလးခ်ိန္ (၁၁)ကီလိုကို သိမ္းဆည္းခဲ့ေၾကာင္း  သိရသည္။

ထို႔ျပင္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ညေန(၄)နာရီခြဲအခ်ိန္တြင္ ကေလး-တမူးကားဝင္းအတြင္းတြင္ ဘိန္းျဖဴမ်ားလာေရာက္အပ္ႏွံသည့္ ထက္ေဇာ္အား HiAce ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း အထက္ပါတပ္ဖြဲ႕မွဆိုသည္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ညေန (၅)နာရီအခ်ိန္တြင္ အဆိုပါရပ္ကြက္တြင္ ေနထိုင္ေသာ ရန္ပိုင္ေဌး၏ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း  သိရသည္။

အဆိုပါသိမ္းဆည္းရမိေသာ ဘိန္းျဖဴမ်ားကို မႏၲေလးမွ ကေလးသို႔သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရၿပီး ၎တို႔အား ဥပေဒအရ အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတိုင်းအတွင်း တစ်ရက်တည်း၌ သံဃာတစ်ပါးအပါအဝင် (၃)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ (၂)ဦးသေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved