Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်ချုပ်၏ လမ်းညွှန်မှုအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ်တည်နေရာ၌ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်စိုက်ထူး

မျိုးကြီး (NP News) - ဧပြီ ၁ဝ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ်တည်နေရာကို အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ်တည်နေရာ၌ အောင်မြေကျောက်တိုင်စိုက်ထူးခြင်းအခမ်းအနားကို ဧပြီလ ၉ ရက်တွင်ကျင်းပခဲ့ပြီး တပ်ချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

တပ်ချုပ်သည် ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကိုကိုးကျွန်းမြို့သို့ လာရောက်သည့်ခရီးစဉ်၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ဆုံမှတ်နေရာတွင် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုစိုက်ထူရန် လမ်းညွှန်ချက်အရ ယခုကဲ့သို့ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင်(Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆက်စပ်နေရာတွင်တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့ပြင် ၎င်းကျွန်းသည် ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင်အကျယ်ဆုံး ပင်လယ်အော်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက်ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများတည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ် နိုင်ငံခြားကုန်သွယ်ရေယာဉ် အစင်းရေ (၈ဝဝဝ) ခန့်ဖြတ်သန်းသွားလာလျက်ရှိကာ နိုင်ငံတကာရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။

zawgyi version

တပ္ခ်ဳပ္၏ လမ္းၫႊန္မႈအရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ဆုံမွတ္တည္ေနရာ၌ ေအာင္ေျမအထိမ္းအမွတ္ေက်ာက္တိုင္စိုက္ထူး

မ်ိဳးႀကီး (NP News) - ဧၿပီ ၁ဝ

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ လမ္းၫႊန္မႈအရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ဆုံမွတ္တည္ေနရာကို ေအာင္ေျမအထိမ္းအမွတ္ ေက်ာက္တိုင္စိုက္ထူးခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္း၊ ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ဆုံမွတ္တည္ေနရာ၌ ေအာင္ေျမေက်ာက္တိုင္စိုက္ထူးျခင္းအခမ္းအနားကို ဧၿပီလ ၉ ရက္တြင္က်င္းပခဲ့ၿပီး တပ္ခ်ဳပ္ကိုယ္တိုင္ တက္ေရာက္ခဲ့သည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေအာင္ေျမအထိမ္းအမွတ္ေက်ာက္တိုင္ကို စက္ခလုပ္ႏွိပ္၍ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

တပ္ခ်ဳပ္သည္ ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္တြင္ ကိုကိုးကြၽန္းၿမိဳ႕သို႔ လာေရာက္သည့္ခရီးစဥ္၌ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ဆုံမွတ္ေနရာတြင္ အထိမ္းအမွတ္ေက်ာက္တိုင္တစ္ခုစိုက္ထူရန္ လမ္းၫႊန္ခ်က္အရ ယခုကဲ့သို႔ ေအာင္ေျမအထိမ္းအမွတ္ေက်ာက္တိုင္ကို စိုက္ထူခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

ကိုကိုးကြၽန္းသည္ ကပၸလီပင္လယ္ျပင္(Andaman Sea) ႏွင့္ ဘဂၤလားပင္လယ္ေအာ္ (Bay of Bengal) ဆက္စပ္ေနရာတြင္တည္ရွိၿပီး မဂၤလာကြၽန္း၊ စလစ္ပါကြၽန္း၊ ႂကြက္ကြၽန္း၊ ဂ်ယ္ရီကြၽန္းႏွင့္ ကိုကိုးေလးကြၽန္းမ်ားျဖင့္ ပါဝင္ဖြဲ႕စည္းထားေၾကာင္း သိရသည္။

ထို႔ျပင္ ၎ကြၽန္းသည္ ရန္ကုန္ၿမိဳ႕မွ ေရမိုင္ ၂၄၂ မိုင္အကြာ၊ ဟိုင္းႀကီးကြၽန္းမွ ေရမိုင္ ၁၂၅ မိုင္အကြာတြင္ တည္ရွိေၾကာင္း သိရသည္။

ဘဂၤလားပင္လယ္ေအာ္သည္ အိႏၵိယသမုဒၵရာ၏ အစိတ္အပိုင္းတစ္ခုျဖစ္ေသာ အေရွ႕ေျမာက္ဘက္ပိုင္း ေရျပင္ျဖစ္ကာ အေနာက္ႏွင့္ အေနာက္ေျမာက္ဘက္တြင္ အိႏၵိယႏိုင္ငံ၊ အေရွ႕ဘက္တြင္ ျမန္မာႏိုင္ငံ၊ ေတာင္ဘက္တြင္ အက္ဒမန္ႏွင့္ နီကိုဘားကြၽန္းတို႔ တည္ရွိေၾကာင္း သိရသည္။

ဘဂၤလားပင္လယ္ေအာ္သည္ ကမာၻေပၚရွိ ပင္လယ္ေအာ္မ်ားအနက္ ေရျပင္အက်ယ္ဆုံး ပင္လယ္ေအာ္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ကပၸလီပင္လယ္ျပင္၏ ေတာင္ဘက္အက်ဆုံးေနရာတြင္ ႏိုင္ငံတကာကုန္သြယ္ေရေၾကာင္း၏ အဓိကအေရးပါသည့္ ေရလက္ၾကားတစ္ခုျဖစ္ေသာ မလႅကာေရလက္ၾကားႏွင့္လည္း ဆက္စပ္တည္ရွိေနေၾကာင္း သိရသည္။

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ဆက္စပ္ေနရာျဖစ္သည့္ ကိုကိုးကြၽန္း၏ ေျမာက္ဘက္၌ ပါလီပါလဲ့ေရလမ္းေၾကာင္း၊ ေတာင္ဘက္၌ ကိုကိုးေရလမ္းေၾကာင္းမ်ားတည္ရွိၿပီး ၎ေရလက္ၾကားမ်ားမွ ႏွစ္စဥ္ ႏိုင္ငံျခားကုန္သြယ္ေရယာဥ္ အစင္းေရ (၈ဝဝဝ) ခန႔္ျဖတ္သန္းသြားလာလ်က္ရွိကာ ႏိုင္ငံတကာေရေၾကာင္းကုန္သြယ္မႈအတြက္သာမက ျမန္မာႏိုင္ငံ၏ ေရေၾကာင္းအက်ိဳးစီးပြားအတြက္ အဓိကအခန္းက႑မွ ပါဝင္လ်က္ရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လိုင်ဇာမှ စစ်ကိုင်းရှိ PDF များထံ လက်နက်ခဲယမ်းများပို့ဆောင်နေသည့် KIA၊ PDF ပူးပေါင်းအဖွဲ့၏ စခန်းအချို့ကို ချေမှုန်း ဖြတ်တောက်နိုင်ခဲ့ကြောင်း နစကဆို

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved