Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လိုင်ဇာမှ စစ်ကိုင်းရှိ PDF များထံ လက်နက်ခဲယမ်းများပို့ဆောင်နေသည့် KIA၊ PDF ပူးပေါင်းအဖွဲ့၏ စခန်းအချို့ကို ချေမှုန်း ဖြတ်တောက်နိုင်ခဲ့ကြောင်း နစကဆို

Pearl (NP News) – ဧပြီ ၁ဝ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း၌ နေရာယူပြီး အကြမ်းဖက်လုပ်ငန်းများနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများလုပ်ဆောင်နေသည့် KIA အဖွဲ့နှင့် PDF များအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် မတ်လ ၂၃ ရက်မှ ဧပြီလ ၈ ရက်အထိ လေကြောင်းနှင့် အမြောက်ပစ်ကူရယူကာ စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ 

ထိုသို့ ဆောင်ရွက်ခဲ့ရာ တိုက်ပွဲ (၂၁)ကြိမ်ဖြစ်ပွားခဲ့ပြီး မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများတစ်ဝိုက်ရှိ အကြမ်းဖက်အဖွဲ့များအား တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

၎င်းတို့သည် ကွန်ကရစ်ရေသွယ်မြောင်းများအား ဆက်သွယ်ရေးမြောင်းများအဖြစ်အသုံးချကာ ပစ်ကျင်းများတူး၍ အခိုင်အမာရွာပုံစံ ခံစစ်စခန်းအဖြစ်လည်းကောင်း၊ တံတားအောက်တွင် သဲအိတ်များဖြင့် ဘန် ကာဆောက်၍လည်းကောင်း၊ ဘုန်းကြီးကျောင်းအတွင်း သဲအိတ်များဖြင့် ခံစစ်များ ပြင်ဆင်ထားပြီး တပ်မတော်စစ်ကြောင်းများ၏ ထိုးစစ်များအား အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း စနစ်တကျ တိုက်ခိုက်နိုင်ကြောင်း နစကမှ ဆိုထားသည်။ 

ထိုသို့တိုက်ခိုက်ခဲ့ရာ ၎င်းတို့၏ လက်နက်/ခဲယမ်း ထောက်ပံ့ရေးနှင့်တရားမဝင်သစ်မှောင်ခို အဓိကဖြတ်သန်းရာနေရာများဖြစ်သည့် အဆိုပါကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး KIA အဖွဲ့နှင့် PDF များသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။  

၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာများအလိုက် နီးစပ်ရာလူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခဲ့ရကြောင်း နစကထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး KIA အဖွဲ့နှင့် PDF အဖွဲ့ထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၁ဝ ခု၊ ခဲယမ်းမျိုးစုံ ၂၇၉ တောင့်၊ ဗုံးသီးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ မိုင်းမျိုးစုံ ၂၅ လုံး၊ စပ်ဆက်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် ၎င်းတို့၏ တရားမဝင် သစ်တောသယံဇာတများပို့ ဆောင်ခြင်း၊ လက်နက်/ခဲယမ်းများအား လိုင်ဇာဒေသမှ စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များထံပို့ဆောင်ခြင်း နှင့် စစ်ကိုင်းတိုင်းအတွင်းမှအကြမ်းဖက်သင်တန်းသားများအား လိုက်ဇာဒေသသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ဆက်သွယ်မှုလမ်းကြောင်းအား ပိတ်ဆို့နိုင်ခဲ့ကြောင်းသိရသည်။

အလားတူ KIA တပ်မဟာ(၈)နယ်မြေ ဒါးဝယ်သို့ တရားမဝင်ဆက်သွယ်သည့် လမ်းကြောင်းကိုလည်း ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော အထောက်အထားများအရ KIA အဖွဲ့သည် ၂ဝ၁၇ ခုနှစ်တွင် မန်ကံဒေသ၌ တပ်မ တော်၏တိုက်ခိုက်မှုကြောင့် ပြိုကွဲသွားခဲ့သည့် KIA ရင်း(၁၂)ဟုသိရှိရပြီး ရွှေကူမြို့နယ်အတွင်း အခြေခံနယ်မြေ တည်ဆောက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။ 

လက်ရှိတွင် ၎င်းတို့အနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှထုတ်ပြန်ထားသည်။

zawgyi version

လိုင္ဇာမွ စစ္ကိုင္းရွိ PDF မ်ားထံ လက္နက္ခဲယမ္းမ်ားပို႔ေဆာင္ေနသည့္ KIA၊ PDF ပူးေပါင္းအဖြဲ႕၏ စခန္းအခ်ိဳ႕ကို ေခ်မႈန္း ျဖတ္ေတာက္ႏိုင္ခဲ့ေၾကာင္း နစကဆို

Pearl (NP News) – ဧၿပီ ၁ဝ

ကခ်င္ျပည္နယ္၊ ေ႐ႊကူၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားအတြင္း၌ ေနရာယူၿပီး အၾကမ္းဖက္လုပ္ငန္းမ်ားႏွင့္ တရားမဝင္ေမွာင္ခိုလုပ္ငန္းမ်ားလုပ္ေဆာင္ေနသည့္ KIA အဖြဲ႕ႏွင့္ PDF မ်ားအား တပ္မေတာ္စစ္ေၾကာင္းမ်ားက တိုက္ခိုက္ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ 

ၿပီးခဲ့သည့္ မတ္လ ၂၃ ရက္မွ ဧၿပီလ ၈ ရက္အထိ ေလေၾကာင္းႏွင့္ အေျမာက္ပစ္ကူရယူကာ စစ္ဆင္ေရးႏွင့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ 

ထိုသို႔ ေဆာင္႐ြက္ခဲ့ရာ တိုက္ပြဲ (၂၁)ႀကိမ္ျဖစ္ပြားခဲ့ၿပီး မန္ဝိန္း၊ စီသာ၊ မန္ခါး၊ စီေသာင္၊ စီမူေလး၊ စီမူႀကီး၊ တုံးေကာက္၊ ႐ြာသစ္ကုန္းႏွင့္ နန႔္လန္ေက်း႐ြာမ်ားတစ္ဝိုက္ရွိ အၾကမ္းဖက္အဖြဲ႕မ်ားအား တိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။ 

၎တို႔သည္ ကြန္ကရစ္ေရသြယ္ေျမာင္းမ်ားအား ဆက္သြယ္ေရးေျမာင္းမ်ားအျဖစ္အသုံးခ်ကာ ပစ္က်င္းမ်ားတူး၍ အခိုင္အမာ႐ြာပုံစံ ခံစစ္စခန္းအျဖစ္လည္းေကာင္း၊ တံတားေအာက္တြင္ သဲအိတ္မ်ားျဖင့္ ဘန္ ကာေဆာက္၍လည္းေကာင္း၊ ဘုန္းႀကီးေက်ာင္းအတြင္း သဲအိတ္မ်ားျဖင့္ ခံစစ္မ်ား ျပင္ဆင္ထားၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ား၏ ထိုးစစ္မ်ားအား အျပင္းအထန္ခုခံတိုက္ခိုက္ခဲ့ေသာ္လည္း စနစ္တက် တိုက္ခိုက္ႏိုင္ေၾကာင္း နစကမွ ဆိုထားသည္။ 

ထိုသို႔တိုက္ခိုက္ခဲ့ရာ ၎တို႔၏ လက္နက္/ခဲယမ္း ေထာက္ပံ့ေရးႏွင့္တရားမဝင္သစ္ေမွာင္ခို အဓိကျဖတ္သန္းရာေနရာမ်ားျဖစ္သည့္ အဆိုပါေက်း႐ြာမ်ားကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး KIA အဖြဲ႕ႏွင့္ PDF မ်ားသည္ အေရွ႕ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။  

၎တို႔ဆုတ္ခြာထြက္ေျပးစဥ္ ေက်း႐ြာမ်ားအလိုက္ နီးစပ္ရာလူေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက မီးၿငိမ္းသတ္ခဲ့ရေၾကာင္း နစကထံမွ သိရသည္။

အဆိုပါျဖစ္စဥ္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္က်ဆုံးဒဏ္ရာရရွိခဲ့ၿပီး KIA အဖြဲ႕ႏွင့္ PDF အဖြဲ႕ထံမွ အေလာင္း ၁၇ ေလာင္း၊ လက္နက္မ်ိဳးစုံ ၁၇ လက္၊ က်ည္အိမ္မ်ိဳးစုံ ၁ဝ ခု၊ ခဲယမ္းမ်ိဳးစုံ ၂၇၉ ေတာင့္၊ ဗုံးသီးမ်ိဳးစုံ ၁၂ လုံး၊ လက္ပစ္ဗုံး ၁၉ လုံး၊ မိုင္းမ်ိဳးစုံ ၂၅ လုံး၊ စပ္ဆက္ပစၥည္းမ်ားႏွင့္ ေဆးဝါးပစၥည္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါေက်း႐ြာမ်ားအား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သျဖင့္ ၎တို႔၏ တရားမဝင္ သစ္ေတာသယံဇာတမ်ားပို႔ ေဆာင္ျခင္း၊ လက္နက္/ခဲယမ္းမ်ားအား လိုင္ဇာေဒသမွ စစ္ကိုင္းတိုင္းအတြင္းရွိ PDF အဖြဲ႕မ်ားထံပို႔ေဆာင္ျခင္း ႏွင့္ စစ္ကိုင္းတိုင္းအတြင္းမွအၾကမ္းဖက္သင္တန္းသားမ်ားအား လိုက္ဇာေဒသသို႔ ပို႔ေဆာင္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိသည့္ ဆက္သြယ္မႈလမ္းေၾကာင္းအား ပိတ္ဆို႔ႏိုင္ခဲ့ေၾကာင္းသိရသည္။

အလားတူ KIA တပ္မဟာ(၈)နယ္ေျမ ဒါးဝယ္သို႔ တရားမဝင္ဆက္သြယ္သည့္ လမ္းေၾကာင္းကိုလည္း ထိန္းခ်ဳပ္ဟန႔္တားႏိုင္ခဲ့ေၾကာင္း သိရသည္။

သိမ္းဆည္းရမိေသာ အေထာက္အထားမ်ားအရ KIA အဖြဲ႕သည္ ၂ဝ၁၇ ခုႏွစ္တြင္ မန္ကံေဒသ၌ တပ္မ ေတာ္၏တိုက္ခိုက္မႈေၾကာင့္ ၿပိဳကြဲသြားခဲ့သည့္ KIA ရင္း(၁၂)ဟုသိရွိရၿပီး ေ႐ႊကူၿမိဳ႕နယ္အတြင္း အေျခခံနယ္ေျမ တည္ေဆာက္ရန္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။ 

လက္ရွိတြင္ ၎တို႔အေနျဖင့္ ေက်း႐ြာအခ်ိဳ႕အတြင္းဝင္ေရာက္၍ အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္လ်က္ရွိျခင္းေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားတိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သင်္ကြန်ကာလ၌ ရန်ကုန်မြို့ရှိ လူစည်ကားရာမဏ္ဍပ်များကို မိုင်းထောင်ဖောက်ခွဲရန် စီစဥ်နေသူ(၂)ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved