Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လေထုညစ်ညမ်းမှုကို အမြန်ဆုံးဖြေရှင်းရန် မြန်မာ၊ ထိုင်း နှင့် လာအို (၃)နိုင်ငံ အရှိန်အဟုန်ပြင်းစွာဆောင်ရွက်မည်ဟု တပ်ချုပ်ဆို

ယွန်း (NP News) - ဧပြီ ၈

လေထုညစ်ညမ်းမှုကို အမြန်ဆုံးဖြေရှင်းနိုင်ရန် မြန်မာ အပါအဝင် ထိုင်းနှင့် လာအို(၃)နိုင်ငံ ပူးပေါင်းပြီး အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌမှ အသိပေးပြောဆိုခဲ့သည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ(၇)ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော မြန်မာ၊ ထိုင်း၊ လာအို (၃)နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုသည် အာဆီယံဒေသအတွင်းရှိ ထိုင်းနိုင်ငံ အပါ အဝင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း တပ်ချုပ်မှဆို သည်။

အလားတူ မြန်မာ အပါအဝင် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာ လမှ စတင်ခဲ့သည့် တောမီးလောင်မှုများကြောင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု ပိုများလာကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။

၂ဝ၂၃ ခုနှစ်၊ မတ်လ(၂၃)ရက်မှစပြီး မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအိုနိုင်ငံ တောင်ပိုင်းတို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ကာလများတွင် မြန်မာနိုင်ငံအတွင်း ရာသီဥတုပူပြင်းမှုကြောင့် နိုင်ငံအရှေ့ပိုင်း တခြမ်းလုံးတွင် တောမီးလောင်ကျွမ်းမှု ပိုများခဲ့ကြောင်း တပ်ချုပ်မှ ဆက်လက်ပြောဆိုခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလ(၄)ရက်အထိ မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများတွင် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများပြားခဲ့ကြောင်း သိရသည်။

ASEAN Specialized Meteorological Center(ASMC) ၏ ခန့်မှန်းမှုအရ ပူးပြင်းမှု ရာသီ ဥတု အခြေအနေသည် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ယခုနှစ် မေလခန့်အထိဖြစ်ပေါ်နိုင်ပြီး မီးလောင်မှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပိုဖြစ်လာနိုင်ကြောင်း တပ်ချုပ်မှ ဆိုသည်။

ထို့ကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို မြန်မာ၊ ထိုင်း၊ လာအို(၃) နိုင်ငံ ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောဆိုထားသည်။

zawgyi version


ယွန်း (NP News) - ဧပြီ ၈










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နောင်ချိုမြို့နယ်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၁၁) လအရွယ် ကလေးငယ်အပါအဝင် ကလေး(၂)ဦးသေဆုံးမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved