Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အပ်ငွေအတိုးနှုန်းသတ်မှတ်ချက် ဩဂုတ် (၁၄) ရက် ကြေညာချက်ထက် ပိုများလာရန်ရှိ

အေဝိုင်အီး (NSS) - ဩဂုတ် ၃ဝ

ပြည်သူလူထု၏အပ်နှံငွေအပေါ် ပြန်လည်ပေးအပ်သည့်ဘဏ်တိုးနှုန်းသည် ဩဂုတ်(၁၄) ရက်ကထုတ်ပြန် ခဲသော ပမာဏထက် ပိုမိုများပြား သည့်အပ်နှံငွေအပေါ် အတိုးနှုန်းသတ်မှတ်ခြင်း များဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။ 

ဩဂုတ်လ(၁၄)ရက်တွင် ဗဟိုဘဏ်ကထုတ် ပြန်ခဲ့သောကြေညာချက်၌ လာမည့်စက်တင်ဘာ (၁)ရက်မှစ၍ ပြည်သူလူထု၏အပ်နှံငွေအပေါ် အတိုးနှုန်းကို အနိမ့်ဆုံး(၇)ရာခိုင်နှုန်းမှ အမြင့်ဆုံး(၉)ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ် ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ယခင်သတ်မှတ်ချက်များထက် ပိုမိုမြင့်မားလာခြင်းမျိုး လည်းဖြစ်သည်။


သို့သော်လည်း ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ပြည်သူလူထု၏အပ်နှံငွေများကို ဩဂုတ်လ(၁၄)ရက်က ကြေညာချက်ထက်ပို၍ အတိုးနှုန်းများမြှင့်တင်ပေးရန် သဘောထားများရှိလာကြကြောင်း ဘဏ္ဍာရေးဆိုင်ရာ သတင်း ရင်းမြစ်ထံမှ ကြားသိရသည်။ ‘‘အပ်ငွေအတိုးနှုန်းကို အနိမ့်ဆုံး (၇)ရာခိုင်နှုန်းအဖြစ် အခုသတ်မှတ်ထားတာကနေ အနိမ့်ဆုံးပမာဏက (၈)၊ (၉)ရာခိုင်နှုန်းဖြစ်နိုင်သလို၊ အမြင့်ဆုံးအတိုးနှုန်းက (၁၀) ရာခိုင်နှုန်းအထက် တောင်ဖြစ်လာ နိုင်တယ်။ အပ်နှံငွေအတိုးနှုန်းကို ကြေညာထားတာထက် ပိုပြီးတိုးပေးဖို့ ကြိတ်ပြီးစီစဉ်နေကြတယ်”ဟု ဘဏ္ဍာရေး သတင်း ရင်းမြစ်က NP News ကို ပြောသည်။ ဗဟိုဘဏ်က ဩဂုတ်လ(၁၄)ရက်တွင် ကြေညာခဲ့သော အပ်ငွေအပေါ် အတိုးနှုန်းများ တိုးမြှင့်ပေးအပ်မည်ဆိုသည့် သတင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျလာပြီး ပြည်သူများ ဘက်ကလည်း ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေ ပိုမိုရရှိလာ မည်ဖြစ်ကြောင်း၊ အပ်နှံငွေမြင့်တက်လာမှုနှင့်အတူ ဘဏ် များ၏ ချေးငွေထုတ်ချေးနိုင်မှုသည်လည်း ပိုမိုများပြားလာနိုင်ကြောင်း၊ ဆက်စပ်၍ နိုင်ငံ၏စီးပွားရေး တိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ် ကြောင်းလည်း သတင်းရင်းမြစ်က သုံးသပ်သည်။

ဗဟိုဘဏ်နှင့် ပုဂ္ဂလိက ဘဏ် တာဝန်ရှိသူတို့က ယင်းအချက်များကိုဆွေးနွေးထားကြပြီး အပ်ငွေများအပေါ် ဘဏ်တိုးနှုန်းများ ထပ်မံတိုးမြှင့်ပေးသွား မည့်ကိစ္စအပေါ် သီးခြားအစီအစဉ်များအဖြစ် ဆက်လက်ဆောင်ရွက်နေခြင်းမျိုးဖြစ်ကြောင်း ဗဟိုဘဏ်နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များ အရသိရသည်။ ‘‘ဘဏ်မှာ ငွေသွားအပ်ရင် အရင်ကအတိုးနှုန်း (၆) ရာခိုင်နှုန်း (၇)ရာခိုင်နှုန်း ရတယ်ပေါ့ဗျာ။ အခုက အဲဒါထက်ပိုပြီးများမယ့်သဘော။ ဩဂုတ်လ(၁၄)ရက်က ကြေညာထားတဲ့နှုန်းထက် ပိုပြီးများ မယ့် အတိုးနှုန်းမျိုး ရမယ့်သဘောဗျ’’ဟု သတင်းရင်းမြစ်ကပြောသည်။ ပုဂ္ဂလိကဘဏ် အချို့၏ (၂၀၂၀) ပြည့်နှစ်က တည်းက သတ်မှတ်ထားသော အပ်ငွေအပေါ်အတိုးနှုန်းမှာ  အမြင့်ဆုံးအားဖြင့် (၇)ရာခိုင်နှုန်းသာ ရှိထားပြီး အပ်နှံငွေ အပေါ်ရရှိခဲ့ဖူးသည့် အမြင့်ဆုံးသောပမာဏမှာ (၈)ရာခိုင်နှုန်းခန့်သာဖြစ်ခဲ့ကြောင်း ကြားသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံ နှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်မှုများကို ဆက်လက်ထိန်းသိမ်းမည်ဟု တရုတ်သမ္မတ ကတိပြု

RELATED POSTS
RECENT POSTS
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved