Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မီဒီယာသည် မဏ္ဍိုင်ကြီး (၃)ခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း တပ်ချုပ်ပြော

ရဲပြည့် (NP News) - ဧပြီ ၆


မီဒီယာသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစသည့် မဏ္ဍိုင်ကြီး  (၃) ခုကို  မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၅ ရက်က ပြုလုပ်ခဲ့သည့် မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချိန်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 


မိမိတို့နိုင်ငံတွင် ပြည်သူများ၏အသံကို ပီပြင်အောင် ပြုလုပ်နိုင်သည့်အရာသည် မီဒီယာဖြစ်သကဲ့သို့ အစိုးရ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိလာအောင် ဆောင်ရွက်ရာတွင်လည်း မီဒီယာသည် အဓိကဖြစ်ကြောင်း ၎င်းမှပြောသည်။


နိုင်ငံတကာ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းနယ်ပယ်များတွင် မီဒီယာဆက်ဆံရေးကို တွင်ကျယ်စွာ အသုံးချဆောင်ရွက်နေသည်ကိုတွေ့ရှိရပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ ဟန်ချက်ညီရန် အရေးကြီးကြောင်းနှင့် မီဒီယာသည်  မဏ္ဍိုင်ကြီး  (၃)  ခုကို  မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။


နိုင်ငံတော်တာဝန်အရပ်ရပ်ကို ယူထားရသည့်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ကျင့်ဝတ်မဲ့မီဒီယာမျိုးစုံက နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေသည်ကို အားလုံးတွေ့ရှိရကြောင်းလည်း တပ်ချုပ်မှ ဆက်လက် ပြောသည်။ 


ထို့ပြင် အချို့သတင်းမီဒီယာများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှုစသည့် မီဒီယာကျင့်ဝတ်များကို   လိုက်နာမှုမရှိဘဲ ကျင့်ဝတ်နှင့်မညီညွတ်စွာ သတင်းများဖော်ပြနေသည်ကို တွေ့ရှိရပြီး တပ်မတော်၏ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေးကို ထိခိုက်ကျဆင်းအောင် ပုံဖော်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရကြောင်းလည်း ထည့်သွင်းပြောသည်။


အလားတူ မဟုတ်မမှန်သည့်  စွပ်စွဲပြောဆိုမှုများအပေါ် နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်မီဒီယာများက သတင်းမှန် များနှင့် တုံ့ပြန်လုပ်ဆောင်ရမည်  ဖြစ်သကဲ့သို့  သမာသမတ်ကျသည့် ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ “အား” ကိုလည်း ရယူနိုင်ရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။


zawgyi version
မီဒီယာသည္ မ႑ိဳင္ႀကီး (၃)ခုကို  မယိမ္းမယိုင္ေစေရး တည့္မတ္ေပးသည့္ မ႑ိဳင္တစ္ခုျဖစ္ေၾကာင္း တပ္ခ်ဳပ္ေျပာ 
ရဲျပည့္ (NP News) - ဧၿပီ ၆

မီဒီယာသည္ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ ဥပေဒျပဳေရးစသည့္ မ႑ိဳင္ႀကီး  (၃) ခုကို  မယိမ္းမယိုင္ေစေရး တည့္မတ္ေပးသည့္ မ႑ိဳင္တစ္ခုျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဧၿပီလ ၅ ရက္က ျပဳလုပ္ခဲ့သည့္ ျမဝတီ႐ုပ္ျမင္သံၾကား၏ (၂၈)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားသို႔ တက္ေရာက္ခ်ိန္တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ 

မိမိတို႔ႏိုင္ငံတြင္ ျပည္သူမ်ား၏အသံကို ပီျပင္ေအာင္ ျပဳလုပ္ႏိုင္သည့္အရာသည္ မီဒီယာျဖစ္သကဲ့သို႔ အစိုးရ အဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္မ်ားကို ျပည္သူမ်ားသိရွိလာေအာင္ ေဆာင္႐ြက္ရာတြင္လည္း မီဒီယာသည္ အဓိကျဖစ္ေၾကာင္း ၎မွေျပာသည္။

ႏိုင္ငံတကာ ျပည္သူ႔ဆက္ဆံေရး လုပ္ငန္းနယ္ပယ္မ်ားတြင္ မီဒီယာဆက္ဆံေရးကို တြင္က်ယ္စြာ အသုံးခ်ေဆာင္႐ြက္ေနသည္ကိုေတြ႕ရွိရၿပီး ႏိုင္ငံေတာ္တည္ေဆာက္ေရးတြင္ အဓိကမ႑ိဳင္ႀကီး ၃ ခုျဖစ္သည့္ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ ဥပေဒျပဳေရးႏွင့္ စတုတၳမ႑ိဳင္ျဖစ္သည့္ မီဒီယာတို႔ ဟန္ခ်က္ညီရန္ အေရးႀကီးေၾကာင္းႏွင့္ မီဒီယာသည္  မ႑ိဳင္ႀကီး  (၃)  ခုကို  မယိမ္းမယိုင္ေစေရး တည့္မတ္ေပးသည့္ မ႑ိဳင္တစ္ခုျဖစ္ေၾကာင္း ၎မွ ေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္တာဝန္အရပ္ရပ္ကို ယူထားရသည့္ကာလအတြင္း ျပည္တြင္း၊ ျပည္ပ က်င့္ဝတ္မဲ့မီဒီယာမ်ိဳးစုံက နည္းလမ္းေပါင္းစုံႏွင့္ ထိုးႏွက္တိုက္ခိုက္ေနသည္ကို အားလုံးေတြ႕ရွိရေၾကာင္းလည္း တပ္ခ်ဳပ္မွ ဆက္လက္ ေျပာသည္။ 

ထို႔ျပင္ အခ်ိဳ႕သတင္းမီဒီယာမ်ားသည္ တိက်မႈ၊ ဘက္မလိုက္မႈ၊ မွ်တမႈစသည့္ မီဒီယာက်င့္ဝတ္မ်ားကို   လိုက္နာမႈမရွိဘဲ က်င့္ဝတ္ႏွင့္မညီၫြတ္စြာ သတင္းမ်ားေဖာ္ျပေနသည္ကို ေတြ႕ရွိရၿပီး တပ္မေတာ္၏ပုံရိပ္ႏွင့္ ျပည္သူ႔ဆက္ဆံေရးကို ထိခိုက္က်ဆင္းေအာင္ ပုံေဖာ္ေဆာင္႐ြက္ေနၾကသည္ကိုလည္း ေတြ႕ရေၾကာင္းလည္း ထည့္သြင္းေျပာသည္။

အလားတူ မဟုတ္မမွန္သည့္  စြပ္စြဲေျပာဆိုမႈမ်ားအေပၚ ႏိုင္ငံပိုင္မီဒီယာမ်ား၊ တပ္မေတာ္မီဒီယာမ်ားက သတင္းမွန္ မ်ားႏွင့္ တုံ႔ျပန္လုပ္ေဆာင္ရမည္  ျဖစ္သကဲ့သို႔  သမာသမတ္က်သည့္ ျပည္တြင္း၊ ျပည္ပမီဒီယာမ်ား၏ “အား” ကိုလည္း ရယူႏိုင္ရန္ ႀကိဳးစားေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KTLA ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့၏ ရွှေကုက္ကိုတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံများစွာ ထိုင်းနယ်စပ်သို့ ထွက်ပြေးကာ စစ်ဘေးရှောင်နေရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved