Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KTLA ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့၏ ရွှေကုက္ကိုတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံများစွာ ထိုင်းနယ်စပ်သို့ ထွက်ပြေးကာ စစ်ဘေးရှောင်နေရ

NP News - ဧပြီ ၆


KTLA ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့၏ ရွှေကုက္ကိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံများစွာမှာ ထိုင်းနယ်စပ်သို့ ထွက်ပြေးကာ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။


ဗိုလ်ချုပ်နယ်ဒါးမြ ထူထောင်ခဲ့သော KTLA နှင့် PDF ပူးပေါင်းဆောင်အဖွဲ့တို့သည် ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်အနီး ထီးကော်ထောကျေးရွာရှိ BGF နှင့် လုံခြုံရေးအဖွဲ့တို့၏ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောဆိုထားသည်။


အဆိုပါရွှေကုက္ကိုဒေသတိုက်ပွဲအတွင်း နှစ်ဖက်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိနေကြောင်း ဒေသခံများက ဆိုသည်။


ရွှေကုက္ကိုတိုက်ပွဲအတွင်း KTLA ၊ PDF ပူးပေါင်းအဖွဲ့မှ (၅)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပြီး နယ်ခြားစောင့်တပ်(BGF)နှင့် လုံခြုံရေးအဖွဲ့ဝင်များဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကနဦးသတင်းအချက်အလက်များအရ သိရသည်။


ထို့ပြင် ယနေ့(ဧပြီလ ၆ ရက်)နံနက်ပိုင်းတွင်လည်း ရွှေကုက္ကိုမြို့သစ်တစ်ဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက အသိပေးပြောဆိုနေကြသည်။


၎င်းရွှေကုက္ကိုတိုက်ပွဲကြောင့် ထောင်နှင့်ချီရှိသော ဒေသခံအရပ်သားပြည်သူများမှာလည်း ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးကာ စစ်ဘေးရှောင်နေရလျက်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက အသိပေးပြောဆိုထားသည်။


“နေစရာလတ်တလော မစီစဉ်နိုင်တာမို့ မနေ့ည တစ်ညလုံး ရော်ဘာတောထဲမှာပဲ အိပ်စက်ကြရပါတယ်။ မဲဆောက်ရိပ်သာများမှ သွားရောက်ခေါ်ယူဖို့ကြိုးစားသော်လည်း လတ်တ လောတွင် နယ်မြေလုံခြုံရေးအရ ထိုင်းလုံခြုံရေးအဖွဲ့များမှ ခွင့်မပြုသေးပါဘူး။ မဲဆောက်ရှိ မယ်ကုကယ်ဆယ်ရေးရိပ်သာတွင် ယာယီခိုလုံနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။


စစ်ဘေးရှောင်များအတွက် မဲဆောက်မြို့ သောင်းရင်းမြစ်ဘေးရှိ မယ်ကုစံပြကယ်ဆယ်ရေးသဘာဝတရားရိပ်သာကို ယာယီစစ်ဘေးရှောင်စခန်းဖွင့်လှစ်နိုင်ရေးအတွက် သဘာဝတရားရိပ်သာများ၏ ဦးစီးပဓာနနာယက ဆရာတော်အရှင်ဥတ္တမသာရဦးဆောင်ကာ ထိုင်းအာဏာ ပိုင်များနှင့် ညှိနှိုင်းနေကြောင်းလည်း သိရသည်။


လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်ပြည်သူများအတွက် အစားအစာ၊ ဆေးဝါး၊ ရေ၊ အဝတ်အ ထည်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

zawgyi version



NP News - ဧပြီ ၆



















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သာယာကုန်းပင်မဓာတ်အားခွဲရုံ တိုက်ခိုက်ခံရမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved