Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နယ်စပ်မှာ ဖြန့်ကျက်ချထားတဲ့ တပ်ဖွဲ့တွေနဲ့စစ်လက်နက်ပစ္စည်းတွေကို ရုတ်သိမ်းပေးဖို့ ဘီလာရုစ်အစိုးရကို ယူကရိန်းတိုက်တွန်း

Pika (NSS) - ဩဂုတ် ၂၆

ယူကရိန်းနယ်စပ်မှာတပ်စွဲထားတဲ့ ဘီလာရုစ်တပ်ဖွဲ့တွေနဲ့ စစ်လက်နက် ပစ္စည်းကိရိယာတွေကို ရုတ်သိမ်းပေးဖို့ ဘီလာရုစ်အစိုးရကို ယူကရိန်းအစိုးရက ဩဂုတ်လ(၂၅)ရက်နေ့မှာ တိုက်တွန်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။


ရုရှားအစိုးရရဲ့ ဖိအားပေးမှုတွေအောက်မှာ ဝမ်းနည်းစရာတွေဖြစ်လာမယ့်အမှားတွေကို မပြုလုပ်ကြဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘီလာရုစ်အစိုးရကို သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘီလာရုစ်လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖော်ရွေမှုမရှိတဲ့လုပ်ရပ်တွေလုပ်နေတာကနေ ရပ်တန့်ဖို့နဲ့ ယူကရိန်းနယ်စပ်မှာရှိတဲ့ ၎င်းတို့ရဲ့တပ်ဖွဲ့တွေကို ရုတ်သိမ်းပေးဖို့ တိုက်တွန်းထားတယ်လို့သိရပါတယ်။ ဒါ့ပြင် ယူကရိန်းနယ်စပ်မှာရှိတဲ့တပ်ဖွဲ့တွေထဲမှာ ဘီလာရုစ်အထူးတပ်ဖွဲ့တွေနဲ့ Wagner အဖွဲ့ကြေးစားစစ်သားဟောင်းတွေလည်း ပါဝင်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံ မြောက်ပိုင်းနယ်စပ်အနီးမှာရှိတဲ့ ဂိုမယ်ဒေသမှာ ဖြန့်ကျက်ချ ထားတဲ့ ဘီလာရုစ်နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းကိရိယာတွေထဲမှာ တင့်ကားတွေ၊ အမြောက်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အင်ဂျင် နီယာပိုင်းဆိုင်ရာ ပစ္စည်းတွေပါဝင်တယ်လို့လည်း သိရပါတယ်။ သို့သော် လည်း ယူကရိန်းအစိုးရဟာ ဘီလာရုစ်ပြည်သူတွေအပေါ် ဖော်ရွေမှုမရှိတဲ့အရေးယူဆောင်ရွက်မှုတွေကို ဘယ်တော့မှလုပ်ဆောင်မှာမဟုတ်ဘူးလို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာရေးသား ဖော်ပြထားပါတယ်။ ဘီလာရုစ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ ယူကရိန်းတပ်ဖွဲ့ဝင်(၁၂၀၀၀၀)ကျော် တပ်စွဲထားတာမလို့ ဘီလာရုစ်အစိုးရဟာ ၎င်းတို့တပ်ဖွဲ့တွေရဲ့ သုံးပုံတစ်ပုံနီးပါးကို နယ်စပ်တစ်လျှောက်မှာ ဖြန့်ကျက်ချထားတယ်လို့ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ပြီးခဲ့တဲ့ဩဂုတ်လ(၁၈)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းနဲ့ထိစပ်နေတဲ့နယ်စပ်ကို တိုက်လေယာဉ်တွေ၊လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သံချပ်ကာယာဉ်တွေစေလွှတ်ခဲ့တယ်လို့ ဘီလာရုစ်အစိုးရက ပြီးခဲ့တဲ့ဩဂုတ်လ(၁၉)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တယ်လီဂရမ်အပ်ပ်တည်ထောင်သူ ရုရှားနိုင်ငံသားပါဗယ်ဒူရော့ဗ်ကို ပြန်လွှတ်ပေးဖို့ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်တောင်းဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved