Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ICJ ၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ်ရင်ဆိုင်ရန် ဝန်ကြီးဦးသန်းဆွေ ဦးဆောင်မည့် ကော်မတီတစ်ရပ်ကို နစက ပြင်ဆင်ဖွဲ့စည်း

မျိုးကြီး (NP News) - ဧပြီ ၅


အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် ရင်ဆိုင်ရန် ဝန်ကြီးဦးသန်းဆွေ ဦးဆောင်မည့် ကော်မတီတစ်ရပ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။


ICJ ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာဦးဆောင်ကော်မတီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကမှ ပြီးခဲ့သော လပိုင်းအတွင်းက ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယခင်က ဖွဲ့စည်းခဲ့သော ဦးဆောင်ကော်မတီကို နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။


ယခုပြင်ဆင်ဖွဲ့စည်းလိုက်သော တရားရင်ဆိုင်ခြင်းဆိုင်ရာဦးဆောင်ကော်မတီတွင် လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး စုစုပေါင်းအဖွဲ့ဝင် (၁၄)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။


ICJ ၌တရားရင်ဆိုင်ခြင်းဆိုင်ရာဦးဆောင်ကော်မတီတွင် တရားရုံးသို့ မြန်မာနိုင်ငံကိုယ်စား သွားရောက်ရင်ဆိုင်ခဲ့သည့် ဝန်ကြီးဦးကိုကိုလှိုင်၊ ဝန်ကြီးဒေါက်တာသီတာဦးတို့ကိုလည်း ထည့်သွင်းကာ ဆက်လက်တာဝန်ပေးထားကြောင်း သိရသည်။


ထို့ပြင် ၎င်းဦးဆောင်ကော်မတီ၌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်တို့ကိုလည်း ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရသည်။


မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ ၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရင်ဆိုင်ရေးကိစ္စရပ်များတွင် တာဝန်ယူကွပ်ကဲနိုင်ရေးအတွက် ဦးဆောင်ကော်မတီဖွဲ့စည်းထားခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။


ICJ ၌ တရားရင်ဆိုင်ခြင်းနှင့်ပတ်သက်၍ လိုအပ်သောအချက်အလက်များ ရရှိရေးအတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ဦးဆောင်ကော်မ တီကို နစကမှတာဝန်ပေးထားသည်။


မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရုံး(ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ပြီးခဲ့သော ၂ဝ၁၉ ခုနှစ်အတွင်း တရားစွဲခဲ့ခြင်းဖြစ်သည်။


၎င်းအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ICJ ၌ (၂)ကြိမ်တိုင်တိုင် သွားရောက် တရားရင်ဆိုင်ခဲ့ပြီး ပထမအကြိမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ ရင်ဆိုင်ဖြေရှင်းခဲ့ပြီး ဒုတိယအကြိမ်၌ နစက၏ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ကာ ရင်ဆိုင်ဖြေရှင်းခဲ့သည်။


အဆိုပါအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်ချက်များကို ICJ က ပယ်ချကြောင်း ဆုံးဖြတ်ထားသည်။

zawgyi version

ICJ ၌ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားမႈအေပၚရင္ဆိုင္ရန္ ဝန္ႀကီးဦးသန္းေဆြ ဦးေဆာင္မည့္ ေကာ္မတီတစ္ရပ္ကို နစက ျပင္ဆင္ဖြဲ႕စည္း


မ်ိဳးႀကီး (NP News) - ဧၿပီ ၅


အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)၌ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားမႈအေပၚ ရင္ဆိုင္ရန္ ဝန္ႀကီးဦးသန္းေဆြ ဦးေဆာင္မည့္ ေကာ္မတီတစ္ရပ္ကို ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။


ICJ ၌ တရားရင္ဆိုင္ျခင္းဆိုင္ရာဦးေဆာင္ေကာ္မတီကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ နစကမွ ၿပီးခဲ့ေသာ လပိုင္းအတြင္းက ျပင္ဆင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ယခင္က ဖြဲ႕စည္းခဲ့ေသာ ဦးေဆာင္ေကာ္မတီကို ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဦးဝဏၰေမာင္လြင္က ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့သည္။


ယခုျပင္ဆင္ဖြဲ႕စည္းလိုက္ေသာ တရားရင္ဆိုင္ျခင္းဆိုင္ရာဦးေဆာင္ေကာ္မတီတြင္ လက္ရွိႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြက ဥကၠ႒အျဖစ္ တာဝန္ယူမည္ျဖစ္ၿပီး စုစုေပါင္းအဖြဲ႕ဝင္ (၁၄)ဦးျဖင့္ ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။


ICJ ၌တရားရင္ဆိုင္ျခင္းဆိုင္ရာဦးေဆာင္ေကာ္မတီတြင္ တရား႐ုံးသို႔ ျမန္မာႏိုင္ငံကိုယ္စား သြားေရာက္ရင္ဆိုင္ခဲ့သည့္ ဝန္ႀကီးဦးကိုကိုလႈိင္၊ ဝန္ႀကီးေဒါက္တာသီတာဦးတို႔ကိုလည္း ထည့္သြင္းကာ ဆက္လက္တာဝန္ေပးထားေၾကာင္း သိရသည္။


ထို႔ျပင္ ၎ဦးေဆာင္ေကာ္မတီ၌ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးမင္းဦး၊ စစ္ဥပေဒခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ိဳးသန႔္ႏိုင္တို႔ကိုလည္း ထည့္သြင္းဖြဲ႕စည္းထားေၾကာင္း သိရသည္။


ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက ICJ ၌ တရားစြဲဆိုထားျခင္းႏွင့္ပတ္သက္၍ တရားရင္ဆိုင္ေရးကိစၥရပ္မ်ားတြင္ တာဝန္ယူကြပ္ကဲႏိုင္ေရးအတြက္ ဦးေဆာင္ေကာ္မတီဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။


ICJ ၌ တရားရင္ဆိုင္ျခင္းႏွင့္ပတ္သက္၍ လိုအပ္ေသာအခ်က္အလက္မ်ား ရရွိေရးအတြက္ သက္ဆိုင္ရာဌာန/အဖြဲ႕အစည္းမ်ားႏွင့္ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားရန္ ဦးေဆာင္ေကာ္မ တီကို နစကမွတာဝန္ေပးထားသည္။


ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံက အျပည္ျပည္ဆိုင္ရာတ႐ုံး(ICJ)၌ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ကို က်ဴးလြန္ေဖာက္ဖ်က္သည္ဟု စြပ္စြဲခ်က္ျဖင့္ ၿပီးခဲ့ေသာ ၂ဝ၁၉ ခုႏွစ္အတြင္း တရားစြဲခဲ့ျခင္းျဖစ္သည္။


၎အမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအေနျဖင့္ ICJ ၌ (၂)ႀကိမ္တိုင္တိုင္ သြားေရာက္ တရားရင္ဆိုင္ခဲ့ၿပီး ပထမအႀကိမ္တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ကာ ရင္ဆိုင္ေျဖရွင္းခဲ့ၿပီး ဒုတိယအႀကိမ္၌ နစက၏ အျပည္ျပည္ဆိုင္ရာပူး ေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္ကာ ရင္ဆိုင္ေျဖရွင္းခဲ့သည္။


အဆိုပါအမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံက တင္သြင္းခဲ့ေသာ ကနဦးကန႔္ကြက္ခ်က္မ်ားကို ICJ က ပယ္ခ်ေၾကာင္း ဆုံးျဖတ္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ATM စက်အချို့ကို (၅)ရက်ခန့် အသုံးပြုနိုင်မည်မဟုတ်ကြောင်း KBZ ဘဏ်အသိပေး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved