အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းတဲ့ သုံးနှစ်ပြည့်အခမ်းအနားတွေ ကျင်းပ
ဂျန်ဇက် (NSS) - ဩဂုတ် ၁၅
တာလီဘန်အဖွဲ့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းသွားတဲ့ သုံးနှစ်ပြည့်အခမ်းအနားကို ဘာဂရမ် လေဆိပ်မှာကျင်းပခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ်ပေါင်း(၂၀)ကျော်ကြာတပ်စွဲခဲ့ပြီး တာလီဘန်အုပ်စုတွေက အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ တာလီဘန်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့မှာ ကဘူးလ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ တာလီဘန်အဖွဲ့ဟာ လက်ရှိအချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်အုပ်ချုပ်နိုင်ခဲ့ပြီး “Afghan Jihad” Victory Day, နေ့အဖြစ် သြဂုတ် ၁၅ ရက်နေ့ကို သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံအတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေ နောက်ဆုံးထွက်ခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာလည်း အောင်ပွဲခံအခမ်းအနားတွေ ဆက်လက်ကျင်းပသွားဖွယ်ရှိနေပါတယ်။ အဆိုပါ လေတပ်အခြေစိုက်စခန်းမှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားအောင်ပွဲနေ့မှာ တာလီဘန်အဖွဲ့တွေဟာ အမေရိကန်ထုတ် လက်နက်တွေ၊ ဆိုဗီယက်ထုတ်လက်နက်တွေကို ပြသခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံအတွင်းကနေ ဆုတ်ခွာခဲ့တဲ့အထိမ်းမှတ်နေ့အဖြစ်သတ်မှတ်ထားတဲ့ သြဂုတ် ၁၅ ရက်နေ့မှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားကို တာလီဘန်အဖွဲ့ခေါင်းဆောင်တွေအပြင် နိုင်ငံတကာသံတမန်တွေလည်းတက်ရောက်ခဲ့ပါတယ်။
အမေရိကန်ဟာ 9/11 တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၀၁ ခုနှစ်မှာ အမေရိကန်စစ်သားတွေကို အာဖဂန်နစ္စတန် နိုင်ငံကိုစေလွှတ်ခဲ့ပြီး အယ်ကိုင်ဒါနဲ့ အခြားဂျီဟတ်စစ်သွေးကြွတွေကိုတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်လက်နက်ကိုင်အဖွဲ့တွေကို လက်မခံဆန့်ကျင်ကြောင်း ဝမ်ယိ ပြော/မပြော၊ ခြံအမှတ်(၅၄)ရဲ့ အတွင်းကျကျ ပြဿနာ၊ စက်သုံးဆီပြဿနာနဲ့ ဒေါ်လာစျေး (၁၅-၈-၂ဝ၂၄)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း