Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှဖြုတ်ချခံရခြင်းနောက် ကွယ်တွင် အနောက်အုပ်စု အဓိက ပါဝင်ပတ်သက်နေ

ဂျန်ဇက် (NSS) - ဩဂုတ် ၁၂

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးမှနုတ်ထွက်စေခဲ့သော အခက်အခဲပြဿနာများ၏  နောက်ကွယ်၌ အဓိကပါဝင်ပတ်သက်နေကြောင်း ထောက်လှမ်းရေးအရင်းမြစ်များကပြောသည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် အမေရိကန် အစိုးရ၏တောင်းဆိုမှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး နောက် မကြာမီရာထူးမှနုတ်ထွက်ကာ ပြည်ပထွက် ပြေးရသော အဖြစ်အပျက်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စေရန် အတွက်အမေရိကန်အလိုရှိပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူ များအပေါ် ဩဇာလွှမ်းမိုးမှုရှိသည့် လော်ဘီ လေးဦး  သို့မဟုတ် ငါးဦးက ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ပြုတ်ကျစေရန် အဓိကပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထိပ်တန်း ထောက်လှမ်းရေးအရင်းမြစ်များက ပြောသည်။ 


အဆိုပါ ထောက်လှမ်းရေးအရင်းမြစ်များ၏ အဆိုအရ ဗြိတိန်အခြေစိုက် ဒေးဗစ်ဘာဂမ်၊ ဘင်္ဂလား ဒေ့ရှ်အတိုက်ခံပါတီဖြစ်သောBangladesh Nati- onalist Party’s (BNP) မှ တာရီကွေး ရက်မန်၊ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ပီနာကီဘဟတ် တာချာဂျီနှင့်  နြအမေ နြတျ သတင်းဌာနတို့ အဓိက ပါဝင်ပတ်သက်ခဲ့ကြောင်း ပြောသည်။ ထောက်လှမ်း ရေးအရင်းမြစ်များက 'အဲဒီသူတွေဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဆန့်ကျင်ဖို့ လူမှုကွန်ရက်မှာ လှုပ်ရှားမှုတွေစတင်လုပ်ဆောင်ခဲ့တယ်။ အဲဒီသူတွေဟာ စစ် တပ်နောက်ကွယ်က လှုပ်ရှားသူတွေပါ၊ လူမှုကွန်ရက် တွေမှာသတင်းအမှားတွေ စတင်ဖြန့်ဖြူးခဲ့သူတွေ လည်းဖြစ်ပါတယ်' ဟုပြောသည်။ 


ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် အနောက်အုပ်စု နိုင်ငံများကို ကူညီထောက်ခံပေးရန် စိတ်ဝင်စားသူ တစ်ဦးမဟုတ်ကြောင်း အဆိုပါထောက် လှမ်းရေး အရင်းမြစ်က ပြောသည်။ ထောက်လှမ်းရေး အရင်းမြစ်က 'အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံပိုင်နက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်တွေကိုပေါင်းပြီး အရှေ့တီမောလိုမျိုး ခရစ်ယာန်နိုင်ငံတည်ထောင်ဖို့ အမေရိကန် အစိုးရလိုလားနေတဲ့အကြောင်းကို လူသိရှင်ကြား ဖွင့်ချခဲ့တယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်မှာ အမေရိကန် က စစ်အခြေစိုက်စခန်းတည် ဆောက်လိုတဲ့အ ကြောင်းကိုလည်း ပြောခဲ့တယ်'ဟုပြောသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် ယခုနှစ်ဇန်နဝါရီလအ တွင်းကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင်အမေရိကန် အစိုးရအရာရှိတစ်ဦး နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အဆိုပါအမေရိကန်အရာရှိက ゞင်းတို့တောင်းဆိုသည့် အတိုင်းလက်ခံမည်ဆိုလျှင် ရွေးကောက်ပွဲကာလအတွင်း ရှိတ်ဟာစီနာကို အခက်အခဲမရှိစေရန် ကူညီ ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးကြောင်း အိန္ဒိယအခြေစိုက် news18 သတင်းဌာနကဖော်ပြထားသည်။

ထောက်လှမ်းရေးအရင်းမြစ်များက 'အမေရိကန်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တိုက်ဖျက် ရေးအဖွဲ့တွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုချမှတ်ထားတယ်။ ဒါပေမဲ့ အတိုက်အခံပါတီဖြစ်တဲ့ BNP ပါတီကို ကြီးမားတဲ့ထိုးဖောက်မှု တွေလုပ်ဆောင်ခဲ့တယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ ယူနွတ်ကို အကျင့်ပျက်လာဘ် စားမှုနဲ့ပတ်သက်ပြီး အစိုးရက စွဲချက်တင်ထားပေမယ့် အမေရိကန်အတွက် အဲဒီယူနွတ်က လော်ဘီလုပ် ပေးခဲ့တယ်}ဟုပြောသည်။ အမေရိကန်ဦးဆောင် သောအနောက်အုပ်စုနိုင်ငံများသည် တရုတ်နိုင်ငံကို ကြားခံစစ်ပွဲလုပ်ဆောင်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းအရင်းမြစ်များ က ပြောသည်။ ထို့ပြင် Bangladesh Nationalist Party’s (BNP) မှ တာရီကွေးရက်မန်က ၄င်းတို့ အာဏာရမည်ဆိုလျှင် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မည်မဟုတ်ဘဲ အနောက်အုပ်စုနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့မည်ဟု ပြောဆို ခဲ့ဖူးသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် ဒေသအတွင်းတွင် မတည်ငြိမ်မှုများဖြစ်လာစေရန် ဆက်လက်လုပ်ဆောင်လိုနေပြီး ၄င်းတို့သည် အိန္ဒိယနိုင်ငံအတွက်လည်း အခက်အခဲပြဿနာများဖန်တီးလို နေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ တရုတ်နိုင်ငံတို့နှင့် ဆက် ဆံရေးများရှိနေသည့်အတွက် အိန္ဒိယနိုင်ငံအတွက်အခက်အခဲပြဿနာများဖြစ်လာစေရန် ဖန်တီးလိုနေ ခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးအရင်းမြစ်များကပြောသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာထူးမှ နုတ် ထွက်ပြီး ပြည်ပထွက်ပြေးမှုများတွင် ပါကစ္စတန်နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့များလည်း အဓိက အခန်း ကဏ္ဍကပါဝင်နေခဲ့ကြောင်း အိန္ဒိယအခြေစိုက် news18 သတင်းဌာနက ဖော်ပြထားသည်။  ဘင်္ဂလားဒေ့ရှ်တွင် နိုဘယ်ဆုရှင်ဦးဆောင်သော ယာယီအစိုးရတစ်ရပ်ထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ အနာဂတ်ကို မေးခွန်းထုတ်မှု များလည်း စတင်ထွက်ပေါ်လာသည်။ ရှိတ်ဟာစီနာ၏ သားဖြစ်သူအဆိုအရ အိန္ဒိယတွင် မိခင်ဖြစ်သူ ရှိနေကြောင်းနှင့် လတ်တလောတွင် ပြန်လာရန် အစီအစဉ်မရှိသေးကြောင်း ဆိုသည်။ သို့သော်လည်း ရွေးကောက်ပွဲများပြန်လည်ကျင်းပမည့်အချိန် သို့မ ဟုတ် ရွေးကောက်ပွဲဖြင့် အစိုးရသစ်တစ်ရပ်ပေါ် ပေါက်လာချိန်မှသာ မိခင်ဖြစ်သူ၏ အိမ်အပြန်ခရီး စဉ်က ဖြစ်မြောက်လာဖွယ် ရှိနေကြောင်း Sajeeb Wazed က ပြောသည်။  

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေး-လားရှိုးအဆင်းလမ်းတွင် Express ကားနှင့် ဝက်တင်ကားတို့ တိုက်မိရာ ယာဉ်နောက်လိုက်ပွဲချင်းပြီး သေဆုံးကာ (၄)ဦးဒဏ်ရာရ

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved