အမေရိကန်သမ္မတလောင်းနှစ်ဦး စက်တင်ဘာလ(၁၀)ရက်တွင် စကား စစ် ထိုးပွဲ ပြုလုပ်မည်
ဂျန်ဇက် (NSS) - ဩဂုတ် ၁၂
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် အမေရိကန် လက်ရှိ ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်တို့သည် လာမည့် စက်တင်ဘာ (၁၀)ရက်နေ့တွင် အေဘီစီရုပ်သံလိုင်း အစီအစဉ်မှ တစ်ဆင့် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဒေါ်နယ်ထရမ့်သည် လာမည့်အမေရိကန် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရန် ရီပတ်ဘလီ ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထား ရသကဲ့သို့ ကာမာလာဟာရစ်ကလည်း ဒီမိုကရက်တစ် ပါတီ၏ သမ္မတလောင်းအဖြစ်ရွေးချယ်ခံထားရ ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် ကာမာလာ ဟာရစ်နှင့် Fox and NBC ရုပ်သံလှိုင်းတို့၏ လေ လှိုင်းပေါ်မှတစ်ဆင့် စကားစစ်ထိုးပွဲ ပြုလုပ်ရန် လိုလားနေခဲ့ကြောင်း သိရသည်။ ကာမာလာဟာရစ်ကလည်း စကားစစ်ထိုးပွဲများပိုမိုလုပ်ဆောင်ရန် ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ စက်တင်ဘာ (၁၀)ရက်နေ့တွင်ပြုလုပ်မည့် စကားစစ်ထိုးပွဲသည် ဒေါ်နယ်ထရမ့်နှင့် ကာမာလာဟာရစ်ကြား အနာဂတ်တွင်စကားစစ်ထိုးပွဲများထပ်မံလုပ်ဆောင်ရန်အတွက် အဓိက အရေးပါ သည့် စကားစစ်ထိုးပွဲများဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သော ဇွန်လ (၂၇)ရက်နေ့တွင် လက်ရှိအမေရိကန်သမ္မတဖြစ်သလို ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်နှင့် စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ရာ အသာစီး ရယူနိုင်ခဲ့ကြောင်းသိရသည်။
မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းများတွင် ကာမာလာဟာရစ်သည် ဒေါ်နယ် ထရမ့်အပေါ် လူကြိုက်များမှုထက်ပိုမိုများပြားလာနေ ကြောင်း ဖော်ပြထားသည်။ Ipsos အဖွဲ့က နောက် ဆုံးပြုလုပ်ခဲ့သောစစ်တမ်းတွင် ကာမာလာဟာရစ် သည် လူကြိုက်များမှု (၄၂)ရာခိုင်နှုန်းရှိခဲ့ပြီး ဒေါ်နယ် ထရမ့်က လူကြိုက်များမှု (၃၇)ရာခိုင်နှုန်းရှိနေခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သော ဇူလိုင်လအတွင်း ပြု လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုတွင်လည်း ကာမာလာဟာ ရစ်က (၃၇) ရာခိုင်နှုန်း ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က လူကြိုက်များမှု (၃၄) ရာခိုင်နှုန်း ရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ် နှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စနှင့်ပတ်သက်၍ လိမ် လည်အမြတ်ထုတ်နေသူများကို အရေးယူသွားမည်ဟု မလေးရှားနိုင်ငံရှိ မြန်မာသံရုံး အသိပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း