Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားသီချင်းနှင့်ရုပ်ရှင် icon နိုနာအာဆာယာ အသက်(၉၄)နှစ်အရွယ်ဖြင့် ကွယ်လွန်

Pika (NSS) - ဩဂုတ် ၁

မလေးရှားသီချင်းနှင့် ရုပ်ရှင် icon တစ်ဦးဖြစ်သူ နိုနာအာဆာယာသည် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်အစောပိုင်းတွင် အသက်(၉၄)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။


အမည်ရင်း အာဆာယာအာမန်ဟုခေါ်သော ဂန္တဝင်အဆိုတော်သည် မလေးရှားရုပ်ရှင်သရုပ်ဆောင် P Ramlee ဇာတ်ကားများခေတ်အတွင်း ၎င်း၏ အသံကြောင့် နာမည်ကြီးကြောင်းလည်း သိရသည်။ နိုနာအာဆာယာ၏ သေဆုံးမှုကို ၎င်း၏သားအငယ်ဆုံးဖြစ်သူနှင့် သီချင်းနှင့်ရုပ်ရှင်ထုတ်လုပ်သူ Indra Shahrir Ismail တို့က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

နိုနာအာဆာယာသည် ကျောက်ကပ်၊အဆုတ်နှင့်နှလုံးဆိုင်ရာ ပြဿနာများအတွက် ပြီးခဲ့သည့်(၂)လခန့်တည်းက ဆေးရုံတွင် ဆေးကုသမှုများခံယူနေခဲ့ခြင်းဖြစ်ကြောင်း Indra Shahrir Ismail ကပြောကြားခဲ့သည်။ ထို့ပြင် နိုနာအာဆာယာသည် အဆိုပါကျန်းမာရေးအခြေအနေများဖြင့်ပင် ဆေးရုံတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဈာပနကို ဇူလိုင်လ(၃၁)ရက်နေ့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။ နိုနာအာဆာယာသည် ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်များအတွင်း Cathay-Keris Malay Films နှင့် Shaw Brothers’ Malay Film Productionတို့က ထုတ်လုပ်သော ရုပ်ရှင်များစွာတွင် နောက်ခံအဆိုတော်အဖြစ် အောင်မြင်ခဲ့ကြောင်းလည်းသိရသည်။

ထို့ပြင် ၎င်းသည် ၁၉၄၈ ခုနှစ်ရုပ်ရှင် Chinta တွင်  ရုပ်ရှင်သရုပ်ဆောင် Siput Sarawak အတွက် သီဆိုမှုများကို လုပ်ဆောင်ပေးခဲ့ဖူးကြောင်းလည်းသိရသည်။ နိုနာအာဆာယာသည် ၁၉၇၀ ခုနှစ်တွင် ဖျော်ဖြေခြင်းလုပ်ငန်းမှ အနားယူခဲ့ကြောင်း သိရသည်။ နိုနာအာဆာယာသည် ၂၀၂၂ ခုနှစ်တွင် ပြုလုပ်သော Singapore Women’s Hall of Fame တွင် ထည့်သွင်းဖော်ပြခံခဲ့ရကြောင်းလည်း သိရသည်။ နိုနာအာဆာယာကို နှစ်ပေါင်းများစွာသိလာခဲ့သူ ဝါရင့်တေးရေးဆရာ Yusnor Ef က 'နိုနာအာဆာယာရဲ့ နာမည်ကိုပြောလိုက်ရုံနဲ့ ၎င်းကအလုပ်အရမ်းကြိုးစားပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်ဆိုတာ လူတိုင်းကသိပါတယ်။ ၎င်းယူဆောင်လာခဲ့တဲ့ အနုပညာဟာ မျိုးဆက်သစ်လူငယ်တွေအတွက် လေ့လာသင်ယူမှုလုပ်ဆောင်နိုင်မယ့်အရာတစ်ခုပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လစ်လပ်သွားသည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေဟုဆို

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved