Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒိုရေမွန်ကာတွန်းရုပ်ရှင်ထဲမှနိုဘိတဇာတ်ကောင် အသံသရုပ်ဆောင် အသက်(၈၈)နှစ်အရွယ်တွင် ကွယ်လွန်

Pika (NSS) - ဇူလိုင် ၃ဝ

ကာလရှည်ကြာရေပန်းစားနေသော ဒိုရေမွန် ကာတွန်းရုပ်ရှင်ထဲမှ ဇာတ်ကောင်နိုဘိတ၏ အသံသရုပ်ဆောင်တစ်ဦးဖြစ်သည့် ဂျပန်အသံသရုပ်ဆောင် နိုရီကိုအိုဟာရာသည်  အသက်(၈၈)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ နိုရီကို အိုဟာရာ၏သေဆုံးမှုကို ၎င်း၏ အေဂျင်စီ 81 Pro­duce က ဇူလိုင်လ(၂၃)ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 


အေဂျင်စီက 'ကျွန်တော်တို့ကုမ္ပဏီရဲ့ အသံသရုပ်ဆောင် နိုရီကိုအိုဟာ ရာဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ရက်မှာ အသက် (၈၈)နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ နိုရီကိုအိုဟာရာဟာ နာမကျန်းဖြစ်မှုကြောင့် ကုသမှုတွေခံယူခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မိသားစုရဲ့ဆန္ဒအရ ၎င်းရဲ့ဈာပနကို ဆွေမျိုးတွေနဲ့ပဲလုပ်ဆောင်ခဲ့ပါတယ်။ ၎င်းအသက်ရှင်နေစဉ်အချိန်အတွင်း ကျွန်တော်တို့အပေါ်ထားရှိခဲ့တဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတင်ကြောင်းပြော လိုပါတယ်'ဟု ထုတ်ပြန်ထားသည်။ 

နိုရီကိုအိုဟာရာ သည် (၁၉၇၉)ခုနှစ်မှ (၂၀ဝ၅)ခုနှစ်အထိ ဒိုရေမွန် ကာတွန်းရုပ်ရှင်မှ နိုဘိတဇာတ်ကောင်၏ အသံသရုပ် ဆောင်အဖြစ်လုပ်ကိုင်ခဲ့ကြောင်းလည်းသိရသည်။ (၂၀၁၇)ခုနှစ်က Cinema Today နှင့်အင်တာဗျူး တစ်ခုအတွင်း နိုရီကိုအိုဟာရာသည် နိုဘိတဇာတ်ကောင်၏ အသံသရုပ် ဆောင်အဖြစ် လုပ်ကိုင်ခဲ့ချိန် အတွင်း ခံစားခဲ့ရသည်များကို ထုတ်ဖော်ပြောဆိုခဲ့ ကြောင်းသိရသည်။ ၎င်းက 'နိုဘိတရဲ့ အသံသရုပ် ဆောင်အဖြစ် လုပ်ကိုင်ရတာဟာ တကယ်ကိုပျော်ဖို့ ကောင်းပါတယ်။ တစ်ချိန်တည်းအတွင်းမှာ (၇)ပိုင်း၊ (၈)ပိုင်းလောက်အထိ ကျွန်မတို့အသံသွင်းခဲ့ကြဖူး ပါတယ်"ဟု ပြောဆိုခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၇၅)နာရီကြာ ဆက်တိုက်ဂိမ်းကစားပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ နိုင်ဂျီးရီးယားအမျိုးသား

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved