ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မှုမှ နုတ်ထွက်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးက ထပ်မံနုတ်ထွက်ဖို့ ရီပတ်ဘလီကန်ပါတီဝင်များတိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ပြီးနောက် ၎င်းကို သမ္မတရာထူးကပါ ထပ်မံနုတ်ထွက်ဖို့ ရီပတ်ဘလီကန်ပါတီဝင်များက တောင်းဆိုနေကြောင်းသိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ပေမယ့် ဇန်နဝါရီလအထိ သက်တမ်းဆက်ရှိနေမယ့် သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
ဇွန်လအတွင်းကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒန်ဟာ ပြိုင်ဘက်ဒေါ်နယ်ထရမ့်လောက် စွမ်းရည်ကောင်းတွေ ပြသနိုင်ခြင်းမရှိတဲ့အတွက် ဂျိုးဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မှုမှ နုတ်ထွက်ဖို့ ဒီမိုကရက်တစ်ပါတီဝင်များနဲ့ အမတ်တွေကတိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့အမတ်တစ်ဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီဟာ အမေရိကန်ပြည်သူတွေကို လိမ်လည်နေကြောင်း၊ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြည့်စုံကောင်းမွန်မှုမရှိဘူးဆိုရင် သမ္မတရာထူးကနေလည်း နုတ်ထွက်သင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။
ရီပတ်ဘလီကန်ပါတီဝင်အမတ်တစ်ဦးဖြစ်တဲ့ ရစ်ချာဟတ်ဆန်က "ဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီး သမိုင်းအရှုပ်ထွေးတစ်ခုဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှုမရှိဘူးဆိုတဲ့အချက်နဲ့ သမ္မတအဖြစ်ဆက်လက်တာဝန်ယူနိုင်မှုမရှိဘူးဆိုတဲ့အချက်ကို ဒီမိုကရက်တစ်ပါတီဝင်တွေ ကြိုတင်သိရှိထားပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ်ပါတီဟာ ဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို လိမ်လည်ကာ ဝိုင်းဝန်းဖုံးအုပ်ထားတယ်။ ဂျိုးဘိုင်ဒန်ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာကောင်းမွန်မှုမရှိဘူးဆိုရင် နျူကလီးယားကုဒ်နံပါတ်တွေကိုသာ သိရှိခွင့်ရတဲ့ သမ္မတရာထူးနဲ့လည်းမထိုက်တန်ဘူး"လို့ပြောပါတယ်။ ဒါ့ပြင် ၎င်းက "ဂျိုးဘိုင်ဒန်ဟာ သမ္မတ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ ကျန်းမာရေးမကောင်းဘူးဆိုရင် သမ္မတ အဖြစ်တာဝန်ယူတာမျိုးလည်းမဖြစ်သင့်ဘူး၊ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ်တာဝန်ယူနေခြင်းကနေ ချက်ချင်းနုတ်ထွက်သင့်တယ်" လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရဲ့တာဝေးပစ်လက်နက်တွေက ဘယ်နေရာမှာမဆိုရှိတဲ့ ရန်သူတွေကို တိုက်ခိုက်နိုင်တယ်လို့ ဝန်ကြီးချုပ်နေတန်ရာဟု ပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း