Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိမ်နီးချင်းယီမင် ဟူသီတို့ကို အစ္စရေးစစ်လေယာဉ်များက တိုက်ခိုက်မှုတွင် မိမိတို့ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆော်ဒီနိုင်ငံငြင်းဆို

Htay Oung (NSS) - ဇူလိုင် ၂၂

အိမ်နီးချင်းယီမင် ဟူသီတို့ကို အစ္စရေးစစ်လေယာဉ်များက လာရောက်တိုက်ခိုက်မှုမှာ မိမိတို့နိုင်ငံအနေနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ မိမိတို့ ဘုရင့်နိုင်ငံတော်ရဲ့ ဝေဟင်ပိုင်နက်ကို အသုံးပြုပြီး မည်သည့် အဖွဲ့အစည်းကိုမဆို ထိုးစစ်ဆင်တိုက်ခိုက်ခွင့်ပြုုမှာ မဟုတ်ကြောင်း ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့ X လူမှုကွန်ရက်မှာ ရေးသားတယ်လို့ အာရပ်သတင်း အေဂျင်စီက ဇူလိုင်လ ၂၁ ရက်မှာဖော်ပြပါတယ်။


သောကြာနေ့ အရုဏ်မတက်မီ ဂျူးမြို့တော် တဲလ်အဗီမြိ့ အမေရိကန်သံရုံးအနီး လူနေတိုက်ခန်းတစ်ခန်းကို ဟူသီတို့ပစ်လွှတ်တယ်လို့ ယူဆရတဲ့ ဒရုန်းတစ်စင်းက တိုက်ခိုက်တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ စနေနေ့မှာ အစ္စရေးစစ်လေယာဉ်များက အသွားတစ်ကြောင်းတည်း မိုင် ၁၀၀၀ ကျော် အကွာဝေးကို ပျံသန်းလာပြီး ဟူသီတို့ထိန်းချုပ်ထားတဲ့ ယီမင် နိုင်ငံအနောက်ဖက် “ဟော့ဒိုင်းဒတ်“ ပင်လယ်နီဆိပ်ကမ်းမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအတ်ဂဲလင့်ကတော့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဟူသီသူပုန်များအနေနဲ့ သူတို့လက်ချက် ဟုတ် မဟုတ် ငြင်းဆန်ခွင့် မရှိဘူးဆိုတာ သင်ခန်စာပေးဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

ယီမင်နိုင်ငံရဲ့ နယ်မြေအတော်များများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီ ပြည်သူ့စစ်တွေက ထိန်းချုပ်ထားပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများအပေါ် စာနာကြောင်း ပြသတဲ့အနေနဲ့စူးအက်တူးမြောင်းဝင်ထွက်ရာ ပင်လယ်နီနဲ့ ဘက်အယ်လ်မန်ဒက်ရေလက်ကြားအတွင်း ခုတ်မောင်းသွားလာနေတဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတို့ကို ဟူသီတို့က တိုက်ခိုက်နေပါတယ်။ တဲလ်အဗီ လူနေတိုက်ခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ ခရီးဝေးပျံသန်းနိုင်ဖို့ စွမ်းအင်ချွေတာတဲ့အနေနဲ့ သယ်ဆောင်ပေါက်ကွဲပစ္စည်းထိပ်ဖူး အရွယ်အစားကို ဟူသီတို့ ပြုပြင်အသုံးပြနေတဲ့ အီရန်လုပ် “ဆမ်မက်-သရီး” အမျိုးအစား ဒရုန်းဖြစ်ပါတယ်။ အဲ့ဒီ ဒရုန်းအမျိုးအစားဟာ ကြားဖြတ်ဟန့်တားဖို့ ခက်ခဲရာမှာ ထင်ရှားပြီး အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေး ထောက်လှမ်းမှုကို လှည့်စားကျော်ဖြတ်လာနိုင်ပုံရပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်ဆီသိုလှောင်ရာ စက်ရုံကို ထိမှန်ခဲ့ပြီး လူ သုံးဦး သေဆုံး ၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရကြောင်း ဟူသီတို့ရဲ့ အာဘော်ကို ထုတ်လွှင့်ပေးနေတဲ့ အယ်လ်မာ ရှီရာက သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးတို့က မထင်မှတ်ပဲ လျှပ်တပြက် လက်တုံ့ပြန် တိုက်ခိုက်ပေမယ့် တုန်လှုပ်ဟန်မပြသတဲ့ ဟူသီအရာရှိများက အစ္စရေးနဲ့ ကူးသန်းရောင်းဝယ်နေတဲ့ သင်္ဘောများကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ခြိမ်းခြောက်နေပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ရန်လိုမှုဟာ ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ရာမှာ ယီမင်ပြည် သူတွေနဲ့ သူတို့ရဲ့ ရဲစွမ်းသတ္တိပြည့်ဝတဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဆုံးဖြတ်ချက်နဲ့ သံဓိဌာန်ခိုင်မာမှုကိုသာ အားကောင်းစေမှာ ဖြစ်ကြောင်း၊ အမေရိကန်-ဇီယွန်ဝါဒီအစွန်းရောက်တို့အပေါ် ပိုမိုကြမ်းတမ်းစွာ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ တဲလ်အဗီမြို့ လူနေတိုက်ခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုဟာ လက်ဘနွန်ဟားမတ်စ်စစ်သွေး ကြွတို့နဲ့ မဟာမိတ် ဖြစ်သူ ယီမင် ဟူသီတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ယမန်နေ့ ယီမင်ဆိပ်ကမ်းကို လက်တုန့်ပြန်မှုဟာ ဟူသီတို့အပေါ် အစ္စရေးက တိုက်ရိုက်တိုက်ခိုက်မှု ပထမဆုံးအကြိမ်ဖြစ်ပြီး အီရန်မှ ယီမင် သို့ လက်နက်ခဲယမ်းများလွှဲပြောင်းရာမှာ အရေးပါတဲ့ ဆိပ်ကမ်းမြို့ရှိ ဟူသီတို့ရဲ့ စစ်စခန်းများနဲ့ ရေနံစက်ရုံတို့ ကို ထိမှန်ခဲ့ပါတယ်။ ရန်ဘက် အီရန်နဲ့ အခြားနိုင်ငံများရဲ့ ရေဒါထောက်လှမ်းမှုကို ဖြတ်သန်းပြီး မိုင် ၁၀၀၀ ကျော်မှ ပစ်မှတ်များကို ချေမှုန်းဖို့အတွက် အစ္စရေး လေတပ်ဟာ F-15, F-35 ဂျက်တိုက်လေယာဉ်များနဲ့ ဘိုရင်း 707 ဝေဟင်ဆီဖြည့် လေယာဉ်များကို အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။ 

စစ်ဆင်ရေးအတွက် အစ္စရေးထိပ်တန်းအရာရှိကြီးများ အကြိမ်ကြိမ် အကြံပြုဆွေးနွေးခဲ့ကြပြီး တိုက်ခိုက်မယ့်နေ့ နံနက်ပိုင်းမှာ သုံးသပ်ချက် အကြမ်းရေးဆွဲပါတယ်။ တင်းကျပ်တဲ့ အထူးအရေးပေါ်အစည်းအဝေးနဲ့ အစိုးရအ ဖွဲ့ဝင် ဝန်ကြီးများကို ဆင့်ခေါ်ခဲ့ပြီး စစ်ဆင်ရေးကို အတည်ပြုပါတယ်။  ရန်သူ့ရေဒါထောက်လှမ်းမှုကို ရှောင်ကွင်းဖို့ဆိုတာ အလွန်နိမ့်တဲ့ အမြင့်ပေမှာ ပျံသန်းရမှာဖြစ်တဲ့အတွက် ဆော်ဒီအာရေးဗီးယားရဲ့ အကူအညီမပါဝင်ပဲ မဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။ စစ်ဆင်ရေးမှာ အစ္စရေးဂျက်တိုက်လေယာဉ်အုပ်နဲ့အတူ ဝေဟင်ထောက်လှမ်းရေးနဲ့ ကင်းထောက်ရေး “နက်ရွှန်း” လေတပ်အုပ်စု၊ ပင်လယ်နီရေပြင်ရှိ အစ္စရေးစစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောတို့က ကူညီခဲ့ကြကြောင်း ပစ်မှတ်မှ မိုင် ၆၀ ခန့်အကွာမှာ အထူးခဲယမ်းများနဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ 

အထူးသဖြင့် အစ္စရေးအနေနဲ့ သူ့ရဲ့ ရန်ဘက်နိုင်ငံများကို ရင်ဆိုင်ရာမှာ အမေရိကန်နဲ့ ဗြိတိန်တို့အပေါ် မှီခိုနေမည် မဟုတ်ကြောင်း အချက်ပြမှုဖြစ်လာပါတယ်။ ဆိပ်ကမ်းကို တိုက်ခိုက်ယုံနဲ့ ဟူသီတို့ လှုပ်ရှားမှုကို ဟန့်တားနိုင်ဖွယ် မရှိပေမယ့် ယီမင်စစ်သွေးကြွတို့ကို အသိအမှတ်ပြုထားတဲ့ နိုင်ငံများရဲ့ ခြိမ်းခြောက်မှုကိုတော့ ချေဖျက်နိုင်မယ်လို့ ယူဆရပါတယ်။ “လက်တစ်ဆုံး စစ်ဆင်ရေး” Operation Outstretched Arm လို့ အမည်ပေးထားတဲ့ အစ္စရေးလေတပ်ရဲ့ တိုက်ခိုက်မှုဟာ ခရီးအလွန်ဝေးကွာသည့်တိုင် အစ္စရေးတို့အနေနဲ့ အံ့သြဖွယ်လက်လှမ်း မီနိုင်မှုကို ပြသနေပါတယ်။ မိုင်ပေါင်း ၁၄၀၀ နီးပါးကွာဝေးပြီး မြေထဲပင်လယ်တောင်ဘက် အာဖရိကတိုက်မြောက်ပိုင်း တူနီးရှားနိုင်ငံမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့များကို ပစ်မှတ်ထားတဲ့ ၁၉၈၅-ခုနှစ် “သစ်သားခြေထောက်စစ်ဆင်ရေး“ ပြီးလျှင် အစ္စရေးလေတပ်ရဲ့ ဒုတိယမြောက် အံ့မခန်း တိုက်ပွဲဝင်စွမ်း ရည်ပြသခြင်းလည်း ဖြစ်ပါတယ်။

(Arab News., 21 July 2024,” Saudi Arabia denies involvement in Israeli targeting of Houthi-controlled port in Yemen” ကို ဆီလျော်အောင်ဖြည့်စွက် ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားက ပင်လယ်ဖြူအတွင်းမှာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved