ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မှာဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် အက်တယ် သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - ဇူလိုင် ၈
ပြင်သစ်ဝန်ကြီးချုပ် ဂါဘရီရယ် အက်တယ်လ်က ၎င်းအနေနဲ့ရာထူးက နုတ်ထွက်တော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ အက်တယ်လ်က နုတ်ထွက်မယ့်အကြောင်းကို ပြင်သစ်သမ္မတမက်ခရွန်ကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း ၎င်းရဲ့လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့နုတ်ထွက်ခြင်းဖြစ်ကြောင်း ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ ဇူလိုင်လ ၇ ရက်နေ့က ကျင်းပခဲ့တဲ့လွှတ်တော်ရွေးကောက်ပွဲ ဒုတိယအကျော့မှာ လက်ဝဲစွန်းပါတီဖြစ်တဲ့ New Popular Front ပါတီနဲ့မဟာမိတ်ပါတီဟာ မဲအများဆုံးအနိုင်ရခဲ့ပြီး ပြင်သစ်လွှတ်တော်မှာနေရာအများအပြားရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ ပထမအကျော့မှာတုန်းက မဲအများဆုံးရရှိခဲ့တဲ့ လက်ယာစွန်းရောက်ပါတီဟာ ဒုတိယအကျော့မှာတော့ တတိယနေရာမှာသာရှိနေခဲ့ကြောင်း သိရပါတယ်။ အက်တယ်လ်က နုတ်ထွက်စာတင်ထားပေမယ့် နုတ်ထွက်မှုကို ငြင်းဆန်မယ်ဆိုရင် ဝန်ကြီးချုပ်ရုံးမှာ ဆက်ရှိမှာဖြစ်ပြီး တာဝန်တွေကို ထမ်းဆောင်မှာဖြစ်ကြောင်းပြောပါတယ်။
ရွေးကောက်ပွဲဒုတိယအကျော့ပြီးချိန်မှာ ပြင်သစ်လွှတ်တော်အတွင်း လက်ယာစွန်းရောက်ပါတီ၊ လက်ဝဲစွန်းရောက်ပါတီအပါအဝင် ပါတီကြီးသုံးခုက မဲအများဆုံးရရှိထားပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ဖွဲ့စည်းနိုင်ဖို့ ရုန်းကန်ရဖွယ်ရှိနေကြောင်းသိရပါတယ်။
အဆိုပါ ပါတီကြီးသုံးပါတီဟာ ပြင်သစ်နိုင်ငံသမိုင်းမှာအတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတဲ့သမိုင်းမျိုးမရှိတဲ့အတွက် ပြင်သစ်နိုင်ငံရဲ့လွှတ်တော်က အခက်အခဲအရှုပ်ထွေးတွေဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲပြုလုပ်၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး လုံခြုံ ရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း