စစ်ဘက်ဆိုင်ရာတင်ဆက်မှုပြိုင်ပွဲမှာ အမြင့်ဆုံးဆု ချီးမြှင့်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင် J-Hope

Pika (NSS) - ဇွန် ၁၃
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ J- Hope သည် စစ်ဘက်ဆိုင်ရာတင်ဆက်မှုပြိုင်ပွဲတွင် အမြင့်ဆုံးဆုကိုချီးမြှင့်ခံခဲ့ရကြောင်းသိရသည်။ လက်ရှိအချိန်တွင် စစ်မှုထမ်းနေဆဲဖြစ်သော J- Hope သည် ဆိုးလ်မြို့ War Memorial of Korea တွင်ကျင်းပသည့် "Strong Warriors, Army!presentation contest" ပွဲတွင် အမြင့်ဆုံးဆုကို ဇွန်လ(၄) ရက်နေ့တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါပွဲကို တောင်ကိုရီးယားစစ်တပ်က ဂုဏ်ပြုပွဲတစ်ခုအနေဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်သား များ၏စိတ်ဓာတ်ခွန်အားကို မြှင့်တင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။အဆိုပါပွဲကို စစ်သားများနှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း(၁၇၀)ခန့်တက်ရောက်ခဲ့ပြီး စစ်မှုထမ်းခြင်း၏တန်ဖိုးနှင့် အတွေ့အကြုံများ၊ အခက်အခဲများကို ကျော်ဖြတ်ခဲ့ကြရပုံများကို မျှဝေခဲ့ကြကြောင်းသိရသည်။
J-Hope သည် ဂန်ဝွန်ပြည်နယ် Wonju မြို့ရှိ အမှတ်(၃၆)ခြေလျင်တပ်ရင်းမှ စစ်သားနှစ်ဦးနှင့် အတူ သုံးဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့အဖြစ် အဆိုပါပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ J-Hope “ BTS အဖွဲ့ဝင်အားလုံးဟာ တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ခွင့်ရလို့ ကျေးဇူးတင်မိပါတယ်။ စစ်မှုထမ်းရတာဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအတွက် တာဝန်ယူနေတဲ့သူတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ခြေလှမ်းတွေကို လှမ်းနေတယ်လို့ ခံစားရစေပါတယ်။ ကျွန်တော်တို့ရဲ့ သွေး၊ ချွေး၊ မျက် ရည်တွေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပံ့ပိုးပေးနေသလိုပဲ ဒီလိုမိန့်ခွန်း ပြောရတာက စစ်သားတွေအတွက် ခွန်အားဖြစ်စေဖို့ ပံ့ပိုးနေတယ်လို့ ခံစားရပါတယ်” ဟု ပြောဆိုခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီလတွင် စတင်စစ်မှုထမ်းခဲ့သော J-Hope သည် အမှတ် (၃၆) ခြေလျင်တပ်ရင်း၏ Baekho Recruit Training Batalion တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေကြောင်းလည်း သိရသည်။ ထို့ပြင် J-Hope သည် လာမည့်အောက်တိုဘာလ(၁၇)ရက်နေ့တွင် စစ်မှုထမ်း တာဝန် ပြီးဆုံးနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင်သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်းမှ တားဆီးကာကွယ်ရန်အတွက် ဟားခါးမြို့နယ်ရှိ ဧက(၁၅၀၀)ကျော် ကျယ်ဝန်းသော နယ်မြေကို “ရုန်းတောင်ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်
RELATED POSTS
16 May 2025 | အနုပညာ,နိုင်ငံတကာ
16 May 2025 | အနုပညာ,နိုင်ငံတကာ