Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီးယူရွေးကောက်ပွဲတွင် ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည့်ပါတီများ အနိုင်ရရှိမှုမြင့်မား

ALynn (NSS) - ဇွန် ၁ဝ 

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ သန်းနှင့်ချီသော ဥရောပသားများသည် အီးယူပါလီမန်ရွေးကောက်ပွဲများတွင် မဲများပေးခဲ့ကြပြီး အီးယူအဖွဲ့၏ လက်ရှိမူဝါဒများဖြစ်သော လူဝင်မှုကြီးကြပ်ရေး၊ လုံခြုံရေးနှင့် ရာသီဥတုဆိုင်ရာမူဝါဒများကို ဖီဆန်ကာ ရှေးရိုးစွဲနှင့် လက်ယာယိမ်းပါတီများကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။ 

တနင်္ဂနွေနေ့ (ဇွန်လ ၉ ရက်) တွင် မဲရုံပိတ်ပြီးနောက် ကနဦးခန့်မှန်းချက်များအရ ဥရောပသမဂ္ဂ၏ အဓိက ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် နှင့် ဂျာမန်ခေါင်းဆောင် Olaf Scholz တို့က သိသိသာသာရှုံးနိမ့်နေသည်ကို တွေ့ရသည်။ ထို့နောက် ပြင်သစ်သမ္မတသည် နိုင်ငံ၏အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းကာ လျှပ်တပြက်လွှတ်တော်ရွေးကောက်ပွဲများခေါ်ယူခြင်းကို ပြုလုပ်ခဲ့သည်။

“တည်တည်ငြိမ်ငြိမ်နဲ့ လိုက်လျောညီထွေရှိစွာ လည်ပတ်နိုင်ဖို့ ပြင်သစ်က အများစုရဲ့ထောက်ခံမှုကို လိုအပ်ပါ တယ်” ဟု မက်ခရွန်က ဆိုရှယ်မီဒီယာ X တွင် ရေးသားခဲ့သည်။ ပြင်သစ်လက်ယာယိမ်း National Rally ပါတီသည် ထောက်ခံမဲ ၃၀ ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီး ၎င်းသည် မက်ခရွန်၏ Renaissance ပါတီထက် ဝေစုနှစ်ဆကျော် ရရှိခဲ့ ခြင်းဖြစ်သည်။ 

National Rally ပါတီ၏ ခေါင်းဆောင်ဖြစ်သူ Marine Le Pen က သူမသည် အာဏာရယူရန် အသင့်ဖြစ်နေပြီဟု ကြေညာခဲ့သည်။ Le Pen သည် ယူကရိန်းသို့ ခံစစ်လက်နက်များပေးပို့ခြင်းကို ထောက်ခံခဲ့သော်လည်း ရုရှားပိုင်နက် ကို တိုက်ခိုက်ရန် ၎င်းလက်နက်များအသုံးပြုခြင်းကို ကန့်ကွက်ခဲ့ပြီး ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုသည် ထိရောက်မှုမရှိသလို ဥရောပသားများကို ထိခိုက်စေနိုင်သည်ဟု ဝေဖန်ထောက်ပြခဲ့သည်။

ဂျာမနီ၏ လက်ဝဲယိမ်း Social Democrats ပါတီသည် လက်ယာယိမ်း Alternative for Germany ပါတီ (AfD) ၏ နောက်သို့ များစွာကျဆင်းသွားခဲ့သည်။ AfD ပါတီသည် ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပြီး ယူကရိန်းအား စစ်ရေးအကူ အညီများပေးခြင်းကို ဆန့်ကျင်ခဲ့သည့်ပါတီဖြစ်သည်။ Geert Wilders ဦးဆောင်သော နယ်သာလန်၏ ကွန်ဆာဗေးတစ်ပါတီ (PVV) သည် မဲ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာရခဲ့ပြီး ဥရောပပါလီမန်တွင် ထိုင်ခုံ တစ်နေရာမှ ခုနှစ်နေရာအထိ ရရှိရန် ခန့်မှန်းထားကြသည်။ 


Geert Wilders သည် ယူကရိန်းသို့ စစ်ရေးအကူအညီများ ပေးပို့ခြင်းအား ဆန့်ကျင်ခဲ့ပြီး ယင်းလုပ်ရပ်သည် ဒတ်ခ်ျ  စစ်တပ်၏ ကာကွယ်နိုင်စွမ်းအားကို လျော့ကျစေသည်ဟု ဖော်ပြခဲ့သည်။ ဘယ်လ်ဂျီယံဝန်ကြီးချုပ် Alexander De Croo သည် ၎င်း၏ Open VLD ပါတီမှာ မဲအရေအတွက် ၅ ဒသမ ၈ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ လက်ယာ ယိမ်းပါတီများဖြစ်သည့် Vlaams Belang နှင့် Flemish nationalist N-VA ပါတီတို့က ထောက်ခံမဲ ၁၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၁၄ ဒသမ ၂ ရာခိုင်နှုန်းအသီးသီး ရရှိခဲ့ကြသည်။

အီတလီဝန်ကြီးချုပ် Giorgia Meloni ၏ လက်ယာယိမ်း Fratelli d'Italia (အီတလီညီအစ်ကိုများ) ပါတီသည် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၂၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး ၂၈ နေရာအထိ ရရှိခဲ့ သည်။ လက်ယာယိမ်း European Conservatives and Reformists Group (ECR) ၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ Meloni သည် ယခင်က ပြင်သစ်သမ္မတမက်ခရွန်၏ ယူကရိန်းသို့ နေတိုးတပ်ဖွဲ့များ စေလွှတ်နိုင်ခြေနှင့်ပတ်သက်သည့်မှတ်ချက်အပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်သည် နေတိုး နှင့် ရုရှားအကြားတင်းမာမှုများကို တိုးလာနိုင်သည်ဟု သတိပေးခဲ့ သည်။ အီးယူ၏ နိုင်ငံရေးသည် လက်ယာသို့ သိသိသာသာယိမ်းသွားပြီး လက်ယာယိမ်းပါတီများသည် ဥရောပပါလီမန်တွင် နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားကိုသတိပေးတဲ့အနေနဲ့ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်းရာချီကို မြောက်ကိုရီးယားအစိုးရထပ်မံပေးပို့

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved