Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သံတွဲမြို့နယ်က တိုက်ပွဲများကြောင့် ငပလီမြို့ အပါအဝင် ပင်လယ်ကမ်းနားကျေးရွာအချို့မှ ဒေသခံများ ပိတ်မိနေ

သုတကျော် (NSS) - ဇွန် ၈

သံတွဲမြို့နယ်တွင် AA ဘက်မှစတင်ကာ တိုက်ပွဲများဖော်ဆောင်ပြီးနောက် တပ်မတော်နှင့် AA ကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ငပလီမြို့ အပါအဝင် ပင်လယ်ကမ်းနားကျေးရွာအချို့မှ ဒေသခံများပိတ်မိနေပြီး သံတွဲမြို့ပေါ်ကပင် ပစ်ခတ်သံများကို ကြားနေရကြောင်း ဒေသခံ အချို့ထံ NSS က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။ 


NSS က သိရှိအတည်ပြုနိုင်သည့် အချက်အလက်များအရ ငပလီမြို့ရှိ သံတွဲလေဆိပ်တွင်လည်း တိုက်ပွဲဖြစ်ပွားသည့် ပစ်ခတ်သံများကြားရသည့်အပြင် ဂေါ့တောင်ရွာ၊ ကွေ့ချောင်း၊ အလယ်ရွာစသည်ဖြင့် ကျေးရွာများဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း သိရသည်။ “ဂေါ့ နဲ့ ငပလီနဲ့ မကွာဘူးလေ။ အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်လာတော့ လူတွေက ထွက်လို့မရတော့ဘူး။ ထွက်လို့ရတာရယ်၊ ထွက် ထွက် ထွက် လို့ ပြောတဲ့အချိန်မှာရယ် မထွက်ပဲ ရွာမှာကျန်ခဲ့တာတွေ အားလုံးက ညပ်သွားတာ။ အခုချိန်ထွက်မယ့်အချိန်မှာ ဟိုဘက်ကလည်း ထွက်ခွင့်မပေးဘူး။ ဒီဘက်ကလည်း ထွက်ခွင့်မပေးဘူး။ ပြီးတော့ အစစ် အဆေးကများတာရယ်၊ မယုံသင်္ကာက များတာရယ်ကြောင့် သူတို့နေရာမှာ နေရင်းပိတ်မိသွားတာ။ သူတို့နေရာက လူတွေကထွက်လို့မရ။ ပြီးတော့ဟိုတယ်ဘက် ပုန်းအောင်းရင် ထွက်လို့ မရတာ ဖြစ်နေတာ။ အဓိက လာလို့မရတာ အဲဒီအနေအထားဖြစ်နေတာ။ အများကြီးပဲ။ ငပလီဘက်မှာဆိုလည်း ဟိုတယ်ဘက်ပိတ်မိသူတွေ။ ဂေါ့မှာဆိုလည်း ဟိုတယ်ဘက် ပိတ်မိသူတွေ၊ ရွာတွေဘက် ပိတ်မိသူတွေအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လင်းသာကျေးရွာ၊ မြပြင်ကျေးရွာ၊ ဂျိတ်တောကျေးရွာစသည်ဖြင့် ပင်လယ်ကမ်းနီးကျေးရွာများမှ ဒေသခံများလည်းပိတ်မိနေပြီး လက်ရှိတွင် ဆက်သွယ်ရခက်ခဲသည့် အခြေအနေကြောင့် အရေအတွက် မည်မျှပိတ်မိနေသည်ဆိုသောအချက်ကို ပြောနိုင်ခြင်း မရှိကြောင်း အထက်ပါ ဒေသခံကဆိုသည်။  “အခုဆိုရင် သံတွဲမြို့ပေါ်မှာ ကုန်းစျေးနှုန်းလည်း တက်နေတယ်။ ကြက်ဥတွေလည်းဈေးတက်တယ်။ စျေးထဲမှာလည်း ရောင်းမယ့်သူလည်း မရှိတော့တာ။ ပိုက်ဆံတတ်နိုင်တဲ့သူက ရန်ကုန်ဘက်လာတော့ သုံးချိုး နှစ်ချိုးလောက်က ရောင်းမယ့်သူ မရှိတော့ဘူး။ လက်ကျန်လောက်ပဲ ရှိတယ်။ တချို့တွေကလည်း ကြောက်လန့်ပြီး ဆိုင်တွေ လာမဖွင့်တော့ဘူး။ ရွာတွေမှာ တိုက်ပွဲဖြစ်တော့ ဟင်းသီးဟင်းရွက်လည်း လာမရောင်းတော့ လာရောင်းတဲ့ စျေးသည် တစ်သည်၊ နှစ်သည်ဆီက စျေးကြီးပေးပြီး ဝယ်နေရတဲ့ အနေအထားပါ” ဟု ၎င်းက ဆိုသည်။ 

လက်ရှိ တိုက်ပွဲဖြစ်ပွားသော နေရာများမှာ မြို့နှင့် ၇ မိုင်၊ ၅ မိုင် စသည်ဖြင့် အကွာနေရာများတွင် ဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားသည့် သေနတ်သံ၊ လက်နက်ကြီးသံများကို ကြားနေရကြောင်းလည်း အခြားဒေသခံတစ်ဦးက ဆိုသည်။ “မြို့ထဲမှာ စစ်ဘေးရှောင်တွေလည်း ကြားနေရတယ် ပြောတယ်။ ကျိန္ဆလီဘက်ကလည်း လက်နက်ကြီး ပစ်သံကြားရတယ်ပြောတယ်။ ဒေသခံတွေကသွားဖို့ အဆင်မပြေတော့ ဘယ်နားမှာတိုက်ပွဲဖြစ်တယ်ဆိုတာက ပြောမရဘူး။ နေ့ခင်းလောက်အထိ တိုက်ပွဲဖြစ်သံကို သံတွဲမြို့ပေါ်က ကြားရတယ်ပြောတယ်။ ငပလီဘက်မှာလည်း ပိတ်ပင်နေတဲ့ သူတွေရှိသေးတယ်လို့ ပြောတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။ 

လက်ရှိတွင် သံတွဲမြို့ပေါ်၌ အိမ်ငှားခအချို့လည်း မူလထက်စျေးထက်နေသည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။ “သံတွဲမှာ အိမ်ငှားခ စျေးတက်တယ် ဆိုတာက သူတို့ ရွာတွေ၊ တောင်ကုတ်ဘက်က လူတွေ သံတွဲမြို့ပေါ် တက်နေတယ်ပေါ့နော်။ ရှစ်သောင်း၊ တစ်သိန်း ဖြစ်တာ ရှိတယ်။ ဒါပေမဲ့ မြို့က လက်ရှိမှာ လျှပ်စစ်မီးမရတာလည်း ကြာပြီ။ အင်တာနက်လည်း ပြတ်နေတယ်။ အခု အမှန်အတိုင်းပြောရရင် သံတွဲမြို့ပေါ် တက်လာတာကလည်း ရန်ကုန်ကို ထွက်ဖို့အတွက် တက်လာကြတာ။ အခု လေယာဉ်က မဆင်းတော့ သူတို့က စောင့်နေတာ။ လေယာဉ်လက်မှတ်က ဝယ်ပြီးသား။ မြို့ပေါ်တက်ပြီး နီးစပ်ရာ အိမ်တွေ ငှားနေကြတာ။ ရန်ကုန်ကို ပြောင်းလာတဲ့ သူတွေရဲ့ အိမ်တွေမှာ လွတ်နေတယ်ဆိုရင် ငှားနေတယ်ပေါ့။ ဥပမာ ငါတို့ အခုဘယ်နှရက်နေတဲ့အတွက် တစ်သိန်းပေးမယ်၊ ရှစ်သောင်းပေးမယ်ဆိုပြီး နေကြတာ။ ရှစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းနှစ်သောင်းလောက်အထိ တက်သွားတယ်လို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် AA အနေဖြင့် သံတွဲမြို့ကို ရရှိရေးဦးတည်တိုက်ခိုက်နေသည်ဟု စစ်ရေး အကဲ ခတ်အချို့က သုံးသပ်ထားကာ အဆိုပါဒေသ၌ ဧပြီလ ၂၂ ရက်မှ စတင်ကာ တိုက်ပွဲများ ဖော်ဆောင်နေခြင်း ဖြစ်သည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုလသမဂ္ဂက အစ္စရေးအား ပဋိပက္ခအတွင်း ကလေးသူငယ်များကို အန္တရာယ်ပြုသည့် “အမည် ပျက်စာရင်း” တွင် ထည့်သွင်း

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved