Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံမှာရှိတဲ့ ဆေးရုံတစ်ခုမှာ မြန်မာနိုင်ငံသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

Pika (NSS) - ဇွန် ၈

ဇွန်လ(၆)ရက်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ Muang ခရိုင်မှာရှိတဲ့ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားလူနာတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုဟာ Khon Kaen ဆေးရုံရဲ့ အမျိုးသားခွဲစိတ်ကုသမှုအဆောက်အအုံမှာ ဖြစ်ပွားခဲ့တယ်လို့ Muang ခရိုင်ရဲမှူးချုပ် Yotsawat Kaewsuebthanyanit က ပြောကြားခဲ့ပါတယ်။


ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို ဇွန်လ(၆)ရက်နေ့ နံနက်(၁)နာရီအချိန်မှာအကြောင်း ကြားခဲ့တာလို့လည်း သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းဆေးပညာအရာရှိတွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ပြီးနောက် ငါးလွှာမှာရှိတဲ့အခန်းတစ်ခုအတွင်းမှာ ဦးခေါင်းမှာသေနတ်ဒဏ်ရာရရှိထားတဲ့ ကျော်စွာအောင် အသက်(၂၉)နှစ်ကို တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ထို့နောက် ဆေးရုံးဝန်ထမ်းတွေဟာ အရေးပေါ်ခွဲစိတ်ကုသမှုတွေလုပ်ဆောင်ဖို့အတွက် ကျော်စွာအောင်ကို အရေးပေါ်ခွဲခန်းကို ရွှေ့ခဲ့ပေမယ့်လည်း မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ၎င်းရဲ့ချစ်သူဖြစ်သူ ထိုင်းမိန်းကလေးက ကျော်စွာအောင်ဟာ ၎င်းရဲ့ကျောမှာ အကြိတ်တစ်ခုကို တွေ့ရှိပြီးနောက် ဇွန်လ(၅)ရက်နေ့မှာ ဆေးရုံတက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ဖို့စောင့်ဆိုင်းနေစဉ်အချိန်အတွင်း ယခုလိုသေနတ်နဲ့ပစ်သတ်ခံခဲ့ရတာလို့လည်း အဲဒီမိန်းကလေးက ပြောကြားခဲ့ပါတယ်။

၎င်းတို့နှစ်ဦးစလုံးဟာ Khon Kaen မြို့မှာရှိတဲ့ ငါးဖမ်းပိုက်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာအလုပ်လုပ်တာလို့လည်း သိရပါတယ်။ ၎င်းတို့နှစ်ဦးဟာ အချိန်(၄)နှစ်ကျော်ကြာ ချစ်ကြိုက်ခဲ့ပြီး အရှေ့မြောက်ပိုင်းပြည်နယ်မှာရှိတဲ့ အငှားခန်းတစ်ခုမှာ အတူတကွနေထိုင်ခဲ့ကြတာလို့လည်း သိရပါတယ်။ ကျော်စွာအောင်ဟာ ဘယ်သူနဲ့မှ ပြဿနာမရှိကြောင်းနဲ့ စက်ရုံတစ်ခုတည်းမှာ အလုပ်တူတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံကနေ ဘတ်(၁၂၀၀၀) ချေးယူခဲ့တာမျိုးပဲရှိတယ်လို့ အဲဒီမိန်းကလေးက ပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ ဧည့်သည်အဖြစ်ဟန်ဆောင်ပြီး ကျော်စွာအောင်ရဲ့ အခန်းနဲ့ပတ်သက်ပြီး သူနာပြုဆရာမတစ်ဦးကို မေးမြန်းခဲ့တယ်လို့ Yotsawat Kaewsuebthanyanit ကပြောကြားခဲ့ပါတယ်။ 

ထို့နောက်သေနတ်သမားဟာ ကျော်စွာအောင်ကို သေနတ်နဲ့ပစ်ပြီး ချက်ချင်းထွက်ပြေးခဲ့တယ်လို့ ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။ ၎င်းက 'ရဲတပ်ဖွဲ့ဟာ စီစီတီဗီမှတ်တမ်းတွေကို စစ်ဆေးနေပြီး သံသယရှိသူကို ရှာဖွေဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဓိကသံသယရှိသူကတော့ ဒီစက်ရုံမှာပဲ အလုပ်လုပ်ပြီး ပျောက်သွားတဲ့ မြန်မာနိုင်ငံသားတစ်ဦးပဲဖြစ်ပြီး ၎င်းက အခြားနေရာတစ်ခုကို ထွက်ပြေးသွားပုံပေါ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇင်ဘာဘွေသမ္မတက ရုရှားအား အမြဲတမ်းမဟာမိတ်အဖြစ် သတ်မှတ်ကြောင်း ကြေညာ

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved