Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးအား ပြစ်ဒဏ်ပေးရန် ကြိုးပမ်းနေသည့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

ALynn (NSS) - ဇွန် ၅

ဂါဇာတွင် အစ္စရေးခေါင်းဆောင်များကို စစ်ရာဇ၀တ်မှုဖြင့် စွဲချက်တင်ရန် စီစဉ်ထားသော အပြည်ပြည်ဆိုင်ရာရာဇ၀တ်မှုတရားရုံး (ICC) ကို အရေးယူရန် အမေရိကန်အောက်လွှတ် တော်က အင်္ဂါနေ့ (ဇွန်လ ၄ ရက်) တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ 


ICC ရှေ့နေ Karim Khan သည် အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့အပြင် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမက်စ်၏ ထိပ်တန်းခေါင်းဆောင် သုံးဦးအား ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခဲ့သည်။ အဆိုပါလျှောက်ထားချက်ကို တရားရုံးက အတည်မပြုသေးသော်လည်း အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များက ၎င်းအခြေအနေအမှန်တကယ်ဖြစ်မလာစေရန် ကြိုတင်တားဆီးမှုများ လုပ်ဆောင်နေသည်။ 

“အီရန်ရဲ့လက်ဝေခံ ဟားမက်စ်သူပုန်တွေကို ဆန့်ကျင်တိုက်ခိုက်နေချိန်မှာ အစ္စရေးဝန်ကြီး ချုပ် နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးတို့ကို ဖမ်းဝရမ်းထုတ်မယ်ဆိုတဲ့ အယူအဆက အသိ ဉာဏ် ကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်”ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် “ပြီးခဲ့တဲ့ရက်သတ္တပတ် နှစ်ပတ်လောက်က ကျွန်တော်ပြောခဲ့သလိုပဲ ICC က ဒီလုပ်ရပ်အတွက် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်”ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ICC အား အရေးယူရန်အဆိုကို ထောက်ခံမဲ ၂၄၇ မဲ၊ ကန့်ကွက် ၁၅၅ မဲဖြင့် အတည်ပြုခဲ့သည်။ ရီပတ်ဘလီကန်အမတ်အားလုံးနှင့် အစ္စရေးလိုလားသော ဒီမိုကရက် ၄၂ ဦးက ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။ ယင်းမှာ ဒီမိုကရက်ပါတီက ရီပတ်ဘလစ်ကန်ပါတီက တင်သွင်းသည့်  အဆိုပြုချက်ဖြစ်သောကြောင့်လည်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ Texas မှ ရီပတ်ဘလစ်ကန်အမတ် Chip Roy မှ ကမကထပြုတင်သွင်းသော ဥပဒေကြမ်းအဆိုအရ ICC အရာရှိများအပေါ် ခရီးသွားလာမှုနှင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို အမေရိကန်သမ္မတက ချမှတ်သွားမည်ဖြစ်ပြီး တရားရုံးက အမေရိကန်များ သို့မဟုတ် ၎င်းတို့၏မဟာမိတ်များကို စုံစမ်းစစ်ဆေးမှုရပ်ဆိုင်းပါက ၎င်းပိတ်ဆို့အရေးယူမှုများကို ရပ်တန့်ပေးသွားမည်ဖြစ် သည်။ ပိတ်ဆို့အရေးယူမှုများသည် အမေရိကန်၏ မဟာမိတ်အချို့အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း သတိပေးထားသည်။

အဆိုပါဥပဒေကြမ်းကို ထောက်ခံသူများက အမေရိကန်သည် အစ္စရေးနှင့်အတူ ရပ်တည်နေကြောင်း ကမ္ဘာကြီးဆီသို့ သတင်းစကား ပေးပို့နိုင်မည်ဟု ဖော်ပြထားသည်။ သို့သော် အထက် လွှတ်တော်ရှိ ဒီမိုကရက်များနှင့် သမ္မတဘိုင်ဒင်၏ ထောက်ခံမှုမရှိဘဲ ၎င်းမှာ ဥပဒေဖြစ်လာရန် လွယ်ကူမည်မဟုတ်ပါ။ ပြီးခဲ့သည့်နှစ်တုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ICC က ဖမ်းဝရမ်းထုတ်ခဲ့စဉ်က အမေရိကန်က ဝမ်းမြောက်စွာအားပေးခဲ့သော်လည်း ယခုအခါအစ္စရေးခေါင်းဆောင်များအပေါ် ICC က ထိုနည်းအတိုင်းပြုမူသည့်အခါ အမေရိကန်က ပြင်းပြင်းထန်ထန်ဆန့်ကျင်ဖို့ လုပ်လာသည်ကို တွေ့ရှိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝန်ကြီးချုပ်မိုဒီ၏ တတိယသက်တမ်းနှင့်အတူ ကမ္ဘာ့စင်မြင့်ထက်က အိန္ဒိယ၏ပုံရိပ်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved