Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်တရုတ်ပင်လယ် တင်းမာမှုအရှိန် ဆက်လက်ပြင်းထန်လာ

Htay Oung (NSS) - ဇွန် ၃

ပေကျင်းအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း သည်းခံနိုင်တဲ့အဆင့်ကို ကျော်လွန်ခြင်း မပြုရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သတိပေးခဲ့လိုက်တဲ့အတွက် နိုင်ငံများအကြား တင်းမာမှုတွေဟာ အရှိန်ဆက်လက်ပြင်းထန်လာနေတယ်လို့ BBC က ဇွန်လ ၃ ရက်က ရေးသားခဲ့ပါတယ်။

အကယ်၍ တရုတ်ရဲ့တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့် ဖိလစ်ပိုင်တစ်ဦး သေဆုံးခဲ့မယ်ဆိုရင် မနီလာအနေနဲ့ “စစ်ခင်းခြင်း အပြုအမူ” နဲ့ နီးစပ်တယ်လို့ မှတ်ယူရမှာဖြစ်ပြီး ဆီလျော်စွာ တုံ့ပြန်သွားမယ်လို့ သမ္မတ မားကို့စ် ဂျူနီယာက ပြောပါတယ်။ အမေရိကန်နဲ့ တရုတ် အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်တဲ့ စင်ကာပူနိုင်ငံ “လုံခြုံရေးဖိုရမ်” မှာ သောကြာနေ့ မားကို့စ်ဂျူနီယာက ယခုလိုသတိပေးလိုက်ခြင်း ဖြစ်ပါတယ်။


တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကတော့ ဖိလစ်ပိုင်ဟာ တရုတ်အပေါ် အပြစ်ပုံချဖို့ အပုပ်ချထိုးနှက်နေခြင်းသာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်ကိစ္စ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား ကာလကြာရှည်အငြင်းပွားမှုဟာ မကြာသေးမီလများအတွင်း ပြင်းထန်သော ထိပ်တိုက်တွေ့မှုများအဖြစ် အရှိန်မြင့် လာခဲ့ပါတယ်။ တရုတ်ကင်းလှည့်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများနဲ့ ထောက်ပံ့ရေးသင်္ဘောများကို ရေ အမြောက်များ အသုံးပြုပစ်ခတ်မှုနဲ့ပတ်သက်လို့ မနီလာက ခါးခါးသီး ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ပေကျင်းအနေနဲ့ မိမိတို့ရဲ့အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်က ရန်စမှုများပြုလုပ်နေ တယ်လို့ ထိပ်သီးအစည်းအဝေးမှာ တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲခဲ့ပါတယ်။ ဒီကိစ္စဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အမေရိကန်တို့အကြား ပဋိပက္ခတွေ တိုးလာမှာကို လေ့လာသူတွေက စိုးရိမ်နေ ကြပါတယ်။ ဖိလစ်ပိုင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ အရှေ့တောင်အာရှနိုင်ငံရဲ့ကာကွယ်ရေးအပေါ် ထိပါးလာမယ် ဆိုရင် အမေရိကန်အနေနဲ့ ပါဝင်ပတ်သက်ဖို့ ချည်နှောင်ထားပါတယ်။ ဒေသအတွင်း မဟာမိတ်များအပေါ် ကတိကဝတ်ရှိတဲ့အတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုနေပြီး  ပြီးခဲ့တဲ့လ ဖိလစ်ပိုင်၊ ဂျပန် တို့နဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပခြင်း အပါအဝင် ပိုမိုနီးကပ်လာကြောင်း တွေ့မြင်နေရပါတယ်။

သောကြာည စင်္ကာပူ ရှန်ဂရီလာဆွေးနွေးပွဲမှာ မားကို့စ်ဂျူနီယာက အဖွင့်မိန့်ခွန်းပြောကြားသွားပါတယ်။ ဒီနေရာ မှာ “တရုတ်ရေအမြောက်လက်ချက် နဲ့ ဖိလစ်ပိုင်စစ်သားတစ်ဦးဦး သေဆုံးခဲ့ရင် ဘယ်လိုလုပ်မလဲ” လို့ ကိုယ်စားလှယ်တစ်ဦးက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအတွက် ဖိလစ်ပိုင်တစ်ဦးဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ် တယ်ဆိုရင်တော့ စစ်ပွဲတစ်ခုအဖြစ် ရှု့မြင်ရတော့မှာပဲလို့ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြန်လည်ဖြေဆိုပါတယ်။ အမေရိကန်-ဖိလစ်ပိုင်စာချုပ်ကို အသက်သွင်းရတော့မှာ ဖြစ်ပြီး မကြာသေးမီအထိ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများမှာ ဖိလစ်ပိုင်နိုင်ငံသားများ ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံတဲ့အထိ တစ်ဦးမျှ မရှိသေးဘူးလို့ ဆိုပါတယ်။

မားကို့စ်ဂျူနီယာရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ခုချိန်ထိ ဖိလစ်ပိုင်နိုင်ငံသား ဒဏ်ရာရရှိပေမယ့် သေဆုံးတဲ့အထိ တစ်ယောက်မျှ မရှိသေးကြောင်း တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက BBC ရဲ့မေးခွန်းကို ပြန်လည်ဖြေ ဆိုပါတယ်။ တကယ်လို့ သေဆုံးတဲ့အထိ ဖြစ်လာရင်တော့ အလွန်ဆိုးရွားတဲ့ အခြေအနေတစ်ခုဖြစ်လာဖွယ်ရှိတယ် လို့ ယုံကြည်ကြောင်း၊ လူတစ်ယောက်ယောက်ကို မတော်မဆသတ်ဖြတ်တဲ့နည်းနဲ့ စစ်ပွဲစတင်မယ်လို့ သူ မထင်မှတ်ကြောင်း မှတ်ချက်ပေးပါတယ်။ 

ရှန်ဂရီလာ ဆွေးနွေးပွဲ မားကို့စ်ဂျူနီယာ မိန့်ခွန်းပြောကြားအပြီး နာရီပိုင်းအကြာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်အလှည့်မှာတော့ "ဖိလစ်ပိုင် ကြုံတွေ့နေရတဲ့ နှောင့်ယှက်မှုတွေဟာ အန္တရာယ်များ ရိုးရှင်းပြီး ပေါ်ထင်ကြီးဖြစ်နေတယ်" လို့ ဆိုပါတယ်။ မားကို့စ်ဂျူနီယာပြောဆိုချက်အပေါ် အမေရိကန်က ဘယ်လိုတုံ့ပြန် မလဲလို့မေးတဲ့အခါ ဖိလစ်ပိုင်နဲ့စာချုပ်အပေါ် ကတိကဝတ်အတိုင်း အံဝင်ခွင်ကျဖြစ်နေပေမယ့် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို သူအနေနဲ့ ခန့်မှန်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သို့သော် ဆွေးနွေးမှုများကို ဆက်လက်တိုးမြှင့်ပြုလုပ်ပြီး ရေပြင် ဝေဟင်မှာ လွတ်လပ်စွာ မောင်းနှင်သွားလာခွင့်ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မလိုအပ်ဘဲ ထိန်းချုပ်မှုအောက် မောင်းသွင်းလိုက်ရသလိုမျိုး  မဖြစ်စေ လိုကြောင်း၊  တရုတ်နဲ့ စစ်ပွဲ ဒါမှမဟုတ် ဘယ်လိုစစ်ပွဲဆိုတာ အလားအလာမရှိပေမယ့် သူ့အမြင်အရ ရှောင်လွဲလို့ မရနိုင်တာလည်း ရှိနိုင်ကြောင်း ရှင်းပြပါတယ်။

ရှန်ဂရီလာဆွေးနွေးပွဲတက်ရောက်လာသူများမှာ အာရှတိုက်မှ ကိုယ်စားလှယ်အများစု ပါဝင်နေပါတယ်။ ယူကရိန်း နဲ့ ဂါဇာမှာ ပဋိပက္ခများဖြစ်ပွားနေတယ် ဆိုပေမယ့် အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ရဲ့ ကတိကဝတ်က ဆက်လက် တည်မြဲလျက်ရှိပုံကို လွိုက်အော်စတင်က အလေးပေးပြောပြပါတယ်။

စစ်ရေးလေ့ကျင့်မှု၊ သဘောတူညီချက်များနဲ့ အမေရိကန်တပ်များ တပ်စွဲထားရှိမှုတို့မှတစ်ဆင့် အာရှနိုင်ငံအသီး သီးတို့ရဲ့ကာကွယ်ရေးကို တည်ဆောက်ပုံတို့ကို ဖော်ပြလိုက်ပြီး အာရှလုံခြုံမှသာလျှင် အမေရိကန်က လုံခြုံနိုင် တယ်လို့ ဆိုပါတယ်။

အမေရိကန် မဟာဗျူဟာရဲ့အဓိက အစိတ်အပိုင်းတစ်ခုက ဖိလစ်ပိုင်စစ်တပ်ကို အင်အားဖြည့်တင်းခြင်းဖြစ်ပါ တယ်။ အမေရိကန်နဲ့ နှစ်လရှည်ကြာ ကာကွယ်ရေး လမ်းပြမြေပုံမှာ စူပါပါဝါ ဒရုန်းများ စေလွှတ်ခြင်း၊ စစ်ဘက်ဆိုင် ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်များနဲ့ ကာကွယ်ရေး စနစ်များကို မြင်တွေ့လာရပါတယ်။ အင်ဒို-ပစိ ဖိတ်ဒေသရှိ မဟာမိတ်များအတွက် အဆိုပြုထားတဲ့ အမေရိကန်ရဲ့စစ်ရေးအကူအညီပမာဏအများစုကို ဖိလစ်ပိုင်က သိမ်းကြုံး ရယူဖွယ် ရှိနေပါတယ်။

စစ်ရေးအသုံးစရိန် မြှင့်တင်ထားတဲ့ ဖိလစ်ပိုင်ဟာ အိန္ဒိယထံမှ ဒုံးကျည်များကိုလည်း ဝယ်ယူခဲ့ပါတယ်။ ရှန်ဂရီ လာ ဒိုင်ယာလော့ ကျင်းပနေခိုက် လွိုက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်တို့ ဆွေးနွေးပွဲဟာ တရုတ်-ဖိလစ်ပိုင် တင်းမာမှုပြဿနာအကြောင်းအရောက် စောစောစီးစီးပဲ ပြတ်တောက်သွားခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ ပြင်ပအင်အားကြီးများရဲ့ထောက်ခံအားပေးမှုကို ရယူပြီး ရဲဆေးတင်နေကြောင်း၊ အငြင်းပွား စက္ကင်း သောမတ်စ်ရှိုး စည်းတိမ်ရေပြင်ကိစ္စမှာ သူကိုယ်တိုင်ပေးခဲ့တဲ့ကတိများကို ဖောက်ဖျက်ပြီး ရှေ့တန်းစစ်စခန်း ထူထောင်ခြင်းဖြင့် ရန်စနေတယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဝါရှင်တန်-မနီလာပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်က ဖိလစ်ပိုင်ကို တာလတ် ပစ် ဒုံးကျည်စနစ်ပေးပို့မှုကိုလည်း ကန့်ကွက်ခဲ့ပြီး ဒီကိစ္စဟာ ဒေသတွင်းလုံခြုံရေးအပေါ် အမှန်တကယ် ခြိမ်း ခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ရော တရုတ်နှစ်နိုင်ငံစလုံးတို့ဟာ ပဋိပက္ခကို ရှောင်ရှားဖို့ အတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာရန် စိတ်အားထက်သန်လျက်ရှိကြောင်း အမူအယာပြသနေကြပါတယ်။

၂ဝ၂၂- ခုနှစ် ထိုစဉ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ နန်စီပယ်လိုစီရဲ့ထိုင်ဝမ်ခရီးစဉ်အပြီး  တရုတ်နဲ့ ပြတ်တောက်ခဲ့ရတဲ့စစ်ဘက်ဆိုင်ရာတပ်မှူးများအကြား တယ်လီဖုန်းဆက်သွယ်မှုတွေကို ပြန်လည် စတင်ရန် လုပ်ဆောင်နေတယ်လို့ အမေရိကန်က ပြောပါတယ်။ ဝါရှင်တန်ရဲ့ကမ်းလှမ်းချက်ဟာ ဒေသတွင်း တည်ငြိမ်ရေး အတွက် အပြုသဘောဆောင်ပြီး လက်တွေ့ကျကြောင်း တရုတ်-အမေရိကန်ဆက်ဆံရေး နောက်တစ်ကြိမ် ပျက်စီးယိုယွင်းရတဲ့အဖြစ်မှ တည်တည်ြငိမ်ငြိမ်ဖြစ်သွားတယ်လို့ တရုတ်စစ်တပ်ပြောရေးဆိုခွင့် ရှိသူက သတင်းထောက်များကို ရှင်းပြပါတယ်။

#တရုတ်ဖိလစ်ပိုင်တင်းမာမှုအရှိန်မြင့်တက် #စက္ကင်းသောမတ်စ်ရှိုး #ရှန်ဂရီလာဒိုင်ယာလော့ #သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ #လွိုက်အော်စတင် #တရုတ်ကာကွယ်ရေးဝန်ကြီး_ဒေါင်ဂျွန်

(BBC., 1 June 2024,” Philippine president warns China against 'acts of war'” ကို #HtayOung #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးခရီးသွားများအား မော်လ်ဒိုက်အစိုးရ တားမြစ်ပိတ်ပင်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved