တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ စည်းမျဉ်းအသစ်တွေက စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတဝေဖန်ပြောဆို
Pika (NSS) - မေ ၃ဝ
တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံခြားသားတွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေ ဖြစ်စေနိုင်တဲ့တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖော်ပြထားတဲ့စည်းမျဉ်းအသစ်တွေဟာ တင်းမာမှုတွေကို အရှိန်မြင့်လာစေနိုင်ပြီး စိုးရိမ်စရာကိစ္စတစ်ခုဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက မေလ(၂၉)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအပြင် အခြားနိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံဟာ ၂၀၂၁ ခုနှစ် ကမ်းခြေစောင့်ဥပဒေကို ပြဌာန်းပြီး ပိုင်နက်ကျူးလွန်တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသွားတွေကို ဖမ်းဆီးခွင့်ပြုမယ့် လာမယ့်ဇွန်လ(၁၅)ရက်နေ့မှာစတင် အသက် ဝင်မယ့် စည်းမျဉ်းအသစ်တွေကို ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဖာဒီနန်မားကို့စ်ဂျူနီယာက 'ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်တဲ့ မူဝါဒအသစ်တွေက လုံးဝကိုကွဲပြားပါတယ်။ အဲဒီမူဝါဒအသစ်တွေကို တင်းမာမှုအခြေ အနေတွေကို ပိုမိုအရှိန်မြင့်လာစေပါတယ်'လို့ ပြောဆိုထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေကို ရပ်တန့်ဖို့နဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်ငါးဖမ်းသမားတွေကို ငါးဖမ်းခွင့်ပေးဖို့အတွက် အဆက်အသွယ်တွေ အားလုံးကို အသုံးပြုသွားမယ်လို့ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားခဲ့ပါ့တယ်။ ၎င်းက 'တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို စီမံခန့်ခွဲပြီးပြီဆိုရင် ကျွန်တော်တို့အားလုံး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စီးပွားရေးတွေ ဆက်လက်လုပ်ဆောင်နိုင်မှာပါ'လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တောင်တရုတ်ပင်လယ်အတွင်းမှာဖြစ်ပွားနေတဲ့ ရေပိုင်နက်အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းအသစ်တွေဟာ တရားဥပဒေစိုးမိုးရေးကို စံပြုဖို့နဲ့ ရေကြောင်းဆိုင်ရာအမိန့်တွေကို ပိုမိုကောင်းမွန်စေဖို့အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ(၂၉)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က'တရားမဝင်တဲ့ အပြုအမူလုပ်ရပ်တွေ မရှိသရွေ့ ဘယ်လူပုဂ္ဂိုလ်၊ဘယ်အဖွဲ့အစည်းကမှ ဒီစည်းမျဉ်းအသစ်တွေကို စိုးရိမ်နေစရာမလိုပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၌တည်ထောင်ထားသည့် စက်မှုရပ်ကွက်(၅)ခုကို အဆင်မြှင့်တင်နိုင်ရေးအတွက် ဥပဒေနှင့်မကိုက်ညီသည့်အချက်များကို ပြန်လည်ပြင်ဆင်ထိန်းကျောင်းသွားမည်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း