ယူကရိန်းပဋိပက္ခကို တစ်ကမ္ဘာလုံးက ဆက်လက်အာရုံစိုက်ထားကြဖို့ သမ္မတဇီလန်စကီးတိုက်တွန်း
Pika (NSS) - မေ ၂၉
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို ဆက်လက်အာရုံစိုက်ကြဖို့ မေလ(၂၈)ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ယူကရိန်းသမ္မတဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲက အချိန်(၂)နှစ်ကျော်လာတာနဲ့အမျှ ယူကရိန်းနိုင်ငံဟာ အနောက်အုပ် စုရဲ့စစ်လက်နက်ပစ္စည်းပေးပို့မှု နှောင့်နှေးမှုတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ ယူကရိန်းပဋိပက္ခကို ဆက်လက်အာရုံစိုက်ထားကြဖို့ ဇီလန်စကီးက ၎င်းရဲ့မိတ်ဖက်တွေကို တွန်းအားပေးနေတယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးက 'ကမ္ဘာကြီးက ယူကရိန်းပဋိပက္ခကို လျစ်လျူမရှုလိုက်ဖို့က တကယ်အရေးကြီးပါတယ်။ ရုရှားကကျူးကျော်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တဲ့စစ်ပွဲကို လျစ်လျူရှုထားလို့မရဘူးဆိုတာ ကမ္ဘာကြီးကနားလည်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးဟာ ဥရောပနိုင်ငံတွေရဲ့ မြို့တော်အများအပြားကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ပေါ်တူဂီမြို့မှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ၎င်းက"ဒီလိုမှမဟုတ်ရင် တရားမျှတမှုရှိလာမှာမဟုတ်တော့ပါဘူး။ ပြီးရင် ကမ္ဘာကြီးကပြောင်းလဲသွားပါလိမ့်မယ်။ ကမ္ဘာကြီးက ရုရှားသမ္မတပူတင်လိုမျိုးလူတွေရဲ့ ပြောင်းလဲမှုကို ခံရပါလိမ့်မယ်'လို့ပြောဆိုခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ယူကရိန်းနဲ့ပေါ်တူဂီတို့ဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကချင်ပြည်နယ်ထွက် မြေရှားသတ္တုကို တရုတ်သို့တင်ပို့မှု အကြီးအကျယ် မြင့်တက်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း