ဘာကီနာဖာဆိုတွင် စစ်အုပ်ချုပ်ရေးကို ငါးနှစ်သက်တမ်းတိုး
ALynn (NSS) - မေ ၂၇
အမျိုးသားအဆင့် ဆွေးနွေးပွဲများပြီးဆုံးပြီးနောက် ဘူကီနာဖာဆို၏ စစ်ခေါင်းဆောင်များ သည် ဇူလိုင်လမှစပြီး လပေါင်း ၆၀ အထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို သက်တမ်းတိုးသွားမည်ဖြစ်သည့်အတွက် နောက်ထပ်ငါးနှစ်ကြာအထိ အာဏာကို ဆက်လက်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုထားသော ပဋိညာဉ်စာတမ်းသစ်ပါ ဖော်ပြချက်များအရ သိရသည်။
"အကူးအပြောင်းကာလကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်မှစ၍ လပေါင်း ၆၀ အထိ သတ်မှတ် ထားကြောင်း” အမျိုးသားညီလာခံ လုပ်ငန်းစဉ်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ Colonel Moussa Diallo က ဆွေးနွေးပွဲအပြီး စနေနေ့ (မေလ ၂၅ ရက်)တွင် ပြောကြားခဲ့သည်။
စနေနေ့အစောပိုင်းက စတင်ခဲ့သည့် နှစ်ရက်ကြာ အမျိုးသားညီလာခံဆွေးနွေးပွဲအပြီးတွင် ပဋိဉာဉ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတွင် နိုင်ငံရေးအကြမ်းဖက်မှုများကြောင့် တုန်လှုပ်ခြောက်ခြား ခဲ့ရသော ပြည်တွင်း၌ အရပ်သားအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရန် လမ်းစကို ပုံဖော်ပေးထား ကြောင်းသိရသည်။ စစ်တပ်က ၂၀၂၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်အတွက် ယခုနှစ် ဇူလိုင်လတွင် ရွေးကောက်ပွဲကျင်းပရန် ကတိပြုထား သော်လည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ပဋိညာဉ်စာတမ်းသစ်အရ ရွေးကောက်ပွဲကျင်းပသည့်အခါ စစ်ခေါင်းဆောင် Ibrahim Traore သည် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် လွှတ်တော်တွင် အစဉ် အလာပါတီများ၏ နေရာများကို သတ်မှတ်ခွဲတမ်းများဖြင့် ခွဲဝေခြင်းစနစ်ကိုလည်း ကျင့်သုံးတော့ မည်မဟုတ်ပါ။ ယင်းအစားကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် “မျိုးချစ်စိတ်” အား တစ်ခု တည်းသောစံနှုန်းအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလ အစည်း အဝေးတွင်ပါဝင်ခဲ့သော အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံရေး ပါတီအများအပြားက သပိတ်မှောက်ခဲ့ကြသည်။
ပြီးခဲ့သော လေးနှစ်အတွင်း အာဏာသိမ်းမှု ရှစ်ကြိမ်ဖြစ်ပွားခဲ့သည့် အနောက်နှင့် ဗဟိုအာဖရိက ဒေသတွင် ဒီမိုကရေစီစံနှုန်းများလျော့ကျနေပြီး ရွေးကောက်ပွဲကျင်းပရန်နှောင့်နှေးမှုသည် စိုးရိမ်မှု များကို ပိုမိုနက်ရှိုင်းလာစေသည်။ ဘာကီနာဖာဆိုတွင် လက်နက်ကိုင်အဖွဲ့များသည် ၂၀၁၅ ခုနှစ်ကတည်းက ပုန်ကန်မှုများ ဆင်နွှဲနေပြီး ထောင်နှင့်ချီသော လူသန်းပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။ နိုင်ငံတွင်းရှိ စစ်တပ်အစိုးရသည် ၎င်းလုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန် ရုန်းကန်နေရသည်။ အစိုးရသည် ကိုလိုနီခေတ်ဟောင်း ပြင်သစ်နှင့် စစ်ရေးအရ ဆက်ဆံမှု ဖြတ်တောက်ခဲ့ပြီး လုံခြုံရေး အထောက်အပံ့အတွက် ရုရှားဘက်သို့ လှည့်ခဲ့သည်။ ယခုအခါ ဘာကီနာဖာဆို၏ နယ်မြေတစ်ဝက်ခန့်မှာ အစိုးရထိန်းချုပ်မှု၏ ပြင်ပတွင်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်နေသူ(၁၆)ဦးကို ဗဟိုဘဏ်အရေးယူ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း