အိုင်ယာလန်၊ စပိန် နဲ့ နော်ဝေးနိုင်ငံတို့ရဲ့သံအမတ်ကြီးတွေကိုခေါ်ယူပြီး အစ္စရေးအစိုးရ သတိပေး
ဂျန်ဇက် (NSS) - မေ ၂၃
အစ္စရေးအစိုးရဟာ အိုင်ယာလန်၊ စပိန် နဲ့ နော်ဝေနိုင်ငံတို့က သံအမတ်ကြီးတွေကို ခေါ်ယူသတိပေးလိုက်ကြောင်း သိရပါတယ်။ အိုင်ယာလန်၊ နော်ဝေးနဲ့ စပိန်နိုင်ငံတို့ဟာ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြုခြင်းများ ရှိလာခဲ့ပြီးနောက် အစ္စရေးအစိုးရက ခေါ်ယူတွေ့ဆုံသတိပေးခဲ့ခြင်းဖြစ်ပါတယ်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေချိန်မှာ အဆိုပါ သုံးနိုင်ငံကို နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပြီး အစ္စရေးအစိုးရက ဆုံးဖြတ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
အစ္စရေး နဲ့ ပါလက်စတိုင်းတို့ကို သီးခြားနှစ်နိုင်ငံရပ်တည်ရေးဆိုတဲ့ အဆိုပြုချက်တွေ ထွက်ပေါ်နေပြီး အစ္စရေး အစိုးရက အဲဒီအဆိုပြုချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ယင်း သုံးနိုင်ငံရဲ့ သံအမတ်ကြီးတွေကို ခေါ်ယူတွေ့ဆုံရာမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ အကြမ်းဖက် သမားတွေကို ဆုပေးသလိုမျိုးဖြစ်စေခဲ့ပြီး ဆိုးရွားတဲ့အကျိုး ဆက်တွေရင်ဆိုင်ရမယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်အစိုးရကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် တစ်ဖက်သတ်အသိအမှတ်ပြုခြင်းကို ကန့်ကွက်ငြင်းဆန်ထားသလို ပြင်သစ်အစိုးရကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရမယ့်အချိန် မဟုတ်သေးကြောင်း ပြောဆိုထားပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းနဲ့ အစ္စရေး နှစ်နိုင်ငံ သီးခြားရပ်တည်ရေး အဆိုပြုချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ စပိန်၊ နော်ဝေး နဲ့ အိုင်ယာလန်နိုင်ငံတို့ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် ဆက်လက်အသိအမှတ်ပြုမယ်ဆိုရင်တော့ သံတမန်ရေးဆက်ဆံမှုပိုင်းနဲ့ပတ်သက်ပြီး အခက်အခဲတွေဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ အစ္စရေးအစိုးရက သတိပေးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးစရိတ်ချေးငွေ အကျေပေးဆပ်ပြီးသူများကို ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ